စီရော်နယ်ဒိုရဲ့ အင်တာဗျူးထဲက မန်ယူအသင်း လုံးဝ လက်မခံနိုင်တဲ့ အချက် ၂ ချက် ထွက်ပေါ်လာ

မန်ယူနဲ့ ပတ်သက်ပြီး စီရော်နယ်ဒို ပြောဆိုခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အသင်းဘက်ကနေပြီး လုံးဝကို လက်မခံနိုင်တဲ့ အကြောင်းအရာနှစ်ခု ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းဟာ ဒီရာသီမှာ မန်ယူနဲ့အတူ ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် ဒေါသထွက် နေခဲ့တာဖြစ်ပြီး ပီယာ့စ်မော်ဂန်နဲ့ မိနစ် ၉၀ ကြာ ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ

အသင်းအပေါ် သူ့ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ဟခဲ့တာပါ။ မိနစ် ၉၀ ကြာ ပြော ဆိုခဲ့တာဖြစ်တဲ့အတွက် ပြောစကားတွေက အများကြီး ရှိနေပေမဲ့ အဲဒီစကား ရပ်တွေထဲမှာ

မန်ယူအသင်းတာဝန်ရှိသူတွေ လုံးဝကို မကျေနပ်ဘဲ လက်မခံ နိုင်လောက်အောင်ကို ဖြစ်နေတဲ့ အချက် ၂ ချက် ပါဝင်လာခဲ့တယ်လို့ The Express သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီအချက် နှစ်ချက်ကတော့ မန်ယူကို အကောင်းဆုံး ပဲ့ကိုင်ထိန်းကျောင်းပေးနေတဲ့ တန် ဟတ်ကို လေးစားမှု မရှိတာရယ်၊ အသင်းပိုင်ရှင်တွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုံလုံလောက်လောက်

မလုပ်ပေးနိုင်ဘူးဆိုတဲ့ အချက်ရယ် ဖြစ်နေပါတယ်။ အဲဒီအချက်နှစ်ချက်ဟာ ကလပ်အသင်း ပိုင်ရှင်တွေအနေနဲ့ လုံးဝကို လက်မခံနိုင်စရာ ဖြစ်ခဲ့ပြီး အထူးသဖြင့် ဂလေဇာ မိသားစုဟာ

တော်တော်လေးကို မခံမရပ်နိုင်အောင် ဖြစ်နေကြတယ်လို့ သိရပါတယ်။ နည်းပြတန်ဟတ်အနေနဲ့ သူ့အပေါ် လေးစားမှု မရှိရင် သူကလည်း ပြန်ပြီး လေးစားမှာ မဟုတ်ဘူးလို့ စီရော်နယ်ဒိုက

ပြောဆိုခဲ့သလို သူ့အပေါ်ကို လေးစားမှု ရှိမှပဲ ပြန်ပြီး လေးစားမှာ ဖြစ်တယ်လို့ စီရော်နယ်ဒိုက သူ့ရဲ့ အင်တာဗျူးမှာ ပြောဆိုထားခဲ့ပါတယ်။ နောက်ပြီး အသင်းပိုင်ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု

အပိုင်းကို ပြောဆိုခဲ့ရာမှာ လည်း စီရော်နယ်ဒိုက ကာရင်တန် လေ့ကျင့်ရေးကွင်း အပါအဝင် အခြေခံ အဆောက်အအုံပိုင်းတွေကို ဝေဖန်ခဲ့တာဖြစ်ပြီး မန်ယူကနေ သူထွက်သွားပြီ

း ပြန်ရောက်လာတဲ့အချိန်အထိ ကာရင်တန် လေ့ကျင့်ကွင်းရဲ့ အခြေခံ အ ဆောက်အအုံတွေဟာ ဒီအတိုင်းပဲ ရှိနေတယ်လို့ ဝေဖန်ခဲ့တာပါ။ စီရော်နယ်ဒို ရဲ့ စာချုပ်သက်တမ်းဟာ

နောက်ဆုံး ၆ လ အပိုင်းအခြားကို ရောက်လာပြီဖြစ် တဲ့အတွက် လာမယ့် ဇန်နဝါရီမှာတော့ အသင်းပြောင်းရဖို့ သေချာနေပြီပဲ ဖြစ် ပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုရဲ႕ အင္တာဗ်ဴးထဲက မန္ယူအသင္း လုံး၀ လက္မခံႏိုင္တဲ့ အခ်က္ ၂ ခ်က္ ထြက္ေပၚလာ

