
စီရော်နယ်ဒိုရောက်လာပြီးနောက် ဂျူဗင်တပ်ဟာ သူ့ရဲ့DNA ပျောက်ဆုံးခဲ့ကြောင်း
အသင်းဂန္ထဝင်ဟောင်းဘူဖွန်က အခိုင်အမာပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အဲဒီဝါရင့်ဂိုးသမားက အဲဒီပေါ်တူဂီသားရှိစဉ်မှာ ဥရောပအောင်မြင်မှုမရခဲ့တဲ့
အပေါ်လည်း ပြန်ပြောင်းပြောခဲ့ပါတယ်။ ၃၆ နှစ်အရွယ် စီရော်နယ်ဒိုဟာ ၂၀၁၈ မှာ
ရီးရဲလ်ကနေ ရောက်လာတာဖြစ်ပြီး အဲဒီအချိန်တုန်းက ဂျူဗင်တပ်ဟာ ၂၀၁၇
ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးခါစမို့ ချန်ပီယံလိဂ်အောင်မြင်မှုအသည်းအသန်လိုချင်နေချိန်ပါ။
ဒါပေမဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေ ၂ ကြိမ်သာဗိုလ်စွဲခဲ့ပြီး ဥရောပ
ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိတော့ကာ မန်ယူကို သူမပြောင်းခင် နောက်ဆုံး
ရာသီမှာလည်း စီးရီးအေမှာ အဆင့် ၄ သာ ချိတ်ခဲ့ပါတယ်။
ဘူဖွန်ဟာ စီရော်နယ်ဒိုရဲ့ပထမဆုံးရာသီမှာ ဂျူဗင်တပ်ရဲ့အဝတ်အစားလဲခန်းထဲ
ရှိမနေခဲ့ဘဲ ၂၀၁၉ မှသာ ပီအက်စ်ဂျီကနေ ပြန်ရောက်လာခဲ့တာပါ။
”သူစရောက်တဲ့ ပထမဆုံးနှစ်မှာ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ အခွင့်
အရေးရှိခဲ့ပါတယ်။ ဘာဖြစ်သွားသလဲဆိုတာ ကျွန်တော်မပြောတော့တတ်ဘူး”လို့
အေဂျက်ကိုရှုံးပြီး ကွာတားဖိုင်နယ်က ထွက်ခဲ့ရတာနဲ့ပတ်သက်လို့ ဘူဖွန်က ပြောခဲ့တာပါ။
ဒါ့အပြင် ဘူဖွန်က”ကျွန်တော် ပြန်ရောက်လာတော့ စီရော်နယ်ဒိုနဲ့ ၂ နှစ် အတူ
ကစားခဲ့ပြီး ကျွန်တော်တို့အတူ ကောင်းကောင်းလုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဂျူဗင်တပ်
ဟာ အသင်းတစ်သင်းဆိုတဲ့ DNA ပျောက်ဆုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။
၂၀၁၇ မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့စဉ်က ကျွန်တော်တို့ဟာ အတွေ့အကြုံ
ပြည့်ဝတဲ့အသင်းတစ်သင်းဖြစ်ခဲ့တာပါ။ အဲဒါထက် ပိုတာက နေရာအတွက်
ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပေမယ့် ကျွန်တော်တို့အားလုံးဟာ တစ်စုတစ်စည်း
တည်းရှိခဲ့တာပါ။ စီရော်နယ်ဒိုကျတော့ အဲဒါပျောက်ဆုံးခဲ့ရတယ်”လို့ ဆက်လက်
ပြောကြားခဲ့ပါတယ်။
စီရော်နယ်ဒိုမရှိတော့တဲ့ အခုရာသီမှာ ဂျူဗင်တပ်ဟာ စီးရီးအေမှာ ရုန်းကန်ခဲ့ရပြီး
အဆင့် ၅ နေရာရောက်နေကာ ထိပ်ဆုံးက အင်တာနဲ့ ၁၂ မှတ်ကွာနေပါတယ်။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကစားသမားဘ၀ ၁၃၄ ပွဲမှာ ၁၀၁ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
Zawgyi
