စီရော်နယ်ဒိုကို 6သမယ့်နေ့ကျမှ ရှေ့တန်းထွက်ခိုင်းတဲ့အကြောင်း ရှင်းပြတဲ့ တန်ဟတ်

ဗီလာကို ၃-၁ ဂိုးရလဒ်နဲ့ ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အသင်းခေါင်းဆောင် အဖြစ် ကစားခိုင်းတာနဲ့ပတ်သက်ပြီး မန်ယူနည်းပြ

တန်ဟတ်က ရှင်းလင်းပြောဆိုပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့် မရခဲ့တာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းကဖြစ်ပြီး

အခု ဗီလာနဲ့ပွဲစဉ်မှာ ပထမဆုံး ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲပယ်ပြစ်ဒဏ် ထိထားတဲ့အတွက် စီရော်နယ်ဒိုကို

ရွေးချယ်ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲစဉ်မှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အရေးယူခံရပြီးတဲ့နောက် အသင်းနဲ့အတူ ပြန်လည်ပါဝင် ခွင့်ရခဲ့တဲ့ စီရော်နယ်ဒိုဟာ

အသင်းခေါင်းဆောင် ရာထူးအတွက် သင့်တော် သူတစ်ယောက်ဖြစ်တယ်လို့ တန်ဟတ်က ပြောထားခဲ့ဖူးပါတယ်။ အသင်း ခေါင်းဆောင်ရာထူးပေးဖို့အတွက်

ကက်စ်မီရိုအပါအဝင် ရွေးချယ်စရာ ကစား သမားအများအပြား ရှိနေပေမဲ့ ရော်နယ်ဒိုဟာ ဒီရာထူးနဲ့ပတ်သက်ပြီး စတုတ္ထ နေရာမှာ ရှိနေသူဖြစ်တယ်လို့

တန်ဟတ်က ရှင်းပြခဲ့ပါတယ်။ ‘’အသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဂွိုင်းယားက အရန်ခုံမှာရှိနေတယ်လေ။ ဒုတိယက ဒီဂီယာပါ။ ဒါပေမဲ့ သူက ဂိုးသမားဖြစ်နေတော့

ဘောလုံးကစားတဲ့ နေရာတွေနဲ့ အလှမ်းဝေးနေတယ်။ ကက်စ်မီရိုကလည်း ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူက အင်္ဂလိပ်လို သိပ်ပြီး ပြည့်ပြည့်စုံစုံ

မပြောနိုင်သေးဘူး။ ဒါကြောင့် စီရော်နယ်ဒိုက အသင်းခေါင်းဆောင် ဖြစ်သွားတာပဲ’’ လို့ တန်ဟတ်က ပွဲအပြီးမှာ ရှင်းချက်ထုတ်ခဲ့ပါတယ်။

၁၀ လလောက်ကြာမှ ပထမဆုံး ပြန်ရတဲ့ အသင်းခေါင်းဆောင်လတ်ပတ်ဟာ စီရော်နယ်ဒိုအတွက်တော့ ဂုဏ်ဆာစရာ အကြောင်းတရားတစ်ခုတော့ မဟုတ်ခဲ့တာသေချာပါတယ်။

သူအသင်းခေါင်းဆောင်အဖြစ် ပထမဆုံး ပြန်ပြီး ဦးဆောင်ခွင့်ရတဲ့ ဗီလာနဲ့ပွဲစဉ်ဟာ မန်ယူအတွက် ဝေဖန်ထိုးနှက်စရာ အချက်တွေ အများကြီး ရှိနေခဲ့ပြီး

ပရိသတ်တွေအတွက်လည်း အလိုမကျစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် တန်ဟတ်ကြီးကတော့ စီရော်နယ်ဒိုကို 6သမယ့်နေ့ကျမှ ရှေ့တန်း ထွက်ခိုင်းသလို ဖြစ်နေပါပြီ။

(Zawgyi)

စီေရာ္နယ္ဒိုကို 6သမယ့္ေန႔က်မွ ေရွ႕တန္းထြက္ခိုင္းတဲ့အေၾကာင္း ရွင္းျပတဲ့ တန္ဟတ္

ဗီလာကို ၃-၁ ဂိုးရလဒ္နဲ႔ ေျချပတ္၊ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္ အျဖစ္ ကစားခိုင္းတာနဲ႔ပတ္သက္ၿပီး မန္ယူနည္းျပ

