စီရော်နယ်ဒိုပွဲထွက်ခွင့် ရ/မရကို စနေနေ့မနက်ပိုင်းမှာ တန်ဟတ်ဆုံးဖြတ်မယ်

ဘရန်ဖိုဒ်နဲ့အဝေးကွင်းပွဲမှာ စီရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေး/မပေး ဆုံးဖြတ်ချက်ကို စနေနေ့မနက်ပိုင်းမှသာ ဆုံးဖြတ်သွားမယ်လို မန်ယူနည်းပြ တန်ဟတ်ကပြောကြားလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဘရန်ဖိုဒ်နဲ့အတွက်

စီရော်နယ်ဒိုဟာ ကြံ့ခိုင်မှုလုံလောက်နေပြီဖြစ်ပေမယ့် လတ်တလောမှာတော့ပွဲထွက်ခွင့်ကို မဆုံးဖြတ်ရသေးဘူးလို နည်းပြတန်ဟတ်က သတင်းထောက်တွေရဲ့အမေးကို တုံပြန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ စီရော်နယ်ဒိုကို ပွဲထွက်ခွင့်မပေးခဲ့တာက

ရာသီကြိုလေ့ကျင့်လေးအစီအစဉ်တွေကိုလွဲချော် ထားခဲ့တာကြောင့်ဖြစ်တယ်လိုလည်း တန်ဟတ်ကပြောခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရတာဖြစ်ပြီး ပွဲချိန် ၅၃ မိနစ်အရောက်မှသာ ဖရက်အစားဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ အခုလို အရန်ခုံထိုင်ခဲ့ရတာဟာ မန်ယူအတွက်ကစားပေးတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လာမယ့်ပွဲစဉ်မှာတော့ ပွဲထွက်ခွင့်ရလာဖိုရှိနေတာပါ။

ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ထားတဲ့ တိုက်စစ်မှူး မာရှယ်နဲ့ လင်ဒီလော့တို ဒဏ်ရာပြဿနာတွေကြောင့် ဘရန်ဖိုဒ်နဲ့ပွဲစဉ်ကို ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရထားတဲ့ ရက်ဖိုဒ်ကလည်း ပီအက်စ်ဂျီနဲ့

အပြောင်း အရွှေ့သတင်းတွေထွက်နေတာကြောင့် နည်းပြတန်ဟတ်အနေနဲ့ စီရော်နယ်ဒို ဦးစားလာဖွယ်ရှိနေလိုပါပဲ။ ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်ရလဒ်ဟာ စိတ်ပျက်စရာကောင်းခဲ့ပေမယ့် နည်းစနစ်အသစ်တွေနဲ့ ပထမဆုံးပွဲထွက်လာတဲ့ အသင်းအတွက်တော့

ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေလိုလည်း နည်းပြတန်ဟတ်ကဆိုသွားခဲ့ပါတယ်။ လတ်တလောထွက်ပေါ်နေတဲ့ ရက်ဖိုဒ်ရဲ့သတင်းတွေနဲ့ပတ်သက်လိုတော့ နည်းပြတန်ဟတ်ဟာ အကောင်းဘက် ကဆိုသွားခဲ့ပြီး သူ့လိုကစားသမားမျိုးကိုအသင်းမှာဆက်ရှိနေစေချင်တယ်လို ပြောခဲ့ပါတယ်။

(zawgyi)

ဘရန္ဖိုဒ္နဲ႔အေဝးကြင္းပြဲမွာ စီေရာ္နယ္ဒိုကို ပြဲထြက္ခြင့္ေပး/မေပး ဆုံးျဖတ္ခ်က္ကို စေနေန႔မနက္ပိုင္းမွသာ ဆုံးျဖတ္သြားမယ္လို မန္ယူနည္းျပ တန္ဟတ္ကေျပာၾကားလိုက္ပါတယ္။ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဘရန္ဖိုဒ္နဲ႔အတြက္ စီေရာ္နယ္ဒိုဟာ

ႀကံ့ခိုင္မႈလုံေလာက္ေနၿပီျဖစ္ေပမယ့္ လတ္တေလာမွာေတာ့ပြဲထြက္ခြင့္ကို မဆုံးျဖတ္ရေသးဘူးလို နည္းျပတန္ဟတ္က သတင္းေထာက္ေတြရဲ႕အေမးကို တုံျပန္သြားခဲ့တာပါ။ ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ စီေရာ္နယ္ဒိုကို ပြဲထြက္ခြင့္မေပးခဲ့တာက

ရာသီႀကိဳေလ့က်င့္ေလးအစီအစဥ္ေတြကိုလြဲေခ်ာ္ ထားခဲ့တာေၾကာင့္ျဖစ္တယ္လိုလည္း တန္ဟတ္ကေျပာခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ အရန္ခုံထိုင္ခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၅၃ မိနစ္အေရာက္မွသာ ဖရက္အစားဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္ဒို အေနနဲ႔ အခုလို အရန္ခုံထိုင္ခဲ့ရတာဟာ မန္ယူအတြက္ကစားေပးတဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ၂၀၀၅ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္လည္းျဖစ္ပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔ လာမယ့္ပြဲစဥ္မွာေတာ့ ပြဲထြက္ခြင့္ရလာဖိုရွိေနတာပါ။

ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေျခစြမ္းျပ ထားတဲ့ တိုက္စစ္မႉး မာရွယ္နဲ႔ လင္ဒီေလာ့တို ဒဏ္ရာျပႆနာေတြေၾကာင့္ ဘရန္ဖိုဒ္နဲ႔ပြဲစဥ္ကို ပါဝင္ႏိုင္ဦးမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ ပြဲထြက္ခြင့္ရထားတဲ့ ရက္ဖိုဒ္ကလည္း

ပီအက္စ္ဂ်ီနဲ႔ အေျပာင္း အေ႐ႊ႕သတင္းေတြထြက္ေနတာေၾကာင့္ နည္းျပတန္ဟတ္အေနနဲ႔ စီေရာ္နယ္ဒို ဦးစားလာဖြယ္ရွိေနလိုပါပဲ။ ၿပီးခဲ့တဲ့အဖြင့္ပြဲစဥ္ရလဒ္ဟာ စိတ္ပ်က္စရာေကာင္းခဲ့ေပမယ့္ နည္းစနစ္အသစ္ေတြနဲ႔ ပထမဆုံးပြဲထြက္လာတဲ့ အသင္းအတြက္ေတာ့

ပုံမွန္ျဖစ္ေလ့ျဖစ္ထရွိတဲ့အေျခအေနလိုလည္း နည္းျပတန္ဟတ္ကဆိုသြားခဲ့ပါတယ္။ လတ္တေလာထြက္ေပၚေနတဲ့ ရက္ဖိုဒ္ရဲ႕သတင္းေတြနဲ႔ပတ္သက္လိုေတာ့ နည္းျပတန္ဟတ္ဟာ အေကာင္းဘက္ ကဆိုသြားခဲ့ၿပီး သူ႔လိုကစားသမားမ်ိဳးကိုအသင္းမွာဆက္ရွိေနေစခ်င္တယ္လို ေျပာခဲ့ပါတယ္။