စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ကစားသမားဘဝရဲ့အဆုံးသတ်ကို ရောက်နေပြီလို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

စီရော်နယ်ဒိုနဲ့မက်ဆီတို့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ်

သတ်မှတ်လို့မရနိုင်တော့ကြောင်း ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့

ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ခုမှာ သူတို့ရဲ့အကောင်းဆုံးအချိန်တွေကို

ဖြတ်သန်းနိုင်ခဲ့တဲ့ ၃၇ နှစ်အရွယ် စီရော်နယ်ဒိုဟာ ၃၄ နှစ်အရွယ်

မက်ဆီတို့ဟာ အခုချိန်မှာတော့ ၂၃ နှစ်အရွယ် အမ်ဘက်ပီနဲ့ ၂၁ နှစ်အရွယ်

ဟာလန်းတို့ရဲ့အားပြိုင်လာမှုနဲ့ ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ဂယ်ရီနဗီးလ်က အခုအချိန်မှာ ကမ္ဘာပေါ်က အသင်းကြီးတွေဟာ

စီရော်နယ်ဒိုနဲ့မက်ဆီတို့ကို ခေါ်ဖို့ထက် အကောင်းဆုံးနှစ်တွေစောင့်ကြိုနေမယ့်

ဘက်ပီနဲ့ဟာလန်းတို့နှစ်ယောက်အပြင် မိုဆာလာနဲ့

လီဝန်ဒေါစကီးတို့ကိုသာ ခေါ်ယူမှာလို့ ဆိုခဲ့ပါတယ်။

”ကြားထဲမှာ ပေါ်လာလိုက် မြှပ်သွားလိုက်သူတွေ အနည်းအကျဉ်းရှိခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ သူတို့ကစားသမားဘဝရဲ့

အဆုံးသတ်ကို ရောက်နေပြီဆိုတာ သံသယရှိစရာမလိုပါဘူး။

ဒီရာသီကုန်တာနဲ့ သူတို့အနားယူသွားမှာလု့ိ ဆိုလိုချင်တာ မဟုတ်ပါဘူး။

စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ နောက်ထပ် ၃၊ ၄ နှစ်လောက်ကစားနိုင်စွမ်းရှိပါသေးတယ်။

ကြီးကျယ်တဲ့ကစားသမားနှစ်ယောက်အကြောင်းပြောရာမှာ

ကျဆင်းတယ်ဆိုတာဟာ မှားယွင်းတဲ့စကားလုံးလိုပါပဲ။

ဒါပေမဲ့ သူတို့ဟာ ကျဆင်းနေတဲ့အင်အားစုတွေဆိုတာ သံသယရှိစရာမလိုပါဘူး။

အခုချိန်မှာ ဘယ်သူ့ကို ခေါ်ချင်သလဲလို့ လူတွေကို မေးလိုက်ရင်

ဘယ်သူကမှ စီရော်နယ်ဒိုနဲ့မက်ဆီကို ပြောမှာမဟုတ်ပါဘူး။

အဲဒီအစား အမ်ဘက်ပီ၊ ဟာလန်း၊ မိုဆာလာနဲ့ လီဝန်ဒေါစကီးတို့ကိုသာ ပြောမှာပါ။

သူတို့နှစ်ယောက်က အမြင့်ဆုံးအဆင့်မှာ

ကစားနိုင်နေဆဲဆိုပေမယ့် အရင်လိုမဟုတ်တော့ပါဘူး။

သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေမဟုတ်တော့ပါဘူး”လို့

အဲဒီမန်ယူဂန္ထဝင်က Sky Sports သတင်းဌာနကို ပြောခဲ့တာပါ။

မိုဆာလာက ၃၀ ထဲချဉ်းကပ်လာသလို လီဝန်ဒေါစကီးကလည်း

၃၃ နှစ်ရှိပြီဖြစ်ပေမယ့် နှစ်ယောက်စလုံးကတော့ ခြေစွမ်းကျဆင်းသွားတဲ့ပုံမရှိပါဘူး။

ဆာလာက ဒီရာသီ ၃၄ ပွဲမှာ ၂၇ ဂိုးသွင်းထားသလို

လီဝန်ဒေါစကီးကလည်း ၃၅ ပွဲမှာ ၄၂ ဂိုးသွင်းထားတာပါ။

ဟာလန်းက ၂၁ ပွဲမှာ ၂၃ ဂိုးသွင်းထားပြီး

အမ်ဘက်ပီကလည်း ၃၅ ပွဲမှာ ၂၅ ဂိုးသွင်းထားပါတယ်

zawgyi

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ ကစားသမားဘဝရဲ႕အဆုံးသတ္ကို ေရာက္ေနၿပီလို႔ ဆိုလိုက္တဲ့ ဂယ္ရီနဗီးလ္