စီေရာ္နယ္ဒိုကို ၀ေဖန္ျပစ္တင္လိုက္တဲ့ ဘူဖြန္
စီေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ ဂ်ဴဗင္တပ္ဟာ သူ႔ရဲ႕DNA ေပ်ာက္ဆုံးခဲ့ေၾကာင္း
အသင္းဂႏၴဝင္ေဟာင္းဘူဖြန္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ အဲဒီဝါရင့္ဂိုးသမားက အဲဒီေပၚတူဂီသားရွိစဥ္မွာ ဥေရာပေအာင္ျမင္မႈမရခဲ့တဲ့
အေပၚလည္း ျပန္ေျပာင္းေျပာခဲ့ပါတယ္။ ၃၆ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ ၂၀၁၈ မွာ
ရီးရဲလ္ကေန ေရာက္လာတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက ဂ်ဴဗင္တပ္ဟာ ၂၀၁၇
ဗိုလ္လုပြဲမွာ ရႈံးနိမ့္ၿပီးခါစမို႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈအသည္းအသန္လိုခ်င္ေနခ်ိန္ပါ။
ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအ ၂ ႀကိမ္သာဗိုလ္စြဲခဲ့ၿပီး ဥေရာပ
ခ်န္ပီယံဆုကို စိန္ေခၚႏိုင္စြမ္းမရွိေတာ့ကာ မန္ယူကို သူမေျပာင္းခင္ ေနာက္ဆုံး
ရာသီမွာလည္း စီးရီးေအမွာ အဆင့္ ၄ သာ ခ်ိတ္ခဲ့ပါတယ္။
ဘူဖြန္ဟာ စီေရာ္နယ္ဒိုရဲ႕ပထမဆုံးရာသီမွာ ဂ်ဴဗင္တပ္ရဲ႕အဝတ္အစားလဲခန္းထဲ
ရွိမေနခဲ့ဘဲ ၂၀၁၉ မွသာ ပီအက္စ္ဂ်ီကေန ျပန္ေရာက္လာခဲ့တာပါ။
”သူစေရာက္တဲ့ ပထမဆုံးႏွစ္မွာ ဂ်ဴဗင္တပ္ဟာ ခ်န္ပီယံလိဂ္ဗိုလ္စြဲဖို႔ အခြင့္
အေရးရွိခဲ့ပါတယ္။ ဘာျဖစ္သြားသလဲဆိုတာ ကြၽန္ေတာ္မေျပာေတာ့တတ္ဘူး”လို႔
ေအဂ်က္ကိုရႈံးၿပီး ကြာတားဖိုင္နယ္က ထြက္ခဲ့ရတာနဲ႔ပတ္သက္လို႔ ဘူဖြန္က ေျပာခဲ့တာပါ။
ဒါ့အျပင္ ဘူဖြန္က”ကြၽန္ေတာ္ ျပန္ေရာက္လာေတာ့ စီေရာ္နယ္ဒိုနဲ႔ ၂ ႏွစ္ အတူ
ကစားခဲ့ၿပီး ကြၽန္ေတာ္တို႔အတူ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ဂ်ဴဗင္တပ္
ဟာ အသင္းတစ္သင္းဆိုတဲ့ DNA ေပ်ာက္ဆုံးခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
၂၀၁၇ မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ခဲ့စဥ္က ကြၽန္ေတာ္တို႔ဟာ အေတြ႕အႀကဳံ
ျပည့္ဝတဲ့အသင္းတစ္သင္းျဖစ္ခဲ့တာပါ။ အဲဒါထက္ ပိုတာက ေနရာအတြက္
ၿပိဳင္ဆိုင္မႈအရမ္းျပင္းထန္ေပမယ့္ ကြၽန္ေတာ္တို႔အားလုံးဟာ တစ္စုတစ္စည္း
တည္းရွိခဲ့တာပါ။ စီေရာ္နယ္ဒိုက်ေတာ့ အဲဒါေပ်ာက္ဆုံးခဲ့ရတယ္”လို႔ ဆက္လက္
ေျပာၾကားခဲ့ပါတယ္။
စီေရာ္နယ္ဒိုမရွိေတာ့တဲ့ အခုရာသီမွာ ဂ်ဴဗင္တပ္ဟာ စီးရီးေအမွာ ႐ုန္းကန္ခဲ့ရၿပီး
အဆင့္ ၅ ေနရာေရာက္ေနကာ ထိပ္ဆုံးက အင္တာနဲ႔ ၁၂ မွတ္ကြာေနပါတယ္။
စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကစားသမားဘ၀ ၁၃၄ ပြဲမွာ ၁၀၁ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။