စီရော်နယ်ဒိုဝင်ကစားမှ မန်ယူက ပိုကောင်းတာဆိုတဲ့ ဒါလော့

မန်ယူအသင်းဟာ သူ့နဲ့ တစ်နိုင်ငံတည်းသား စီရော်နယ်ဒို ပါဝင်လာတဲ့အခါ ပိုပြီးကောင်းတဲ့အသင်း ဖြစ်လာတယ်လို့ ယူနိုက်တက် နောက်ခံလူ ဒါလော့က ပြောဆိုလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ စပါးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နည်းပြတန်ဟတ်ကို အာဏာဖီဆန်ခဲ့တာကြောင့် ပြီးခဲ့ တဲ့ တစ်ပတ်လုံး မန်ယူအသင်းနဲ့ ကင်းကွာနေခဲ့ရတဲ့

ကစားသမားပါ။ ဒါပေမဲ့ ရှရစ်ဖ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ပွဲအစကတည်းက ပါဝင်ကစားပေးခဲ့ပြီး တိုက်စစ်ရော ကွင်းလယ်ကိုပါ

ဖြန့်ကျက်ကစားပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ဆယ်စုနှစ် ၂ ခုနီးပါး ကျင်လည်ခဲ့တဲ့ စီရော် နယ်ဒိုရဲ့ အတွေ့အကြုံတွေကြောင့်

သူကိုယ်တိုင် ဝင်ကစားပေးတဲ့အခါ မန် ချက်စတာကလပ်ဟာ ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာတယ်လို့ ဒါလော့က မှတ်ချက်ပြုခဲ့တာပါ။ ‘’စီရော်နယ်ဒို ပါလာလို့ ကျွန်တော်တို့

အရမ်း ပျော်ခဲ့ရတယ်။ မနေ့တုန်းကဆိုရင်လည်း သူဂိုး သွင်းနိုင်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းကနေ အခုထိ သူလုပ်နေခဲ့တဲ့ အလုပ်မျိုးပါ။ အသင်းနဲ့အတူ သူ

ဝင်ကစားပေးတဲ့အခါတိုင်းမှာ သူက ကျွန်တော်တို့ကို ကူ ညီပေးတယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာတယ်။ သူဒီမှာ ရှိနေတာကြောင့်

ကျွန်တော်တို့ ပျော်ရတာပေါ့’’ လို့ မန်ယူ ညာနောက် ခံလူက Sky Sport ကို ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး စပါးနဲ့ ပွဲစဉ်မှာ စီရော်နယ်ဒို ကွင်းထဲကနေ ထွက်သွားခဲ့တဲ့

လုပ်ရပ်အပေါ် မန်ယူအဝတ်လဲခန်း ထဲမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာမျိုး ရှိပေမယ့်လည်း ဒီကိစ္စ တွေကို အတွင်းရေးအဖြစ် ထားရှိရမှာဖြစ်ပြီး

အဝတ်လဲခန်းထဲမှာပဲ သိမ်းထားသင့်တယ်လို့ ဒါလော့က သတိပေးခဲ့ပါတယ်။ ‘’အရှင်းဆုံးပြောရရင်တော့ ဖြစ်ပျက်နေသမျှ အရာအားလုံးက ကိုယ်ပိုင်သီးသန့် အမြင်တွေဖြစ်တယ်။

ဒါကို ကျွန်တော်တို့ အတွင်းရေးအဖြစ် သိမ်းထားချင်ပါတယ်။ ကျွန်တော်တို့လို စုဖွဲ့ မှုရှိတဲ့ အသင်းတစ်သင်းအနေနဲ့ ဒီလိုမျိုးပဲ ဖြစ်သင့်ပါတယ်’’ လို့ သောကြာနေ့မှာ ဒါလော့က ပြောဆိုခဲ့ပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုဝင္ကစားမွ မန္ယူက ပိုေကာင္းတာဆိုတဲ့ ဒါေလာ့

