စီရော်နယ်ဒိုရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က နေ့ဘက်မှာ ၅ မှေးလောက် အိပ်တာပါတဲ့

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း အကြိမ်ကြိမ်အလီလီ ဆွတ်ခူးထားတယ်ဆိုတာ အားလုံးသိကြပြီးသားပါ။

ဒါ့အပြင် ဘောလုံးလောကမှာ အောင်မြင်မှုအရှိဆုံး ကစားသမားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ အသက် ၃၇ နှစ်အရွယ်ကိုရောက်နေပေမယ့် ထိပ်တန်းခြေစွမ်းကို ပိုင်ဆိုင်ထားသလို အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အောင်မြင်မှုတွေရဖို့အတွက် အကြောင်းအရင်းများစွာတွေထဲကမှ အချက်တစ်ချက်ကတော့ မျက်ဝါးထင်ထင် ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒါကတော့ စီရော်နယ်ဒိုဟာ နေ့အချိန်မှာ မိနစ် ၉၀ စီ ၅ မှေး အိပ်စက်တာပဲ ဖြစ်ပါတယ်တဲ့။

ရီးရဲလ်မှာရှိနေစဉ်တုန်းက သူနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးတဲ့ နစ်လစ်တဲဟဲလ်စ်ဆိုတဲ့ အိပ်ရေးနဲ့ပတ်သက်တဲ့ နည်းပြက အင်ဒီပန်းဒန့် သတင်းစာနဲ့ အင်တာဗျူးမှာ အခုလိုမျိုး ပြောဆိုခဲ့တာပါ။ စီရော်နယ်ဒိုဟာ သန္ဓေသားလောင်းပုံစံနဲ့ အိပ်ပြီး

အဲဒီလို ကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် အကျိုးကျေးဇူးရရှိမှုတွေကို စွဲလမ်းနှစ်သက် သူဖြစ်တယ်လို့ သိရပါတယ်။ ‘’ခင်ဗျားသာ ဆွေးနွေးတဲ့အခန်းထဲမှာ ရှိနေမယ် ဆိုရင် သူဟာ ထလာပြီးတော့ ခင်ဗျား ဘာပြောနေသလဲဆိုတာကို သူမေး တယ်ဆိုတာ

စီရော်နယ်ဒိုနဲ့ အလုပ်တွဲပြီး လုပ်ဖူးတဲ့သူတိုင်း သိပါတယ်။ ၂၀၁၃ ခုနှစ်မှာ နည်းပြအန်ဆလော့တီ ရှိနေချိန်တုန်းက ကျွန်တော် ဖိတ် ကြားခံခဲ့ရပါတယ်။ လေ့ကျင့်ကွင်းရဲ့ အစွန်ဘက်မှာ ကျွန်တော် ရပ်နေခဲ့ တာပါ။ ရီးရဲလ်ဝန်ထမ်းတွေကို စကားပြောနေခဲ့တာပေါ့လေ။

စီရော်နယ်ဒိုက ပြေးလာတယ်ဗျ။ သူက တစ်နေကုန် လေ့ကျင့်ထားပြီးပြီ။ အဝတ်လဲခန်းထဲ သွားပြီး ရေချိုးလိမ့်မယ်လို့ ခင်ဗျား ထပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူက ကျွန် တော်တို့ ဆွေးနွေးနေတာကို လာမေးတယ်ဗျ။ ကျွန်တော် ပြောနေတာတွေ ကို သူ စိတ်ဝင်စားနေတာ။

ဘာကြောင့်လဲဆိုတော့ သူက အားကစားသမား တစ်ယောက်အနေနဲ့ သူ့ဘဝကို ရင်းနှီးမြုပ်နှံထားလို့ပါ။ သူနဲ့ပတ်သက်ပြီး ကျွန်တော် သိလိုက်ရတာက သူဟာ ပေါ်ပင် အစားရှောင်တာတွေ စိတ်မ ဝင်စားဘူး။ တခြားသူတွေကို ပုံတူကူးချတာ စိတ်မဝင်စားဘူး။ သူစိုးရိမ်တာ က သူ့အတွက် အလုပ်ဖြစ်မလားဆိုတာကိုပဲ’’ လို့ နစ်က ပြောဆိုသွားခဲ့ပါ တယ်။

(zawgyi)

မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ မန္ယူ၊ ရီးရဲလ္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ခဲ့သူျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုကိုလည္း အႀကိမ္ႀကိမ္အလီလီ ဆြတ္ခူးထားတယ္ဆိုတာ အားလုံးသိၾကၿပီးသားပါ။ ဒါ့အျပင္ ေဘာလုံးေလာကမွာ