တန္ဟတ္က ရွင္းလင္းေျပာဆိုပါတယ္။ စီေရာ္နယ္ဒိုဟာ မန္ယူ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ခြင့္ မရခဲ့တာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ကတည္းကျဖစ္ၿပီး အခု ဗီလာနဲ႔ပြဲစဥ္မွာ

ပထမဆုံး ျပန္လည္ ရရွိခဲ့တာျဖစ္ပါ တယ္။ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပြဲပယ္ျပစ္ဒဏ္ ထိထားတဲ့အ တြက္ စီေရာ္နယ္ဒိုကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး စပါးနဲ႔ပြဲစဥ္မွာ လူစားဝင္ဖို႔

ျငင္း ဆန္ခဲ့တဲ့အတြက္ အေရးယူခံရၿပီးတဲ့ေနာက္ အသင္းနဲ႔အတူ ျပန္လည္ပါဝင္ ခြင့္ရခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အသင္းေခါင္းေဆာင္ ရာထူးအတြက္ သင့္ေတာ္

သူတစ္ေယာက္ျဖစ္တယ္လို႔ တန္ဟတ္က ေျပာထားခဲ့ဖူးပါတယ္။ အသင္း ေခါင္းေဆာင္ရာထူးေပးဖို႔အတြက္ ကက္စ္မီ႐ိုအပါအဝင္ ေ႐ြးခ်ယ္စရာ ကစား သမားအမ်ားအျပား ရွိေနေပမဲ့

ေရာ္နယ္ဒိုဟာ ဒီရာထူးနဲ႔ပတ္သက္ၿပီး စတုတၳ ေနရာမွာ ရွိေနသူျဖစ္တယ္လို႔ တန္ဟတ္က ရွင္းျပခဲ့ပါတယ္။ ‘’အသင္းေခါင္းေဆာင္ျဖစ္တဲ့ မက္ဂြိဳင္းယားက အရန္ခုံမွာရွိေနတယ္ေလ။

ဒုတိယက ဒီဂီယာပါ။ ဒါေပမဲ့ သူက ဂိုးသမားျဖစ္ေနေတာ့ ေဘာလုံးကစားတဲ့ ေနရာေတြနဲ႔ အလွမ္းေဝးေနတယ္။ ကက္စ္မီ႐ိုကလည္း ေခါင္းေဆာင္ေကာင္း တစ္ေယာက္ပါပဲ။

ဒါေပမဲ့ သူက အဂၤလိပ္လို သိပ္ၿပီး ျပည့္ျပည့္စုံစုံ မေျပာႏိုင္ ေသးဘူး။ ဒါေၾကာင့္ စီေရာ္နယ္ဒိုက အသင္းေခါင္းေဆာင္ ျဖစ္သြားတာပဲ’’ လို႔ တန္ဟတ္က ပြဲအၿပီးမွာ ရွင္းခ်က္ထုတ္ခဲ့ပါတယ္။

၁၀ လေလာက္ၾကာမွ ပထမဆုံး ျပန္ရတဲ့ အသင္းေခါင္းေဆာင္လတ္ပတ္ဟာ စီေရာ္နယ္ဒိုအတြက္ ေတာ့ ဂုဏ္ဆာစရာ အေၾကာင္းတရားတစ္ခုေတာ့ မဟုတ္ခဲ့တာ ေသခ်ာပါ တယ္။

သူအသင္းေခါင္းေဆာင္အျဖစ္ ပထမဆုံး ျပန္ၿပီး ဦးေဆာင္ခြင့္ရတဲ့ ဗီလာနဲ႔ပြဲစဥ္ဟာ မန္ယူအတြက္ ေဝဖန္ထိုးႏွက္စရာ အခ်က္ေတြ အမ်ားႀကီး ရွိေနခဲ့ၿပီး

ပရိသတ္ေတြအတြက္လည္း အလိုမက်စရာေတြ ျဖစ္ခဲ့ရပါတယ္။ ဒါ ေၾကာင့္ တန္ဟတ္ႀကီးကေတာ့ စီေရာ္နယ္ဒိုကို 6သမယ့္ေန႔က်မွ ေရွ႕တန္း ထြက္ခိုင္းသလို ျဖစ္ေနပါၿပီ။