မန္ယူအသင္းဟာ သူ႔နဲ႔ တစ္ႏိုင္ငံတည္းသား စီေရာ္နယ္ဒို ပါဝင္လာတဲ့အခါ ပိုၿပီးေကာင္းတဲ့အသင္း ျဖစ္လာတယ္လို႔ ယူႏိုက္တက္ ေနာက္ခံလူ ဒါေလာ့က ေျပာဆိုလိုက္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ စပါး နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ နည္းျပတန္ဟတ္ကို အာဏာဖီဆန္ခဲ့တာေၾကာင့္ ၿပီးခဲ့ တဲ့ တစ္ပတ္လုံး မန္ယူအသင္းနဲ႔ ကင္းကြာေနခဲ့ရတဲ့

ကစားသမားပါ။ ဒါေပမဲ့ ရွရစ္ဖ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ ပြဲအစကတည္းက ပါဝင္ကစားေပးခဲ့ၿပီး တိုက္စစ္ေရာ

ကြင္းလယ္ကိုပါ ျဖန႔္ က်က္ကစားေပးႏိုင္ခဲ့သလို ကိုယ္တိုင္လည္း တစ္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဥေရာပ ေဘာလုံးဇာတ္ခုံေပၚမွာ ဆယ္စုႏွစ္ ၂ ခုနီးပါး က်င္လည္ခဲ့တဲ့

စီေရာ္ နယ္ဒိုရဲ႕ အေတြ႕အႀကဳံေတြေၾကာင့္ သူကိုယ္တိုင္ ဝင္ကစားေပးတဲ့အခါ မန္ ခ်က္စတာကလပ္ဟာ ပိုေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္လာတယ္လို႔ ဒါ ေလာ့က မွတ္ခ်က္ျပဳခဲ့တာပါ။

‘’စီေရာ္နယ္ဒို ပါလာလို႔ ကြၽန္ေတာ္တို႔ အရမ္း ေပ်ာ္ခဲ့ရတယ္။ မေန႔တုန္းကဆိုရင္လည္း သူဂိုး သြင္းႏိုင္ခဲ့တယ္။ ဒါက ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္းကေန

အခုထိ သူလုပ္ေနခဲ့တဲ့ အလုပ္မ်ိဳးပါ။ အသင္းနဲ႔အတူ သူ ဝင္ကစားေပးတဲ့အခါတိုင္းမွာ သူက ကြၽန္ေတာ္တို႔ကို ကူ ညီေပးတယ္။ ကြၽန္ေတာ္တို႔က ပိုေကာင္းတဲ့

အသင္းတစ္သင္း ျဖစ္လာတယ္။ သူဒီမွာ ရွိေနတာေၾကာင့္ ကြၽန္ေတာ္တို႔ ေပ်ာ္ရတာေပါ့’’ လို႔ မန္ယူ ညာေနာက္ ခံလူက Sky Sport ကို ေျပာဆိုသြားခဲ့ပါတယ္။

ေနာက္ၿပီး စပါးနဲ႔ ပြဲစဥ္မွာ စီ ေရာ္နယ္ဒို ကြင္းထဲကေန ထြက္သြားခဲ့တဲ့ လုပ္ရပ္အေပၚ မန္ယူအဝတ္လဲခန္း ထဲမွာ တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနၾကတာမ်ိဳး ရွိေပမယ့္လည္း

ဒီကိစၥ ေတြကို အတြင္းေရးအျဖစ္ ထားရွိရမွာျဖစ္ၿပီး အဝတ္လဲခန္းထဲမွာပဲ သိမ္း ထား သင့္တယ္လို႔ ဒါေလာ့က သတိေပးခဲ့ပါတယ္။ ‘’အရွင္းဆုံးေျပာရရင္ေတာ့

ျဖစ္ ပ်က္ေနသမွ် အရာအားလုံးက ကိုယ္ပိုင္သီးသန႔္ အျမင္ေတြျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ အတြင္းေရးအျဖစ္ သိမ္းထားခ်င္ပါတယ္။ ကြၽန္ေတာ္တို႔လို စုဖြဲ႕ မႈရွိတဲ့

အသင္းတစ္သင္းအေနနဲ႔ ဒီလိုမ်ိဳးပဲ ျဖစ္သင့္ပါတယ္’’ လို႔ ေသာၾကာေန႔မွာ ဒါေလာ့က ေျပာဆိုခဲ့ပါတယ္။