ေအာင္ျမင္မႈအရွိဆုံး ကစားသမားလို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။ အသက္ ၃၇ ႏွစ္အ႐ြယ္ကိုေရာက္ေနေပမယ့္ ထိပ္တန္းေျခစြမ္းကို ပိုင္ဆိုင္ထားသလို အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ေနဆဲပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ေအာင္ျမင္မႈေတြရဖို႔

အတြက္ အေၾကာင္းအရင္းမ်ားစြာေတြထဲကမွ အခ်က္တစ္ခ်က္ကေတာ့ မ်က္ဝါးထင္ထင္ ေပၚထြက္လာခဲ့ပါၿပီ။ အဲဒါကေတာ့ စီေရာ္နယ္ဒိုဟာ ေန႔အခ်ိန္မွာ မိနစ္ ၉၀ စီ ၅ ေမွး အိပ္စက္တာပဲ ျဖစ္ပါတယ္တဲ့။ ရီးရဲလ္မွာရွိေနစဥ္တုန္းက သူနဲ႔အတူ လက္တြဲၿပီး အလုပ္လုပ္ခဲ့ဖူးတဲ့ နစ္လစ္တဲဟဲလ္စ္ဆိုတဲ့

အိပ္ေရးနဲ႔ပတ္သက္တဲ့ နည္းျပက အင္ဒီပန္းဒန႔္ သတင္းစာနဲ႔ အင္တာဗ်ဴးမွာ အခုလိုမ်ိဳး ေျပာဆိုခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ သေႏၶသားေလာင္းပုံစံနဲ႔ အိပ္ၿပီး အဲဒီလို ကိစၥမ်ိဳးေတြနဲ႔ ပတ္သက္လာရင္ အက်ိဳးေက်းဇူးရရွိမႈေတြကို စြဲလမ္းႏွစ္သက္ သူျဖစ္တယ္လို႔ သိရပါတယ္။

‘’ခင္ဗ်ားသာ ေဆြးေႏြးတဲ့အခန္းထဲမွာ ရွိေနမယ္ ဆိုရင္ သူဟာ ထလာၿပီးေတာ့ ခင္ဗ်ား ဘာေျပာေနသလဲဆိုတာကို သူေမး တယ္ဆိုတာ စီေရာ္နယ္ဒိုနဲ႔ အလုပ္တြဲၿပီး လုပ္ဖူးတဲ့သူတိုင္း သိပါတယ္။ ၂၀၁၃ ခုႏွစ္မွာ နည္းျပအန္ဆေလာ့တီ ရွိေနခ်ိန္တုန္းက ကြၽန္ေတာ္

ဖိတ္ ၾကားခံခဲ့ရပါတယ္။ ေလ့က်င့္ကြင္းရဲ႕ အစြန္ဘက္မွာ ကြၽန္ေတာ္ ရပ္ေနခဲ့ တာပါ။ ရီးရဲလ္ဝန္ထမ္းေတြကို စကားေျပာေနခဲ့တာေပါ့ေလ။ စီေရာ္နယ္ဒိုက ေျပးလာတယ္ဗ်။ သူက တစ္ေနကုန္ ေလ့က်င့္ထားၿပီးၿပီ။

အဝတ္လဲခန္းထဲ သြားၿပီး ေရခ်ိဳးလိမ့္မယ္လို႔ ခင္ဗ်ား ထပ္ပါလိမ့္မယ္။ ဒါေပမဲ့ သူက ကြၽန္ ေတာ္တို႔ ေဆြးေႏြးေနတာကို လာေမးတယ္ဗ်။ ကြၽန္ေတာ္ ေျပာေနတာေတြ ကို သူ စိတ္ဝင္စားေနတာ။ ဘာေၾကာင့္လဲဆိုေတာ့ သူက

အားကစားသမား တစ္ေယာက္အေနနဲ႔ သူ႔ဘဝကို ရင္းႏွီးျမဳပ္ႏွံထားလို႔ပါ။ သူနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ သိလိုက္ရတာက သူဟာ ေပၚပင္ အစားေရွာင္တာေတြ စိတ္မ ဝင္စားဘူး။ တျခားသူေတြကို ပုံတူကူးခ်တာ စိတ္မဝင္စားဘူး။ သူစိုးရိမ္တာ က သူ႔အတြက္ အလုပ္ျဖစ္မလားဆိုတာကိုပဲ’’ လို႔ နစ္က ေျပာဆိုသြားခဲ့ပါ တယ္။