စီရော်နယ်ဒိုနဲ့မန်ယူ ခွာပြဲပုံကို စိတ်ပျက်စရာအဆုံးသတ်တစ်ခုလို့ ခေါင်းစဉ်တပ်လိုက်တဲ့ ရွန်နေး

မန်ယူအသင်းနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုတို့ရဲ့ ကတ္တီပါလမ်းခွဲဟာ စိတ်ပျက်စရာ အဆုံးသတ်တစ်ခုဖြစ်ခဲ့ပြီး သူ့အနေနဲ့ အံ့အားသင့်တာမျိုး မရှိဘူးလို့ ဒီစီ

ယူနိုက်တက်နည်းပြ ဝိန်းရွန်နေးက ပြောဆိုလိုက်ပါတယ်။ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နေးဟာ စီရော်နယ်ဒိုနဲ့အတူ ၂၀၀၀ ပြည့်နှစ်အလွန် ကာလတွေမှာ

အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့အတူ ရှိနေခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပြီး လက်ရှိမှာတော့ ရွန်နေးက နည်းပြအဖြစ် အခြေချဖို့ ကြိုးစားနေသူဖြစ်ပြီး စီရော်နယ်ဒိုကတော့

မြက်ခင်းစိမ်းတွေပေါ်က ကစားသမားအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့ လုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ အင်တာဗျူးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုက မန်ယူနဲ့

စီရော်နယ်ဒိုတို့အကြား နှစ်ဦးသဘောတူ လမ်းခွဲရတဲ့အထိ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့ အင်တာဗျူး အစီအစဉ်ထဲမှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နေးနဲ့

ဂယ်ရီနဗီးလ်တို့ကိုလည်း ဝေဖန်ပုတ်ခတ်ခဲ့သူပါ။ လက်ရှိအချိန် အထိ မြက်ခင်းစိမ်းတွေပေါ်မှာပဲ ရှိနေဆဲဖြစ်တဲ့ သူ့ကို အသင်းဖော်ဟောင်း ဖြစ်တဲ့ ရွန်နေးက မနာလိုဝန်တို ဖြစ်နေတယ်ဆိုပြီး

ရော်နယ်ဒိုက ဝေဖန်ခဲ့ပေ မဲ့ ရွန်နေးကတော့ အကောင်းဘက်ကနေပြီး ပြောဆိုထားခဲ့တာမျိုးတွေရှိပါ တယ်။ ဒါပေမဲ့ အခုလိုမျိုး အသင်းနဲ့ ခွာပြဲပြီးချိန်မှာတော့ ရွန်နေးက စီရော်နယ် ဒိုနဲ့ ပတ်သက်ပြီး အခုလို

ပြောဆိုခဲ့ပါတယ်။ ‘’ကျွန်တော် အံ့သြနေလားဆို တော့ ဟင့်အင်းပေါ့။ တခြားရွေးချယ်စရာမှ မရှိတာကိုး။ ဒါပေမဲ့ ဒါက စိတ် ပျက်စရာ အဆုံးသတ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက

အသင်းအတွက် အံ့အားသင့်စရာ အလုပ်အကျွေးပြုသူတစ်ယောက်ပါ။ သူသွား တဲ့ နေရာတိုင်းမှာ အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်’’ လို့ အဲဗာ တန် တိုက်စစ်မှူးဟောင်း

ရွန်နေးက Sport-18 သတင်းဌာနကို ပြောဆိုသွား ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မန်ယူအတွက် အရေးပါတဲ့ ကစားသမားမျိုး မဟုတ်တော့တဲ့အတွက်

ရောင်းထုတ်သင့်တယ်လို့လည်း ရွန်နေးက ထုတ်ပြောထားခဲ့တာမျိုး ရှိပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုနဲ႔မန္ယူ ခြာၿပဲပုံကို စိတ္ပ်က္စရာအဆုံးသတ္တစ္ခုလို႔ ေခါင္းစဥ္တပ္လိုက္တဲ့ ႐ြန္ေနး

မန္ယူအသင္းနဲ႔ တိုက္စစ္မႉး စီေရာ္နယ္ဒိုတို႔ရဲ႕ ကတၱီပါလမ္းခြဲဟာ စိတ္ပ်က္စ ရာ အဆုံးသတ္တစ္ခုျဖစ္ခဲ့ၿပီး သူ႔အေနနဲ႔ အံ့အားသင့္တာမ်ိဳး မရွိဘူးလို႔ ဒီစီ ယူႏိုက္တက္နည္းျပ ဝိန္း႐ြန္ေနးက

