
မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ကျရင် ချဲလ်ဆီးနဲ့တွေ့မယ့်
ပွဲမှာ ဂိုးသွင်းနိုင်တာနဲ့ ကလပ်နဲ့ နိုင်ငံအဆင့် သွင်းဂိုး ၈၀၀
ပြည့်မှာဖြစ်ပါတယ်။ ဒီပွဲဟာမန်ယူအတွက်အဝေးကွင်းဖြစ်ပြီး နည်းပြအပြောင်း
အလဲဖြစ်မှုနဲ့အတူ မန်ယူရဲ့အပြောင်းအလဲဘယ်လိုရှိမလဲဆိုတာ စိတ်ဝင်တစား
စောင့်ကြည့်ရမယ့်နောက်ထပ်ပွဲကောင်းတစ်ခုပါဘဲ။ ချဲလ်ဆီးဟာ ပြည်တွင်း
မှာရောဥရောပမှာပါ ခြေစွမ်းပြနေတာကြောင့် မန်ယူအတွက်ခက်ခဲမယ့်ပွဲဖြစ်ပြီး
စီရော်နယ်ဒိုဟာလည်းပရီးမီးယားလိဂ်မှာ ချဲလ်ဆီးဘက်ကိုတစ်ကြိမ်မှ ဂိုးသွင်း
ယူနိုင်ခြင်းမရှိခဲ့လို့ သူ့အတွက်လည်း ခက်ခဲမယ့်ပွဲဖြစ်လာမှာပါ။
သူဟာ မန်ယူအသင်းရဲ့ချန်ပီယံလိဂ်အုပ်စုအဆင့် ၅ ပွဲစလုံးမှာဂိုးသွင်းယူထားနိုင်ပြီး
မန်ယူရခဲ့တဲ့ ၁၀ ဂိုးအနက် ၆ ဂိုးကိုသူကသွင်းပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာ
သူဟာ မန်ယူအတွက် ၁၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူထားလို့အဓိကကျသူဖြစ်နေပေမယ့်
ဘောလုံးဆုံးရှုံးချိန်မှာဖိအားလိုက်ပေးခြင်းမရှိလို့ ခေတ်သစ်ဘောလုံးကစားဟန်နဲ့
အံမဝင်တော့တဲ့ သူအဖြစ်ရော မန်ယူကိုဟန်ချက်မညီစေသူအဖြစ်ပါ အငြင်းပွားနေကြပါတယ်။
ဒါပေမယ့်လည်း ပရော်ဖက်ရှင်နယ်ဘဝ ၁၉ နှစ်ကြာခဲ့တဲ့အချိန်မှာ မယုံနိုင်စရာကောင်း
လောက်အောင် ၇၉၉ ဂိုးသွင်းထားတဲ့ စီရော်နယ်ဒိုရဲ့ ဂိုးသွင်းကောင်းမွန်မှုနဲ့ ခေါင်းတိုက်စွမ်းရည်
တွေကတော့ သူမတူအောင်ပါဘဲ။ အသင်းအတွက်ဂိုးလိုအပ်နေချိန်မှာ စီရော်နယ်ဒိုဟာ
အမြဲအသင့်ရှိနေတဲ့သူလို့ နည်းပြတိုင်းကလည်း ချီးကျူးခဲ့ကြရတာပါ။ ဒါကြောင့်
သူသွင်းခဲ့တဲ့ ဂိုးတွေအနက်ခေါင်းတိုက်ကဘယ်နှဂိုး၊ ညာခြေ/ဘယ်ခြေနဲ့ ဘယ်နှဂိုး
အစရှိတာတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၄ နဲ့ ၂၀၁၅ တို့မှာ
၄ ကြိမ်ရခဲ့ဘူးတဲ့ စီရော်နယ်ဒိုဟာ သူ့သွင်းခဲ့တဲ့ဂိုးတွေရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ ၆၈၃ ဂိုးကို
ပင်နယ်တီဧရိယာထဲကနေသွင်းခဲ့တာဖြစ်ပြီး ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁၆ ဂိုးကိုတော့
ဧရိယာအပြင်ဘက်ကနေသွင်းခဲ့တာပါ။ သူဟာစုစုပေါင်း ၁၀၉၅ ပွဲကစားခဲ့ပြီး
ခေါင်းတိုက်ဂိုးပေါင်းက ၁၄၀ ရှိလို့သွင်းဂိုးတွေရဲ့ ၁၈ ရာခိုင်နှုန်းဖြစ်ပါတယ်။