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ကို ကမာၻ႔အေကာင္းဆုံးကစားသမားေတြအျဖစ္

သတ္မွတ္လို႔မရႏိုင္ေတာ့ေၾကာင္း ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့

ဂယ္ရီနဗီးလ္က ေျပာၾကားလိုက္ပါတယ္။

လြန္ခဲ့တဲ့ဆယ္စုႏွစ္ခုမွာ သူတို႔ရဲ႕အေကာင္းဆုံးအခ်ိန္ေတြကို

ျဖတ္သန္းႏိုင္ခဲ့တဲ့ ၃၇ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ ၃၄ ႏွစ္အ႐ြယ္

မက္ဆီတို႔ဟာ အခုခ်ိန္မွာေတာ့ ၂၃ ႏွစ္အ႐ြယ္ အမ္ဘက္ပီနဲ႔ ၂၁ ႏွစ္အ႐ြယ္

ဟာလန္းတို႔ရဲ႕အားၿပိဳင္လာမႈနဲ႔ ရင္ဆိုင္ေနရတာပါ။

ဒါ့အျပင္ ဂယ္ရီနဗီးလ္က အခုအခ်ိန္မွာ ကမာၻေပၚက အသင္းႀကီးေတြဟာ

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ကို ေခၚဖို႔ထက္ အေကာင္းဆုံးႏွစ္ေတြေစာင့္ႀကိဳေနမယ့္

ဘက္ပီနဲ႔ဟာလန္းတို႔ႏွစ္ေယာက္အျပင္ မိုဆာလာနဲ႔

လီဝန္ေဒါစကီးတို႔ကိုသာ ေခၚယူမွာလို႔ ဆိုခဲ့ပါတယ္။

”ၾကားထဲမွာ ေပၚလာလိုက္ ျမႇပ္သြားလိုက္သူေတြ အနည္းအက်ဥ္းရွိခဲ့ပါတယ္။

ဒါေပမဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ သူတို႔ကစားသမားဘဝရဲ႕

အဆုံးသတ္ကို ေရာက္ေနၿပီဆိုတာ သံသယရွိစရာမလိုပါဘူး။

ဒီရာသီကုန္တာနဲ႔ သူတို႔အနားယူသြားမွာလု႔ိ ဆိုလိုခ်င္တာ မဟုတ္ပါဘူး။

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ ေနာက္ထပ္ ၃၊ ၄ ႏွစ္ေလာက္ကစားႏိုင္စြမ္းရွိပါေသးတယ္။

ႀကီးက်ယ္တဲ့ကစားသမားႏွစ္ေယာက္အေၾကာင္းေျပာရာမွာ

က်ဆင္းတယ္ဆိုတာဟာ မွားယြင္းတဲ့စကားလုံးလိုပါပဲ။

ဒါေပမဲ့ သူတို႔ဟာ က်ဆင္းေနတဲ့အင္အားစုေတြဆိုတာ သံသယရွိစရာမလိုပါဘူး။

အခုခ်ိန္မွာ ဘယ္သူ႔ကို ေခၚခ်င္သလဲလို႔ လူေတြကို ေမးလိုက္ရင္

ဘယ္သူကမွ စီေရာ္နယ္ဒိုနဲ႔မက္ဆီကို ေျပာမွာမဟုတ္ပါဘူး။

အဲဒီအစား အမ္ဘက္ပီ၊ ဟာလန္း၊ မိုဆာလာနဲ႔ လီဝန္ေဒါစကီးတို႔ကိုသာ ေျပာမွာပါ။

သူတို႔ႏွစ္ေယာက္က အျမင့္ဆုံးအဆင့္မွာ

ကစားႏိုင္ေနဆဲဆိုေပမယ့္ အရင္လိုမဟုတ္ေတာ့ပါဘူး။

သူတို႔ဟာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြမဟုတ္ေတာ့ပါဘူး”လို႔

အဲဒီမန္ယူဂႏၴဝင္က Sky Sports သတင္းဌာနကို ေျပာခဲ့တာပါ။

မိုဆာလာက ၃၀ ထဲခ်ဥ္းကပ္လာသလို လီဝန္ေဒါစကီးကလည္း

၃၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ႏွစ္ေယာက္စလုံးကေတာ့ ေျခစြမ္းက်ဆင္းသြားတဲ့ပုံမရွိပါဘူး။

ဆာလာက ဒီရာသီ ၃၄ ပြဲမွာ ၂၇ ဂိုးသြင္းထားသလို

လီဝန္ေဒါစကီးကလည္း ၃၅ ပြဲမွာ ၄၂ ဂိုးသြင္းထားတာပါ။

ဟာလန္းက ၂၁ ပြဲမွာ ၂၃ ဂိုးသြင္းထားၿပီး အမ္ဘက္ပီကလည္း ၃၅ ပြဲမွာ ၂၅ ဂိုးသြင္းထားပါတယ္