
စီရော်နယ်ဒိုရဲ့ရုပ်တုတစ်ခုကို အိန္ဒိယနိုင်ငံ အနောက်ဘက်က ပြည်နယ်တစ်ခုဖြစ်တဲ့
ဂိုအာက ကာလန်ဂူတီမြို့မှာ စိုက်ထူဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ခရစ်ကတ်အားကစားကြီးစိုးထားတဲ့ အိန္ဒိယမှာ ဘောလုံးကို လူငယ်တွေ
စိတ်ဝင်စားလာအောင် ဆွဲဆောင်တဲ့သဘောဖြစ်ပြီး
ရုပ်တုရဲ့အလေးချိန်က ၄၁၀ ကီလိုဂရမ်ဝန်းကျင်ရှိပါတယ်။
အဲဒီမန်ယူကြယ်ပွင့်ဟာ ဂိုအာပြည်နယ်မှာ အလွန့်အလွန်ကို
လူကြိုက်များတဲ့ ကစားသမားတစ်ယောက်ပါ။
ဂိုအာပြည်နယ်ဟာ တစ်ချိန်က ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ဖူးပြီး
၁၉၆၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ရောက်မှာ အိန္ဒိယပိုင် ပြည်နယ်တစ်ခုဖြစ်လာခဲ့တာပါ။
ဒါကြောင့်လည်း ပေါ်တူဂီကိုလိုနီဖြစ်ခဲ့တဲ့ ဂိုအာမှာ
စီရော်နယ်ဒို ပေါ်ပြူလာဖြစ်တာဟာ မဆန်းပါဘူး။
”အိန္ဒိယမှာ စီရော်နယ်ဒိုရုပ်တု စိုက်ထူတာ ဒါပထမဆုံးအကြိမ်ပါ။
ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့ရဲ့လူငယ်တွေ အတုယူနိုင်ဖို့အတွက်ပါ။
ဘောလုံးမှာ နောက်ထပ်အဆင့်တစ်ခုရောက်ချင်ရင် လူငယ်တွေ အတုယူနိုင်ဖို့
လိုကာ ဆယ်လ်ဖီရိုက်ပြီး ရုပ်တုကိုကြည့်ကာ ဘောလုံးကစားဖို့
သူတို့စိတ်ဓာတ်ခွန်အားတွေရမှာပါ”လို့ ဂိုအာပြည်နယ်ဝန်ကြီး
မိုက်ကယ်လိုဘိုက ပြောပါတယ်။
စီရော်နယ်ဒိုရုပ်တုအတွက် အိန္ဒိယငွေ ၁၂ ဝန်းကျင်ကုန်ကျပြီး
၃ နှစ်ကြာ အချိန်ယူထုလုပ်ခဲ့ရပါတယ်။
အစောပိုင်းကတည်းက စိုက်ထူဖွင့်လှစ်ဖု့ိ စီစဉ်ထားပေမယ့်
ကိုဗစ်ကြောင့် အခုချိန်ရောက်မှသာ ဖွင့်လှစ်နိုင်တာပါ။
ဒါပေမဲ့ ဒေသခံပြည်သူတွေထဲက တချို့ကတော့ ဒီရုပ်တုစိုက်ထူတဲ့အပေါ်
ဒေါသထွက်ခဲ့ကြပြီး အဲဒီနားမှာ အမည်းရောင်အလံတွေဝှေ့ယမ်းပြီး
သူတို့ရဲ့ဒေါသကို ဖော်ပြခဲ့ကြပါတယ်။
