စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ ဆက်ဆံရေးမပြေလည်တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာ

တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ကွင်းလယ်လူဖာနန်ဒက်စ်တို့ကြား ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို ပြသနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာတာကြောင့် ပေါ် တူဂီအဝတ်လဲခန်းအတွင်းမှာ

အဆင်မပြေမှုတွေ ရှိလာမှာကို ပရိသတ်တွေ စိုးရိမ်နေကြပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အကြို လေ့ကျင့်ရေးတွေ စလုပ်ဖို့ တာစူနေပြီဖြစ်တဲ့

ပေါ်တူဂီအသင်းရဲ့ အဝတ်လဲခန်းထဲမှာ တိုက် စစ်မှူး စီရော်နယ်ဒိုကို ဖာနန်ဒက်စ်က နှုတ်ဆက်ရာမှာ လိုလားတဲ့ အမူအရာ မျိုး မပြသခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ တွစ်တာပေးမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီ ဗီဒီ ယိုဖိုင်ထဲမှာ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ဖာနန်ဒက်စ်ကို လက်ဆွဲနှုတ် ဆက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မန်ယူကွင်းလယ်လူကတော့ ဝတ်ကျေတန်းကျေ လောက်ပဲ စကားပြောပြီး

လှည့်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူး အစီအစဉ် မထွက်ပေါ်လာခင်အချိန်အထိ စီရော်နယ်ဒို ဟာ ပေါ်တူဂီအသင်းမှာ ဘုရင်တစ်ဆူလို နေခွင့်ရတဲ့ ကစားသမားပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်က ရော်နယ်ဒိုကို လိုလားဟန် မပြခဲ့တာ တွေ့ရပါတယ်။ ရော်နယ်ဒိုရဲ့ အင်တာဗျူးဟာ မန်ယူ နဲ့ ပေါ်တူဂီကို ဂယက်ထသွားစေခဲ့ပြီး

နည်းပြတန်ဟတ်ရဲ့ အချစ်တော် ကစားသမားဖြစ်တဲ့ ဖာနန်ဒက်စ်ကလည်း အခုတော့ သူ့ကို ကြည်ပုံ မရတော့ပါဘူး။ အခုထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရဆိုရင်လည်း ဖာနန်ဒက်စ်ဟာ စီရော်နယ်ဒိုရဲ့

လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းမှုကို ကြည်ဖြူတဲ့ဟန်ပန်မျိုး မပြခဲ့ဘဲ အဖြစ်လောက်ပဲ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး သူနဲ့ ခပ်ကင်းကင်း နေဖို့ အတွက် လွတ်ရာကျွတ်ရာကို လမ်းလျှောက်ထွက်သွားခဲ့တာကို

တွေ့မြင်ခဲ့ရပါတယ်။ ဒီဗီဒီယို ထွက်ပေါ်လာပြီးတဲ့နောက် ပရိသတ်တွေကလည်း ဘရူနို ဖာနန်ဒက်စ်ရဲ့ လုပ်ရပ်ဟာ မှန်ကန်ခဲ့ပြီး စီရော်နယ်ဒိုကို လျစ်လျူရှုရတော့မှာ ဖြစ်ပြီး ဖာနန်ဒက်စ်ကိုပဲ ဦးဆောင်ခွင့်

ပေးရတော့မယ်လို့ ပရိသတ်တွေက လိုင်းပေါ်မှာ ညီညီညွတ်ညွတ်နဲ့ ထောက်ခံနေကြပြီဖြစ်ပါတယ်။ ‘’ဘရူနိုက ကျွန်တော့်ရဲ့ အသင်းခေါင်းဆောင်ပါ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာ မှာရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’ဖာနန်ဒက်စ်က အရင်ဦးဆုံး အသည်းပေးခံရမယ့် ယူနိုက်တက် ကစားသမားဖြစ်ပါတယ်’’ လို့ ရေးသားခဲ့ပါတယ်။ တတိယ တစ်ယောက်ကလည်း’’အင်တာဗျူးဖြေပြီးတဲ့နောက်

ဘာတွေများ မျှော်လင့်နေတာလဲဟ’’ လို့ ရေးသားသွားခဲ့ကြပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ ဆက္ဆံေရးမေျပလည္တဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာ

တိုက္စစ္မႉး စီေရာ္နယ္ဒိုနဲ႔ ကြင္းလယ္လူဖာနန္ဒက္စ္တို႔ၾကား ပုံမွန္မဟုတ္တဲ့ ဆက္ဆံေရးကို ျပသေနတဲ့ ဗီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာတာေၾကာင့္ ေပၚ တူဂီအဝတ္လဲခန္းအတြင္းမွာ အဆင္မေျပမႈေတြ ရွိလာမွာကို