ညာသန်ကစားသမားဖြစ်တဲ့အတွက်လည်း ညာခြေနဲ့ဂိုးသွင်းနှုန်းကအများဆုံးဖြစ်ပြီး
၅၀၈ ဂိုးရှိတဲ့အတွက် ၆၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဘယ်ခြေနဲ့က ၁၄၉ ဂိုးသွင်းခဲ့လို့
သွင်းဂိုးတွေရဲ့ ၁၈ ရာခိုင်နှုန်းဖြစ်ပြီး ခြေထောက်၊ခေါင်း တို့နဲ့မဟုတ်ဘဲအခြား
ပုံစံတစ်မျိုးမျိုးနဲ့သွင်းခဲ့မှုက ၂ ဂိုးသာရှိလို့ ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပွဲစဉ်တွေရဲ့
ပထမပိုင်းမှာ ၃၅၁ ဂိုးသွင်းယူနိုင်ခဲ့လို့ ၄၃ ရာခိုင်နှုန်းဖြစ်ပြီး၊ ဒုတိယပိုင်းမှာ ၄၄၂ ဂို
း(၅၅ ရာခိုင်နှုန်း)၊ အချိန်ပိုမိနစ်တွေမှာ ၆ ဂိုးသွင်းခဲ့လို့ ၂ ရာခိုင်နှုန်းပါ။ ဒါ့အပြင်
ပင်နယ်တီကနေ ၁၄၁ ဂိုး၊ ဟက်ထရစ်ရရှိမှုပေါင်း ၅၈ ကြိမ်၊ တိုက်ရိုက်ဖရီးကစစ်ကနေ
၅၇ ဂိုးသွင်းယူထားပါသေးတယ်။ ဒီတော့ ချဲလ်ဆီးနဲ့ပွဲမှာ စီရော်နယ်ဒိုတစ်ယောက်
ဘယ်လိုပုံစံနဲ့ ဂိုးသွင်းမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။
Zawgyi
စီေရာ္နယ္ဒိုနဲ႔ သူ႔ရဲ႕သြင္းဂိုးေတြအေၾကာင္း
မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ တနဂၤေႏြေန႔က်ရင္ ခ်ဲလ္ဆီးနဲ႔ေတြ႕မယ့္
ပြဲမွာ ဂိုးသြင္းႏိုင္တာနဲ႔ ကလပ္နဲ႔ ႏိုင္ငံအဆင့္ သြင္းဂိုး ၈၀၀
ျပည့္မွာျဖစ္ပါတယ္။ ဒီပြဲဟာမန္ယူအတြက္အေဝးကြင္းျဖစ္ၿပီး နည္းျပအေျပာင္း
အလဲျဖစ္မႈနဲ႔အတူ မန္ယူရဲ႕အေျပာင္းအလဲဘယ္လိုရွိမလဲဆိုတာ စိတ္ဝင္တစား
ေစာင့္ၾကည့္ရမယ့္ေနာက္ထပ္ပြဲေကာင္းတစ္ခုပါဘဲ။ ခ်ဲလ္ဆီးဟာ ျပည္တြင္း
မွာေရာဥေရာပမွာပါ ေျခစြမ္းျပေနတာေၾကာင့္ မန္ယူအတြက္ခက္ခဲမယ့္ပြဲျဖစ္ၿပီး
စီေရာ္နယ္ဒိုဟာလည္းပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးဘက္ကိုတစ္ႀကိမ္မွ ဂိုးသြင္း
ယူႏိုင္ျခင္းမရွိခဲ့လို႔ သူ႔အတြက္လည္း ခက္ခဲမယ့္ပြဲျဖစ္လာမွာပါ။ သူဟာ မန္ယူ
အသင္းရဲ႕ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၅ ပြဲစလုံးမွာဂိုးသြင္းယူထားႏိုင္ၿပီး မန္ယူရခဲ့တဲ့
၁၀ ဂိုးအနက္ ၆ ဂိုးကိုသူကသြင္းေပးထားတာျဖစ္ပါတယ္။ လက္ရွိမွာသူဟာ မန္ယူ
အတြက္ ၁၄ ပြဲကစားၿပီး ၁၀ ဂိုးသြင္းယူထားလို႔အဓိကက်သူျဖစ္ေနေပမယ့္ ေဘာလုံး
ဆုံးရႈံးခ်ိန္မွာဖိအားလိုက္ေပးျခင္းမရွိလို႔ ေခတ္သစ္ေဘာလုံးကစားဟန္နဲ႔အံမဝင္ေတာ့တဲ့
