
မန်ယူနောက်ခံလူဟောင်းရီယိုဖာဒီနန်ဟာ စီရော်နယ်ဒိုရဲ့လုပ်အားနှုန်းကို
ကာကွယ်လိုက်ပြီး သူ့ရဲ့အဆုံးသတ်နဲ့ မန်ယူအတွက်အရေးပါမှုကို ပြနေတာလို့
အခိုင်အမာပြောကြားလိုက်ပါတယ်။
မကြာသေးခင်ရက်သတ္တပတ်တွေမှာ အသင်းအတွက် စီရော်နယ်ဒိုရဲ့ခံစစ်ပိုင်း
ကူညီပေးမှုကို ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အင်္ဂါည ချန်ပီယံလိဂ်မှာ မန်ယူရဲ့ဟီးရိုး
ဖြစ်ခဲ့ပြန်ပြီး သူ့ရဲ့သွင်းဂိုးတွေကြောင့် အီတလီမှာ အရေးပါတဲ့တစ်မှတ်ယူနိုင်ခဲ့တာပါ။
စီရော်နယ်ဒိုဟာ ဒီရာသီချန်ပီယံလိဂ်အုပ်စုပွဲတိုင်းမှာ မန်ယူအတွက် ဂိုးသွင်း
ပေးနေတာဖြစ်ပြီး သူ့ရဲ့နောက်ကျဂိုးတွေကြောင့်လည်း မန်ယူဟာ အုပ်စု
အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာပါ။
အတ္တလန္တာနဲ့ပွဲအပြီးမှာ ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ဖာဒီနန်ဟာ
၃၆ နှစ်အရွယ် အဲဒီပေါ်တူဂီသားကို ချီးကျူးလိုက်ပြီး အရေးပါချိန်မှာ
အမြဲစွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဆိုခဲ့တာပါ။
”စီရော်နယ်ဒိုဟာ အသင်းအတွက် လုံလောက်တဲ့အားထုတ်မှုမရှိဘူးလို့
လူတွေက ပြောကြတယ်။ ဒါပေမဲ့ ဘောလုံးမှာ အခက်ခဲဆုံးအရာဖြစ်တဲ့
ဂိုးသွင်းတာကို သူလုပ်နေတာလေ။ ဘယ်လိုအရေးကြီးချိန်မှာပဲဖြစ်ဖြစ်
သူရှိနေတာဖြစ်ပြီး ဘယ်တိုင်းပြည်၊ ဘယ်ကွင်း၊ ဘယ်အချိန်မှာမဆို
သူလုပ်ပြနိုင်ခဲတယ်။ သူနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထပ်ပြောနိုင်တဲ့
စကားလုံးမရှိတော့ပါဘူး”လို့ ဖာဒီနန်က ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်
လုပ်ကိုင်နေတဲ့ BT Sport ရုပ်သံမှာ ပြောခဲ့တာပါ။
စီရော်နယ်ဒိုဟာ ဒီရာသီ မန်ယူအတွက် ချန်ပီယံလိဂ် ၄ ပွဲမှာ ၅ ဂိုး
သွင်းယူပေးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါညက ရလဒ်ကြောင့် မန်ယူဟာ လက်ကျန် ၂ ပွဲမှာ တစ်ပွဲနိုင်အောင်
ကစားနိုင်တာနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားမှာပါ။
Zawgyi
စီေရာ္နယ္ဒိုရဲ႕ဂိုးေတြက လုံေလာက္တာတက္ပိုေနၿပီ
မန္ယူေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ဟာ စီေရာ္နယ္ဒိုရဲ႕လုပ္အားႏႈန္းကို
ကာကြယ္လိုက္ၿပီး သူ႔ရဲ႕အဆုံးသတ္နဲ႔ မန္ယူအတြက္အေရးပါမႈကို ျပေနတာလို႔
အခိုင္အမာေျပာၾကားလိုက္ပါတယ္။
မၾကာေသးခင္ရက္သတၱပတ္ေတြမွာ အသင္းအတြက္ စီေရာ္နယ္ဒိုရဲ႕ခံစစ္ပိုင္း
ကူညီေပးမႈကို ေဝဖန္ေမးခြန္းထုတ္မႈေတြ ရွိခဲ့ပါတယ္။
ဒါေပမဲ့လည္း စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့အဂၤါည ခ်န္ပီယံလိဂ္မွာ မန္ယူရဲ႕ဟီး႐ိုး
ျဖစ္ခဲ့ျပန္ၿပီး သူ႔ရဲ႕သြင္းဂိုးေတြေၾကာင့္ အီတလီမွာ အေရးပါတဲ့တစ္မွတ္ယူႏိုင္ခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ဒီရာသီခ်န္ပီယံလိဂ္အုပ္စုပြဲတိုင္းမွာ မန္ယူအတြက္ ဂိုးသြင္
းေပးေနတာျဖစ္ၿပီး သူ႔ရဲ႕ေနာက္က်ဂိုးေတြေၾကာင့္လည္း မန္ယူဟာ အုပ္စု
အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တာပါ။
အတၱလႏၲာနဲ႔ပြဲအၿပီးမွာ ယူႏိုက္တက္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ဖာဒီနန္ဟာ
၃၆ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီသားကို ခ်ီးက်ဴးလိုက္ၿပီး အေရးပါခ်ိန္မွာ
အၿမဲစြမ္းေဆာင္ႏိုင္သူျဖစ္ေၾကာင္း ဆိုခဲ့တာပါ။
”စီေရာ္နယ္ဒိုဟာ အသင္းအတြက္ လုံေလာက္တဲ့အားထုတ္မႈမရွိဘူးလို႔
လူေတြက ေျပာၾကတယ္။ ဒါေပမဲ့ ေဘာလုံးမွာ အခက္ခဲဆုံးအရာျဖစ္တဲ့
ဂိုးသြင္းတာကို သူလုပ္ေနတာေလ။ ဘယ္လိုအေရးႀကီးခ်ိန္မွာပဲျဖစ္ျဖစ္
သူရွိေနတာျဖစ္ၿပီး ဘယ္တိုင္းျပည္၊ ဘယ္ကြင္း၊ ဘယ္အခ်ိန္မွာမဆို
သူလုပ္ျပႏိုင္ခဲတယ္။ သူနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ ထပ္ေျပာႏိုင္တဲ့
စကားလုံးမရွိေတာ့ပါဘူး”လို႔ ဖာဒီနန္က ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္
လုပ္ကိုင္ေနတဲ့ BT Sport ႐ုပ္သံမွာ ေျပာခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ဒီရာသီ မန္ယူအတြက္ ခ်န္ပီယံလိဂ္ ၄ ပြဲမွာ ၅ ဂိုး
သြင္းယူေပးထားတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့အဂၤါညက ရလဒ္ေၾကာင့္ မန္ယူဟာ လက္က်န္ ၂ ပြဲမွာ တစ္ပြဲႏိုင္ေအာင္
ကစားႏိုင္တာနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားမွာပါ။