စီရော်နယ်ဒိုမရှိဘဲ အသက်ဆက်ဖို့ ခြေလှမ်းပြင်နေတဲ့ ယူနိုက်တက်

မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုမပါဝင်တော့တဲ့ ယူနိုက်တက်စုဖွဲ့မှုတစ်ရပ်ကို ဖန်တီးဖို့အတွက် ခြေလှမ်းပြင်နေပြီလို့ သတင်းထွက်လာပါတယ်။

စာချုပ်သက်တမ်း ၈ လပဲ ကျန်တော့တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို စွန့်ပစ်ပြီး အသက် ၁၉ နှစ်အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘင်ဂျမင်ဆက်ကိုနဲ့

အစားထိုးဖို့ ကြံရွယ်နေပြီဖြစ်တယ်လို့ အင်ဒီပန်းဒန့် သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြပါတယ်။ စပါးနဲ့ ပွဲစဉ်မှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ စီရော်နယ်ဒိုကို နည်းပြတန်ဟတ်က

အပြစ်ပေး အရေးယူခဲ့တာမျိုး ရှိပေမဲ့ လက်ရှိမှာတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ မန်ယူနဲ့အတူ ၃ ပွဲ ဆက်တိုက် ဦးစားပေး ပွဲထွက်ခွင့် ရထားပါတယ်။ အသင်းရဲ့

တိုက်စစ်မြားဦးကို အကောင်းဆုံး မွမ်းမံပြင်ဆင်ဖို့အတွက် တိုက်စစ်မှူးသစ်တစ်ယောက် ရှာဖွေနေတဲ့ မန်ယူဟာ ဆက်ကို ကို ရေဒါထဲကနေ နေ့ည မပြတ်

စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာ ဗဟိုတိုက်စစ်မှူး နေရာအတွက် ရေတိုဖြေရှင်းတဲ့ နည်းလမ်းကို စွန့်ပစ်ခဲ့ပြီးနောက်

ဖူလ်ဟမ်တိုက်စစ်မှူး အာနူတိုဗစ်ကို ပစ်ပယ်ခဲ့တဲ့ မန်ယူဟာ လက်ရှိအချိန်မှာတော့ ရေရှည်စီမံကိန်းအတွက် ပစ်မှတ်ထားနေတာမျိုး ရှိနေပြီး ဆဲလ်ဘတ်တိုက်စစ်မှူး

ဆက်ကိုအတွက် ဦးစားပေးလာနေတာပဲ ဖြစ်ပါတယ်။ ဆက်ကိုရဲ့ ကစားပုံဟာ မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းလိုပဲ အဆုံးသတ်ပိုင်း အားကောင်းတဲ့

ကစားသမားတစ်ယောက်ဖြစ်နေတာကြောင့် မန်ချက်စတာကလပ်က ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပေါက်ဈေးအရဆိုရင်လည်း

ပေါင် သန်း ၄၀ ကျော်လောက်နဲ့ အပြီးသတ် ခေါ် ယူနိုင်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ စီရော်နယ် ဒိုနေရာမှာ အစားထိုးဖို့အတွက်

မန်ယူစိတ်ဝင်စားနေတဲ့ တိုက်စစ်သမားတွေ ကတော့ ဆက်ကို တစ်ယောက်တည်း မဟုတ်ပါဘူး။ စီရီးအေထိပ်သီး ဂျူဗင် တပ်ရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့

အသက် ၂၂ နှစ်အရွယ် ဗလာဟိုဗစ်ကိုလည်း ယူနိုက်တက်က ပစ်မှတ်ထား စောင့်ကြည့်နေတာမျိုး ရှိတယ်လို့ သိရပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုမရွိဘဲ အသက္ဆက္ဖို႔ ေျခလွမ္းျပင္ေနတဲ့ ယူႏိုက္တက္