သူအျဖစ္ေရာ မန္ယူကိုဟန္ခ်က္မညီေစသူအျဖစ္ပါ အျငင္းပြားေနၾကပါတယ္။ ဒါေပမယ့္
လည္း ပေရာ္ဖက္ရွင္နယ္ဘဝ ၁၉ ႏွစ္ၾကာခဲ့တဲ့အခ်ိန္မွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္
၇၉၉ ဂိုးသြင္းထားတဲ့ စီေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းေကာင္းမြန္မႈနဲ႔ ေခါင္းတိုက္စြမ္းရည္
ေတြကေတာ့ သူမတူေအာင္ပါဘဲ။ အသင္းအတြက္ဂိုးလိုအပ္ေနခ်ိန္မွာ စီေရာ္နယ္ဒိုဟာ
အၿမဲအသင့္ရွိေနတဲ့သူလို႔ နည္းျပတိုင္းကလည္း ခ်ီးက်ဴးခဲ့ၾကရတာပါ။ ဒါေၾကာင့္
သူသြင္းခဲ့တဲ့ ဂိုးေတြအနက္ေခါင္းတိုက္ကဘယ္ႏွဂိုး၊ ညာေျခ/ဘယ္ေျခနဲ႔ ဘယ္ႏွဂိုး
အစရွိတာေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
ဥေရာပဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၄ နဲ႔ ၂၀၁၅ တို႔မွာ
၄ ႀကိမ္ရခဲ့ဘူးတဲ့ စီေရာ္နယ္ဒိုဟာ သူ႔သြင္းခဲ့တဲ့ဂိုးေတြရဲ႕ ၈၅ ရာခိုင္ႏႈန္းျဖစ္တဲ့ ၆၈၃ ဂိုးကို
ပင္နယ္တီဧရိယာထဲကေနသြင္းခဲ့တာျဖစ္ၿပီး ၁၅ ရာခိုင္ႏႈန္းျဖစ္တဲ့ ၁၁၆ ဂိုးကိုေတာ့
ဧရိယာအျပင္ဘက္ကေနသြင္းခဲ့တာပါ။ သူဟာစုစုေပါင္း ၁၀၉၅ ပြဲကစားခဲ့ၿပီး
ေခါင္းတိုက္ဂိုးေပါင္းက ၁၄၀ ရွိလို႔သြင္းဂိုးေတြရဲ႕ ၁၈ ရာခိုင္ႏႈန္းျဖစ္ပါတယ္။
ညာသန္ကစားသမားျဖစ္တဲ့အတြက္လည္း ညာေျခနဲ႔ဂိုးသြင္းႏႈန္းကအမ်ားဆုံးျဖစ္ၿပီး
၅၀၈ ဂိုးရွိတဲ့အတြက္ ၆၃ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ဘယ္ေျခနဲ႔က ၁၄၉ ဂိုးသြင္းခဲ့လို႔
သြင္းဂိုးေတြရဲ႕ ၁၈ ရာခိုင္ႏႈန္းျဖစ္ၿပီး ေျခေထာက္၊ေခါင္း တို႔နဲ႔မဟုတ္ဘဲအျခား
ပုံစံတစ္မ်ိဳးမ်ိဳးနဲ႔သြင္းခဲ့မႈက ၂ ဂိုးသာရွိလို႔ ၁ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ပြဲစဥ္ေတြရဲ႕
ပထမပိုင္းမွာ ၃၅၁ ဂိုးသြင္းယူႏိုင္ခဲ့လို႔ ၄၃ ရာခိုင္ႏႈန္းျဖစ္ၿပီး၊ ဒုတိယပိုင္းမွာ ၄၄၂ ဂို
း(၅၅ ရာခိုင္ႏႈန္း)၊ အခ်ိန္ပိုမိနစ္ေတြမွာ ၆ ဂိုးသြင္းခဲ့လို႔ ၂ ရာခိုင္ႏႈန္းပါ။ ဒါ့အျပင္
ပင္နယ္တီကေန ၁၄၁ ဂိုး၊ ဟက္ထရစ္ရရွိမႈေပါင္း ၅၈ ႀကိမ္၊ တိုက္႐ိုက္ဖရီးကစစ္ကေန
၅၇ ဂိုးသြင္းယူထားပါေသးတယ္။ ဒီေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ စီေရာ္နယ္ဒိုတစ္ေယာက္
ဘယ္လိုပုံစံနဲ႔ ဂိုးသြင္းမလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။