ပရိသတ္ေတြ စိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အႀကိဳ ေလ့က်င့္ေရး ေတြ စလုပ္ဖို႔ တာစူေနၿပီျဖစ္တဲ့ ေပၚတူဂီအသင္းရဲ႕ အဝတ္လဲခန္းထဲမွာ

တိုက္ စစ္မႉး စီေရာ္နယ္ဒိုကို ဖာနန္ဒက္စ္က ႏႈတ္ဆက္ရာမွာ လိုလားတဲ့ အမူအရာ မ်ိဳး မျပသခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုဟာ တြစ္တာေပးမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အဲဒီ ဗီဒီ ယိုဖိုင္ထဲမွာ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ

ဖာနန္ဒက္စ္ကို လက္ဆြဲႏႈတ္ ဆက္ဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ မန္ယူကြင္းလယ္လူကေတာ့ ဝတ္ေက်တန္းေက် ေလာက္ပဲ စကားေျပာၿပီး လွည့္ထြက္သြားခဲ့တာကို ေတြ႕ရပါတယ္။ ပီးယာ့စ္ ေမာ္ဂန္နဲ႔

အင္တာဗ်ဴး အစီအစဥ္ မထြက္ေပၚလာခင္အခ်ိန္အထိ စီေရာ္နယ္ဒို ဟာ ေပၚတူဂီအသင္းမွာ ဘုရင္တစ္ဆူလို ေနခြင့္ရတဲ့ ကစားသမားပါ။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ေပၚတူဂီကြင္းလယ္လူ

ဖာနန္ဒက္စ္က ေရာ္နယ္ဒိုကို လိုလားဟန္ မျပခဲ့တာ ေတြ႕ရပါတယ္။ ေရာ္နယ္ဒိုရဲ႕ အင္တာဗ်ဴးဟာ မန္ယူ နဲ႔ ေပၚတူဂီကို ဂယက္ထသြားေစခဲ့ၿပီး နည္းျပတန္ဟတ္ရဲ႕ အခ်စ္ေတာ္

ကစားသမားျဖစ္တဲ့ ဖာနန္ဒက္စ္ကလည္း အခုေတာ့ သူ႔ကို ၾကည္ပုံ မရေတာ့ ပါဘူး။ အခုထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္အရဆိုရင္လည္း ဖာနန္ဒက္စ္ဟာ စီေရာ္နယ္ဒိုရဲ႕ လက္ဆြဲႏႈတ္ဆက္ဖို႔

ကမ္းလွမ္းမႈကို ၾကည္ျဖဴတဲ့ဟန္ပန္မ်ိဳး မျပခဲ့ဘဲ အျဖစ္ေလာက္ပဲ လက္ဆြဲႏႈတ္ဆက္ခဲ့ၿပီး သူနဲ႔ ခပ္ကင္းကင္း ေနဖို႔ အတြက္ လြတ္ရာကြၽတ္ရာကို လမ္းေလွ်ာက္ထြက္သြားခဲ့တာကို ေတြ႕ျမင္ခဲ့ ရပါတယ္။

ဒီဗီဒီယို ထြက္ေပၚလာၿပီးတဲ့ေနာက္ ပရိသတ္ေတြကလည္း ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ လုပ္ရပ္ဟာ မွန္ကန္ခဲ့ၿပီး စီေရာ္နယ္ဒိုကို လ်စ္လ်ဴရႈရေတာ့မွာ ျဖစ္ၿပီး ဖာနန္ဒက္စ္ကိုပဲ ဦးေဆာင္ခြင့္ ေပးရေတာ့မယ္လို႔

ပရိသတ္ေတြက လိုင္းေပၚမွာ ညီညီၫြတ္ၫြတ္နဲ႔ ေထာက္ခံေနၾကၿပီျဖစ္ပါတယ္။ ‘’ဘ႐ူႏိုက ကြၽန္ေတာ့္ရဲ႕ အသင္းေခါင္းေဆာင္ပါ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာ မွာေရးသားခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’ဖာနန္ဒက္စ္က အရင္ ဦးဆုံး အသည္းေပးခံရမယ့္ ယူႏိုက္တက္ ကစားသမားျဖစ္ပါတယ္’’ လို႔ ေရး သားခဲ့ပါတယ္။

တတိယတစ္ေယာက္ကလည္း’’အင္တာဗ်ဴးေျဖၿပီးတဲ့ေနာက္ ဘာေတြမ်ား ေမွ်ာ္လင့္ေနတာလဲဟ’’ လို႔ ေရးသားသြားခဲ့ၾကပါတယ္။