
စီရော်နယ်ဒိုသာ မရှိရင် မန်ယူဟာ ဘယ်နေရာရောက်နေမလဲ။
အဲဒီပေါ်တူဂီစူပါစတားဟာ ရာသီစကတည်းက မန်ယူကို ပခုံးထမ်းထားပြီး
အကြိမ်ကြိမ်ကယ်တင်ပေးနိုင်ခဲ့တာပါ။ နောက်ကျအနိုင်ဂိုးတွေနဲ့
ပြဇာတ်ဆန်ဆန်ချေပဂိုးတွေက လက်ရှိအိုးလ်ထရက်ဖို့ဒ်ရဲ့မိုးလေဝသဖြစ်နေပြီး
စီရော်နယ်ဒိုရဲ့သူရဲကောင်းဆန်ဆန်ကယ်တင်ပေးမှုတွေက အရေးပါနေတာပါ။
ဒီလိုအချိန်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး
စီရော်နယ်ဒိုအနေနဲ့ကလည်း မန်ယူကိုပြန်လာပြီးနောက်ပိုင်း
ပထမဆုံးမန်ချက်စတာဒါဘီပွဲကို ဆင်နွဲရတော့မှာပါ။
မန်စီးတီးနဲ့ ၃ မှတ်ကွာနေမှုကို လျှော့ချနိုင်ဖို့လိုပြီး ဒီတစ်ကြိမ်မှာလည်း
စီရော်နယ်ဒိုဟာ ကယ်တင်ရှင်ဖြစ်လိမ့်မယ်လို့ မန်ယူနဲ့သက်ဆိုင်သူအားလုံးက
မျှော်လင့်ထားကြမှာပါ။ ဒါပေမဲ့ အဲဒီပေါ်တူဂီသားဟာ ဂွါဒီယိုလာနဲ့ထိပ်တိုက်
တွေ့ဆုံမှုတွေမှာ ကိန်းဂဏန်းတွေ မကောင်းလှပါဘူး။
ဂွါဒီယိုလာနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ၁၆ ပွဲမှာ စီရော်နယ်ဒိုဟာ ၄ ပွဲသာနိုင်ခဲ့ပြီး
၄ ပွဲသရေနဲ့ ၈ ပွဲရှုံးခဲ့တာပါ။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ဂွါဒီယိုလာနဲ့
တွေ့ဆုံမှုတွေမှာ ၇ ဂိုးသာသွင်းနိုင်ခဲ့လို့ သူ့လိုကစားသမားအတွက်
အားမရစရာကိန်းဂဏန်းဖြစ်နေပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ
ဂွါဒီယိုလာကိုင်တဲ့အသင်းကို ပထမဆုံးအနိုင်ရဖို့အတွက် ၆ ပွဲစောင့်ခဲ့ရပြီး
၂၀၁၁ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးရဲလ်အတွက် အနိုင်ဂိုးသွင်းခဲ့တာပါ။
ဒီလိုကိန်းဂဏန်းအချက်အလက်တွေရှိပေမယ့်လည်း ဒါဘီပွဲဖြစ်နေတာကြောင့်
အဲဒါတွေက အခုချိန်မှာ အရေးမပါနိုင်ပါဘူး။ စီရော်နယ်ဒိုဟာ ဒီတစ်ကြိမ်မှာလည်း
မန်ယူရဲ့ကယ်တင်ရှင်သူရဲကောင်းဖြစ်ဦးမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။
zawgyi
စီေရာ္နယ္ဒိုနဲ႔ဂြါဒီယိုလာတို႔ရဲ႕ ဒါဘီပြဲမတိုင္ခင္ ေတြ႕ဆုံမႈမွတ္တမ္း
စီေရာ္နယ္ဒိုသာ မရွိရင္ မန္ယူဟာ ဘယ္ေနရာေရာက္ေနမလဲ။
အဲဒီေပၚတူဂီစူပါစတားဟာ ရာသီစကတည္းက မန္ယူကို ပခုံးထမ္းထားၿပီး
အႀကိမ္ႀကိမ္ကယ္တင္ေပးႏိုင္ခဲ့တာပါ။ ေနာက္က်အႏိုင္ဂိုးေတြနဲ႔
ျပဇာတ္ဆန္ဆန္ေခ်ပဂိုးေတြက လက္ရွိအိုးလ္ထရက္ဖို႔ဒ္ရဲ႕မိုးေလဝသျဖစ္ေနၿပီး
စီေရာ္နယ္ဒိုရဲ႕သူရဲေကာင္းဆန္ဆန္ကယ္တင္ေပးမႈေတြက အေရးပါေနတာပါ။
ဒီလိုအခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး
စီေရာ္နယ္ဒိုအေနနဲ႔ကလည္း မန္ယူကိုျပန္လာၿပီးေနာက္ပိုင္း
ပထမဆုံးမန္ခ်က္စတာဒါဘီပြဲကို ဆင္ႏြဲရေတာ့မွာပါ။
မန္စီးတီးနဲ႔ ၃ မွတ္ကြာေနမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔လိုၿပီး ဒီတစ္ႀကိမ္မွာလည္း
စီေရာ္နယ္ဒိုဟာ ကယ္တင္ရွင္ျဖစ္လိမ့္မယ္လို႔ မန္ယူနဲ႔သက္ဆိုင္သူအားလုံးက
ေမွ်ာ္လင့္ထားၾကမွာပါ။ ဒါေပမဲ့ အဲဒီေပၚတူဂီသားဟာ ဂြါဒီယိုလာနဲ႔ထိပ္တိုက္
ေတြ႕ဆုံမႈေတြမွာ ကိန္းဂဏန္းေတြ မေကာင္းလွပါဘူး။
ဂြါဒီယိုလာနဲ႔ ေတြ႕ဆုံခဲ့ဖူးတဲ့ ၁၆ ပြဲမွာ စီေရာ္နယ္ဒိုဟာ ၄ ပြဲသာႏိုင္ခဲ့ၿပီး
၄ ပြဲသေရနဲ႔ ၈ ပြဲရႈံးခဲ့တာပါ။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ဂြါဒီယိုလာနဲ႔
ေတြ႕ဆုံမႈေတြမွာ ၇ ဂိုးသာသြင္းႏိုင္ခဲ့လို႔ သူ႔လိုကစားသမားအတြက္
အားမရစရာကိန္းဂဏန္းျဖစ္ေနပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ
ဂြါဒီယိုလာကိုင္တဲ့အသင္းကို ပထမဆုံးအႏိုင္ရဖို႔အတြက္ ၆ ပြဲေစာင့္ခဲ့ရၿပီး
၂၀၁၁ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ရီးရဲလ္အတြက္ အႏိုင္ဂိုးသြင္းခဲ့တာပါ။
ဒီလိုကိန္းဂဏန္းအခ်က္အလက္ေတြရွိေပမယ့္လည္း ဒါဘီပြဲျဖစ္ေနတာေၾကာင့္
အဲဒါေတြက အခုခ်ိန္မွာ အေရးမပါႏိုင္ပါဘူး။ စီေရာ္နယ္ဒိုဟာ ဒီတစ္ႀကိမ္မွာလည္း
မန္ယူရဲ႕ကယ္တင္ရွင္သူရဲေကာင္းျဖစ္ဦးမလားဆိုတာ ေစာင့္ၾကည့္ၾကရမွာပါ။