စီရော်နယ်ဒိုရဲ့အင်တာဗျူးက အသင်းအပေါ် ထိခိုက်စေတယ်လို့ ဆိုလိုက်တဲ့ ဗာရန်း

နောက်ခံလူဗာရန်းဟာ စီရော်နယ်ဒိုလုပ်ခဲ့တဲ့ပွင့်ပွင့်လင်းလင်းအင်တာဗျူးနဲ့ပတ်သက်ပြီး

တုံ့ပြန်မှုပေးခဲ့တဲ့ ပထမဆုံးမန်ယူကစားသမားဖြစ်ပါတယ်။

အဲဒီပေါ်တူဂီစူပါစတားက သူဟာ ယူနိုက်တက်ရဲ့သစ္စာဖောက်ခြင်းခံရတယ်လို့ ဆိုခဲ့သလို

သူ့ကို လေးစားမှုမရှိတဲ့နည်းပြတန်ဟက်ကိုလည်း လေးစားစရာအကြောင့်မရှိကြောင်း ဆိုခဲ့တာပါ။

ရီးရဲလ်မှာကတည်းက စီရော်နယ်ဒိုနဲ့ကာလရှည်ကြာအတူတွဲကစားခဲ့တဲ့ ဗာရန်းဟာ

ပြင်သစ်မီဒီယာတစ်ခုနဲ့တွေ့ဆုံစဉ်မှာ ပေါ်တူဂီသားပြောခဲ့တာတွေအပေါ် ဘယ်လိုမြင်လဲလို့ အမေးခံခဲ့ရပါတယ်။

”အဲဒါက ကျွန်တော်တို့ကို ထိခိုက်စေခဲ့တယ်ဆိုတာကတော့ အသိသာကြီးပါ။

ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေပြောခဲ့သလဲဆိုတာကို ကျွန်တော်တို့လည်း လိုက်ကြည့်နေပါတယ်။

ကျွန်တော်တို့နည်းလမ်းနဲ့ပဲ အခြေအနေတည်ငြိမ်သွားအောင် ကြိုးစားမှာပါ။

အဲဒီထဲကို သွားမပတ်သတ်မိအောင်လည်း ကျွန်တော်တို့ကြိုးစားမှာပါ”လို့ ဗာရန်းက ဖြေခဲ့တာပါ။

လာမယ့်အပတ်ဗုဒ္ဓဟူးကစားမယ့် သြစတြေးလျနဲ့အုပ်စုအဖွင့်ပွဲအမီ ကြံ့ခိုင်မယ်လို့ မျှော်လင့်နေတဲ့ ဒီပြင်သစ်သားက

ကလပ်ဘက်က ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် သူထောက်ခံသွားမယ်လို့ ဆက်ပြောခဲ့ပါတယ်။

”စီရော်နယ်ဒိုလို စတားတစ်ယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကတော့ အဝေးကနေပဲ အခြေအနေကို ကြည့်သွားမှာပါ။

ကျွန်တော်တို့က အစုအဖွဲ့တစ်ခုရဲ့အစိတ်အပိုင်းဆိုတော့ အခြေအနေပြောင်းသွားအာင် လုပ်လို့မရပါဘူး။

ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် အသင်းအတွက် အကောင်းဆုံးဖြစ်တာပဲ လိုချင်ပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ အဲဒါကို လက်ခံသွားမှာဖြစ်သလို ကျွန်တော်တို့ရဲ့အကောင်းဆုံးကိုလည်း ပေးမှာပါ”လို့ ဗာရန်းက ဆက်ဖြေခဲ့တာပါ။

The Mirror သတင်းစာရဲ့အဆိုအရတော့ စီရော်နယ်ဒိုရဲ့မန်ယူအသင်းဖော်တွေဟာ

ကမ္ဘာ့ဖလားပြီးရင် သူပြန်လာမှာကို မလိုလားတော့ဘူးလို့ သိရပါတယ်။

အသင်းသားအများစုက စီရော်နယ်ဒိုနဲ့နည်းပြတန်ဟက်တို့ကြားမှာ ဘယ်လိုဆက်ဆံရေးမှ မရှိတော့ဘူးလို့ ယုံကြည်နေတာပါ။

zawgyi

စီေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးက အသင္းအေပၚ ထိခိုက္ေစတယ္လို႔ ဆိုလိုက္တဲ့ ဗာရန္း