ေျပာဆိုလိုက္ပါတယ္။ မန္ယူ တိုက္စစ္မႉး ေဟာင္း ႐ြန္ေနးဟာ စီေရာ္နယ္ဒိုနဲ႔အတူ ၂၀၀၀ ျပည့္ႏွစ္အလြန္ ကာလေတြ မွာ အိုးလ္ထရက္ဖို႔ဒ္ကလပ္နဲ႔အတူ ရွိေနခဲ့ၾကတဲ့

ကစားသမားေတြျဖစ္ၿပီး လက္ရွိမွာေတာ့ ႐ြန္ေနးက နည္းျပအျဖစ္ အေျခခ်ဖို႔ ႀကိဳးစားေနသူျဖစ္ၿပီး စီ ေရာ္နယ္ဒိုကေတာ့ ျမက္ခင္းစိမ္းေတြေပၚက ကစားသမားအျဖစ္ ရွိေနဆဲပဲ ျဖစ္ပါတယ္။

ပီးယာ့စ္ေမာ္ဂန္နဲ႔ လုပ္ခဲ့တဲ့ အျငင္းပြားဖြယ္ရာ အင္တာဗ်ဴးရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးသက္ေရာက္မႈက မန္ယူနဲ႔ စီေရာ္နယ္ဒိုတို႔အၾကား ႏွစ္ဦးသေဘာတူ လမ္းခြဲရတဲ့အထိ ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ အင္တာဗ်ဴး အစီအစဥ္ထဲမွာ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဝိန္း႐ြန္ေနးနဲ႔ ဂယ္ရီနဗီးလ္တို႔ကိုလည္း ေဝဖန္ပုတ္ခတ္ခဲ့သူပါ။ လက္ရွိအခ်ိန္ အထိ ျမက္ခင္းစိမ္းေတြေပၚမွာပဲ

ရွိေနဆဲျဖစ္တဲ့ သူ႔ကို အသင္းေဖာ္ေဟာင္း ျဖစ္တဲ့ ႐ြန္ေနးက မနာလိုဝန္တို ျဖစ္ေနတယ္ဆိုၿပီး ေရာ္နယ္ဒိုက ေဝဖန္ခဲ့ေပ မဲ့ ႐ြန္ေနးကေတာ့ အေကာင္းဘက္ကေနၿပီး ေျပာဆိုထားခဲ့တာမ်ိဳးေတြရွိပါ တယ္။

ဒါေပမဲ့ အခုလိုမ်ိဳး အသင္းနဲ႔ ခြာၿပဲၿပီးခ်ိန္မွာေတာ့ ႐ြန္ေနးက စီေရာ္နယ္ ဒိုနဲ႔ ပတ္သက္ၿပီး အခုလို ေျပာဆိုခဲ့ပါတယ္။ ‘’ကြၽန္ေတာ္ အံ့ၾသေနလားဆို ေတာ့ ဟင့္အင္းေပါ့။

တျခားေ႐ြးခ်ယ္စရာမွ မရွိတာကိုး။ ဒါေပမဲ့ ဒါက စိတ္ ပ်က္စရာ အဆုံးသတ္တစ္ခုျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက အ သင္းအတြက္ အံ့အားသင့္စရာ အလုပ္အေကြၽးျပဳသူတစ္ေယာက္ပါ။

သူသြား တဲ့ ေနရာတိုင္းမွာ အေကာင္းဆုံးေတြ ျဖစ္ပါေစလို႔ ဆႏၵျပဳပါတယ္’’ လို႔ အဲဗာ တန္ တိုက္စစ္မႉးေဟာင္း ႐ြန္ေနးက Sport-18 သတင္းဌာနကို ေျပာဆိုသြား ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာ မန္ယူအတြက္ အေရးပါတဲ့ ကစားသမားမ်ိဳး မဟုတ္ေတာ့တဲ့အတြက္ ေရာင္းထုတ္သင့္တယ္လို႔လည္း ႐ြန္ေနးက ထုတ္ေျပာထားခဲ့တာမ်ိဳး ရွိပါတယ္။