zawgyi
စီေရာ္နယ္ဒိုရဲ႕႐ုပ္တုတစ္ခုကို အိႏၵိယႏိုင္ငံမွာ စိုက္ထူဖြင့္လွစ္
စီေရာ္နယ္ဒိုရဲ႕႐ုပ္တုတစ္ခုကို အိႏၵိယႏိုင္ငံ အေနာက္ဘက္က ျပည္နယ္တစ္ခုျဖစ္တဲ့
ဂိုအာက ကာလန္ဂူတီၿမိဳ႕မွာ စိုက္ထူဖြင့္လွစ္လိုက္ၿပီ ျဖစ္ပါတယ္။
ခရစ္ကတ္အားကစားႀကီးစိုးထားတဲ့ အိႏၵိယမွာ ေဘာလုံးကို လူငယ္ေတြ
စိတ္ဝင္စားလာေအာင္ ဆြဲေဆာင္တဲ့သေဘာျဖစ္ၿပီး
႐ုပ္တုရဲ႕အေလးခ်ိန္က ၄၁၀ ကီလိုဂရမ္ဝန္းက်င္ရွိပါတယ္။
အဲဒီမန္ယူၾကယ္ပြင့္ဟာ ဂိုအာျပည္နယ္မွာ အလြန႔္အလြန္ကို
လူႀကိဳက္မ်ားတဲ့ ကစားသမားတစ္ေယာက္ပါ။
ဂိုအာျပည္နယ္ဟာ တစ္ခ်ိန္က ေပၚတူဂီကိုလိုနီျဖစ္ခဲ့ဖူးၿပီး
၁၉၆၁ ခုႏွစ္ ဒီဇင္ဘာ ၁၉ ရက္ေန႔ေရာက္မွာ အိႏၵိယပိုင္ ျပည္နယ္တစ္ခုျဖစ္လာခဲ့တာပါ။
ဒါေၾကာင့္လည္း ေပၚတူဂီကိုလိုနီျဖစ္ခဲ့တဲ့ ဂိုအာမွာ
စီေရာ္နယ္ဒို ေပၚျပဴလာျဖစ္တာဟာ မဆန္းပါဘူး။
”အိႏၵိယမွာ စီေရာ္နယ္ဒို႐ုပ္တု စိုက္ထူတာ ဒါပထမဆုံးအႀကိမ္ပါ။
ဘာမွမဟုတ္ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕လူငယ္ေတြ အတုယူႏိုင္ဖို႔အတြက္ပါ။
ေဘာလုံးမွာ ေနာက္ထပ္အဆင့္တစ္ခုေရာက္ခ်င္ရင္ လူငယ္ေတြ အတုယူႏိုင္ဖို႔
လိုကာ ဆယ္လ္ဖီ႐ိုက္ၿပီး ႐ုပ္တုကိုၾကည့္ကာ ေဘာလုံးကစားဖို႔
သူတို႔စိတ္ဓာတ္ခြန္အားေတြရမွာပါ”လို႔ ဂိုအာျပည္နယ္ဝန္ႀကီး
မိုက္ကယ္လိုဘိုက ေျပာပါတယ္။
စီေရာ္နယ္ဒို႐ုပ္တုအတြက္ အိႏၵိယေငြ ၁၂ ဝန္းက်င္ကုန္က်ၿပီး
၃ ႏွစ္ၾကာ အခ်ိန္ယူထုလုပ္ခဲ့ရပါတယ္။
အေစာပိုင္းကတည္းက စိုက္ထူဖြင့္လွစ္ဖု႔ိ စီစဥ္ထားေပမယ့္
ကိုဗစ္ေၾကာင့္ အခုခ်ိန္ေရာက္မွသာ ဖြင့္လွစ္ႏိုင္တာပါ။
ဒါေပမဲ့ ေဒသခံျပည္သူေတြထဲက တခ်ိဳ႕ကေတာ့ ဒီ႐ုပ္တုစိုက္ထူတဲ့အေပၚ
ေဒါသထြက္ခဲ့ၾကၿပီး အဲဒီနားမွာ အမည္းေရာင္အလံေတြေဝွ႔ယမ္းၿပီး
သူတို႔ရဲ႕ေဒါသကို ေဖာ္ျပခဲ့ၾကပါတယ္။