မန္ယူနဲ႔ ပတ္သက္ၿပီး စီေရာ္နယ္ဒို ေျပာဆိုခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ အသင္းဘက္က ေနၿပီး လုံးဝကို လက္မခံႏိုင္တဲ့ အေၾကာင္းအရာ ႏွစ္ခု ရွိေန ခဲ့တယ္လို႔ သတင္းထြက္လာပါတယ္။

ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉးေဟာင္း ဟာ ဒီရာသီမွာ မန္ယူနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့တာေၾကာင့္ ေဒါသထြက္ ေနခဲ့တာျဖစ္ၿပီး ပီယာ့စ္ေမာ္ဂန္နဲ႔ မိနစ္ ၉၀ ၾကာ ျပဳလုပ္ခဲ့တဲ့

အစီအစဥ္မွာ အ သင္းအေပၚ သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကို ဖြင့္ဟခဲ့တာပါ။ မိနစ္ ၉၀ ၾကာ ေျပာ ဆိုခဲ့တာျဖစ္တဲ့အတြက္ ေျပာစကားေတြက အမ်ားႀကီး ရွိေနေပမဲ့ အဲဒီစကား

ရပ္ေတြထဲမွာ မန္ယူအသင္းတာဝန္ရွိသူေတြ လုံးဝကို မေက်နပ္ဘဲ လက္မခံ ႏိုင္ေလာက္ေအာင္ကို ျဖစ္ေနတဲ့ အခ်က္ ၂ ခ်က္ ပါဝင္လာခဲ့တယ္လို႔ The Express သတင္းဝက္ဘ္ဆိုက္က

ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီအခ်က္ ႏွစ္ ခ်က္ကေတာ့ မန္ယူကို အေကာင္းဆုံး ပဲ့ကိုင္ထိန္းေက်ာင္းေပးေနတဲ့ တန္ ဟတ္ကို ေလးစားမႈ မရွိတာရယ္၊ အသင္းပိုင္ရွင္ေတြဟာ

ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုံလုံေလာက္ေလာက္ မလုပ္ေပးႏိုင္ဘူးဆိုတဲ့ အခ်က္ရယ္ ျဖစ္ေနပါတယ္။ အဲဒီအခ်က္ႏွစ္ခ်က္ဟာ ကလပ္အသင္း ပိုင္ရွင္ေတြအေနနဲ႔ လုံးဝကို

လက္မခံ ႏိုင္စရာ ျဖစ္ခဲ့ၿပီး အထူးသျဖင့္ ဂေလဇာ မိသားစုဟာ ေတာ္ေတာ္ေလးကို မခံမရပ္ႏိုင္ေအာင္ ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။ နည္းျပတန္ဟတ္အေနနဲ႔

သူ႔အေပၚ ေလးစားမႈ မရွိရင္ သူကလည္း ျပန္ၿပီး ေလးစားမွာ မဟုတ္ဘူးလို႔ စီေရာ္နယ္ဒိုက ေျပာဆိုခဲ့သလို သူ႔အေပၚကို ေလးစားမႈ ရွိမွပဲ ျပန္ၿပီး ေလးစား မွာ ျဖစ္တယ္လို႔

စီေရာ္နယ္ဒိုက သူ႔ရဲ႕ အင္တာဗ်ဴးမွာ ေျပာဆိုထားခဲ့ပါတယ္။ ေနာက္ၿပီး အသင္းပိုင္ရွင္ေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အပိုင္းကို ေျပာဆိုခဲ့ရာမွာ လည္း စီေရာ္နယ္ဒိုက

ကာရင္တန္ ေလ့က်င့္ေရးကြင္း အပါအဝင္ အေျခခံ အေဆာက္အအုံပိုင္းေတြကို ေဝဖန္ခဲ့တာျဖစ္ၿပီး မန္ယူကေန သူထြက္သြားၿပီး ျပန္ေရာက္လာတဲ့အခ်ိန္အထိ

ကာရင္တန္ ေလ့က်င့္ကြင္းရဲ႕ အေျခခံ အ ေဆာက္အအုံေတြဟာ ဒီအတိုင္းပဲ ရွိေနတယ္လို႔ ေဝဖန္ခဲ့တာပါ။ စီေရာ္နယ္ဒို ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆုံး ၆ လ အပိုင္းအျခားကို

ေရာက္လာၿပီျဖစ္ တဲ့အတြက္ လာမယ့္ ဇန္နဝါရီမွာေတာ့ အသင္းေျပာင္းရဖို႔ ေသခ်ာေနၿပီပဲ ျဖစ္ ပါတယ္။