ေနာက္ခံလူဗာရန္းဟာ စီေရာ္နယ္ဒိုလုပ္ခဲ့တဲ့ပြင့္ပြင့္လင္းလင္းအင္တာဗ်ဴးနဲ႔ပတ္သက္ၿပီး

တုံ႔ျပန္မႈေပးခဲ့တဲ့ ပထမဆုံးမန္ယူကစားသမားျဖစ္ပါတယ္။

အဲဒီေပၚတူဂီစူပါစတားက သူဟာ ယူႏိုက္တက္ရဲ႕သစၥာေဖာက္ျခင္းခံရတယ္လို႔ ဆိုခဲ့သလို

သူ႔ကို ေလးစားမႈမရွိတဲ့နည္းျပတန္ဟက္ကိုလည္း ေလးစားစရာအေၾကာင့္မရွိေၾကာင္း ဆိုခဲ့တာပါ။

ရီးရဲလ္မွာကတည္းက စီေရာ္နယ္ဒိုနဲ႔ကာလရွည္ၾကာအတူတြဲကစားခဲ့တဲ့ ဗာရန္းဟာ

ျပင္သစ္မီဒီယာတစ္ခုနဲ႔ေတြ႕ဆုံစဥ္မွာ ေပၚတူဂီသားေျပာခဲ့တာေတြအေပၚ ဘယ္လိုျမင္လဲလို႔ အေမးခံခဲ့ရပါတယ္။

”အဲဒါက ကြၽန္ေတာ္တို႔ကို ထိခိုက္ေစခဲ့တယ္ဆိုတာကေတာ့ အသိသာႀကီးပါ။

ဘာေတြျဖစ္ခဲ့သလဲ၊ ဘာေတြေျပာခဲ့သလဲဆိုတာကို ကြၽန္ေတာ္တို႔လည္း လိုက္ၾကည့္ေနပါတယ္။

ကြၽန္ေတာ္တို႔နည္းလမ္းနဲ႔ပဲ အေျခအေနတည္ၿငိမ္သြားေအာင္ ႀကိဳးစားမွာပါ။

အဲဒီထဲကို သြားမပတ္သတ္မိေအာင္လည္း ကြၽန္ေတာ္တို႔ႀကိဳးစားမွာပါ”လို႔ ဗာရန္းက ေျဖခဲ့တာပါ။

လာမယ့္အပတ္ဗုဒၶဟူးကစားမယ့္ ၾသစေၾတးလ်နဲ႔အုပ္စုအဖြင့္ပြဲအမီ ႀကံ့ခိုင္မယ္လို႔ ေမွ်ာ္လင့္ေနတဲ့ ဒီျပင္သစ္သားက

ကလပ္ဘက္က ဘယ္လိုပဲ ဆုံးျဖတ္ ဆုံးျဖတ္ သူေထာက္ခံသြားမယ္လို႔ ဆက္ေျပာခဲ့ပါတယ္။

”စီေရာ္နယ္ဒိုလို စတားတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔ကေတာ့ အေဝးကေနပဲ အေျခအေနကို ၾကည့္သြားမွာပါ။

ကြၽန္ေတာ္တို႔က အစုအဖြဲ႕တစ္ခုရဲ႕အစိတ္အပိုင္းဆိုေတာ့ အေျခအေနေျပာင္းသြားအာင္ လုပ္လို႔မရပါဘူး။

ဘယ္လိုပဲ ဆုံးျဖတ္ ဆုံးျဖတ္ အသင္းအတြက္ အေကာင္းဆုံးျဖစ္တာပဲ လိုခ်င္ပါတယ္။

ကစားသမားတစ္ေယာက္အေနနဲ႔ အဲဒါကို လက္ခံသြားမွာျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကိုလည္း ေပးမွာပါ”လို႔ ဗာရန္းက ဆက္ေျဖခဲ့တာပါ။

The Mirror သတင္းစာရဲ႕အဆိုအရေတာ့ စီေရာ္နယ္ဒိုရဲ႕မန္ယူအသင္းေဖာ္ေတြဟာ

ကမာၻ႔ဖလားၿပီးရင္ သူျပန္လာမွာကို မလိုလားေတာ့ဘူးလို႔ သိရပါတယ္။

အသင္းသားအမ်ားစုက စီေရာ္နယ္ဒိုနဲ႔နည္းျပတန္ဟက္တို႔ၾကားမွာ ဘယ္လိုဆက္ဆံေရးမွ မရွိေတာ့ဘူးလို႔ ယုံၾကည္ေနတာပါ။