မန္ယူနည္းျပ အဲရစ္တန္ဟတ္ဟာ ဝါရင့္တိုက္စစ္မႉး စီေရာ္နယ္ဒိုမပါဝင္ ေတာ့တဲ့ ယူႏိုက္တက္စုဖြဲ႕မႈတစ္ရပ္ကို ဖန္တီးဖို႔အတြက္ ေျခလွမ္းျပင္ေနၿပီလို႔ သတင္းထြက္လာပါတယ္။

စာခ်ဳပ္သက္တမ္း ၈ လပဲ က်န္ေတာ့တဲ့ ေပၚတူဂီ တိုက္စစ္မႉးကို စြန႔္ပစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ ဆလိုေဗးနီးယား လက္ေ႐ြး စင္ တိုက္စစ္မႉး ဘင္ဂ်မင္ဆက္ကိုနဲ႔ အစားထိုးဖို႔

ႀကံ႐ြယ္ေနၿပီျဖစ္တယ္လို႔ အင္ဒီပန္းဒန႔္ သတင္းဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပပါတယ္။ စပါးနဲ႔ ပြဲစဥ္မွာ လူစားဝင္ဖို႔ ျငင္းဆန္ခဲ့တဲ့ စီေရာ္နယ္ဒိုကို နည္းျပတန္ဟတ္က

အျပစ္ေပး အေရးယူခဲ့တာမ်ိဳး ရွိေပမဲ့ လက္ရွိမွာေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ မန္ယူနဲ႔အတူ ၃ ပြဲ ဆက္တိုက္ ဦးစားေပး ပြဲထြက္ခြင့္ ရထားပါတယ္။

အသင္းရဲ႕ တိုက္စစ္ျမားဦးကို အေကာင္းဆုံး မြမ္းမံျပင္ဆင္ဖို႔အတြက္ တိုက္စစ္မႉးသစ္တစ္ေယာက္ ရွာေဖြေနတဲ့ မန္ယူဟာ ဆက္ကို ကို ေရဒါထဲကေန ေန႔ည မျပတ္

ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီ ေဈးကြက္မွာ ဗဟိုတိုက္စစ္မႉး ေနရာအတြက္ ေရတိုေျဖရွင္းတဲ့ နည္းလမ္းကို စြန႔္ပစ္ခဲ့ၿပီးေနာက္ ဖူလ္ဟမ္တိုက္စစ္မႉး

အာႏူတိုဗစ္ကို ပစ္ပယ္ခဲ့တဲ့ မန္ယူဟာ လက္ရွိအခ်ိန္မွာေတာ့ ေရရွည္စီမံကိန္းအတြက္ ပစ္မွတ္ထားေနတာမ်ိဳး ရွိေနၿပီး ဆဲလ္ဘတ္တိုက္စစ္မႉး ဆက္ကိုအတြက္ ဦးစားေပးလာေနတာပဲ ျဖစ္ပါတယ္။

ဆက္ကိုရဲ႕ ကစားပုံဟာ မန္စီးတီး တိုက္စစ္မႉး အာလင္းဟာလန္းလိုပဲ အဆုံးသတ္ပိုင္း အားေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ မန္ခ်က္စတာကလပ္က

ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိ ေပါက္ေဈးအရဆိုရင္လည္း ေပါင္ သန္း ၄၀ ေက်ာ္ေလာက္နဲ႔ အၿပီးသတ္ ေခၚ ယူႏိုင္မွာ ျဖစ္တဲ့အတြက္

စိတ္ဝင္စားေနတာလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ ဒိုေနရာမွာ အစားထိုးဖို႔အတြက္ မန္ယူစိတ္ဝင္စားေနတဲ့ တိုက္စစ္သမားေတြ ကေတာ့ ဆက္ကို တစ္ေယာက္တည္း မဟုတ္ပါဘူး။

စီရီးေအထိပ္သီး ဂ်ဴဗင္ တပ္ရဲ႕ အဓိက တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဗလာဟို ဗစ္ကိုလည္း ယူႏိုက္တက္က ပစ္မွတ္ထား ေစာင့္ၾကည့္ေနတာမ်ိဳး ရွိတယ္လို႔ သိရပါတယ္။