စီရော်နယ်ဒိုကို အသင်းသားတွေအားလုံးရှေ့မှာ နည်းပြတန်ဟက် ဘာကြောင့် ကြိမ်းမောင်းပြစ်တင်ခဲ့တာလဲ

လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင် ကြာသပတေးနေ့က ပြုလုပ်တဲ့ မန်ယူအသင်းရဲ့ ၂ နာရီကြာ အစည်းအဝေးမှာ တိုက်စစ်မှူး စီရော်နယ်ဒိုတစ်ယောက် ငယ်ထိပ်ကို တူနဲ့ အထုခံရသလို ကြိမ်းမောင်းမှုတွေ ခံခဲ့ရတယ်လို့ The Sun သတင်း စာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ယူနည်းပြ တန်ဟက်ဟာ အသင်းသားတွေအားလုံးကို အစည်းအဝေး ခေါ်ယူခဲ့ပြီး မကျေနပ်ချက်တွေနဲ့ အလိုမကျမှုတွေကို ဘယ်သူ့မျက်နှာမှ ထောက်ထားစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောဖို့ တိုက်တွန်းခဲ့ပါတယ်။ လီဗာပူးနဲ့ ကစားမယ့်ပွဲစဉ်မှာ စီရော်နယ်ဒိုနဲ့

မက်ဂွိုင်းယားတို့ကို ထည့်ကစားမှာ မဟုတ်ဘူးဆိုတာကိုလည်း တန်ဟက်က အဲဒီအစည်းအဝေးမှာကတည်းက ပြောခဲ့တာပါ။ အသက် ၃၇ နှစ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုကတော့ အဲဒီအစည်းအဝေးမှာ စကား တစ်ခွန်းမှ မပြော ခဲ့ပါဘူး။ ဒါပေမဲ့ တခြားကစားသမား

တော်တော်များများကတော့ စကားပြောခဲ့ပါတယ်။ နောက်ပြီး စွမ်းဆောင်ရည်နိမ့်ကျနေတဲ့ ကစားသမားတွေနဲ့ ပတ် သက်ပြီး လုပ်ဆောင်သွားမယ့် ကိစ္စတွေကိုလည်း တန်ဟက်က ချပြခဲ့ပါတယ်။ အဲဒီနောက် သူတို့အသင်းဟာ လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ သူ့ရဲ့ အစီအစဉ်တချို့ကို ထိခိုက်ပျက်ပြားနေစေတဲ့ စီရော်နယ်ဒိုရဲ့ သတင်းတချို့ကြောင့် တန်ဟက်ဟာ ပေါ်တူဂီသားအပေါ်မှာ အလိုမကျဖြစ်နေသူပါ။ အနာဂတ်နဲ့ ပတ်သက်ပြီး အလုံးစုံ ထုတ်ပြောမယ်လို့ ကြွေးကြော်ထားခဲ့တဲ့

စီရော်နယ်ဒိုအပေါ်မှာ တန်ဟက် တော်တော်လေးကို ဒေါသထွက်နေတာပါ။ ဒါကြောင့် အခုဆိုရင် တန်ဟက်ဟာ ရီးရဲလ်တိုက်စစ်မှူးဟောင်းကို အသင်းပြောင်းစေချင်တဲ့ သဘော ဆောင်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း စီရော်နယ်ဒိုရဲ့ ကိစ္စတွေက အသင်းရဲ့ လေ့ကျင့်ရေး

အစီအစဉ်ကို ဂယက်ရိုက်ခတ်တာမျိုး ရှိနေတာကိုး။ နောက်ပြီး အဲဒီအစည်းအဝေးမှာ တန်ဟက်က အသင်းသားတွေအနေနဲ့ သူ့ ရဲ့ ပြောစကားအတိုင်း လိုက်နာမှာလား၊ ဒါမှမဟုတ် အသင်းအတွက် အဓိပ္ပါယ်မရှိတာတွေ အဖြစ်ခံမှာလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။

ဆိုရရင် ရာသီအစ ပွဲစဉ်နှစ်ခုစလုံးမှာ ရလဒ်တွေဆိုးတာက တစ်သင်းလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ စီရော်နယ်ဒိုတစ်ယောက်တည်းကိုပဲ အငြိုးတကြီးနဲ့ ကြိမ်းမောင်းခဲ့တဲ့ တန်ဟက်ရဲ့ လုပ်ရပ်ကတော့ လူကြီးလူကောင်း မဆန်ဘူးလို့ ပြောရမလို ဖြစ်နေပါပြီ။

(zawgyi)

လီဗာပူးနဲ႔ ပြဲစဥ္မတိုင္ခင္ ၾကာသပေတးေန႔က ျပဳလုပ္တဲ့ မန္ယူအသင္းရဲ႕ ၂ နာရီၾကာ အစည္းအေဝးမွာ တိုက္စစ္မႉး စီေရာ္နယ္ဒိုတစ္ေယာက္ ငယ္ထိပ္ကို တူနဲ႔ အထုခံရသလို ႀကိမ္းေမာင္းမႈေတြ ခံခဲ့ရတယ္လို႔ The Sun သတင္း စာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

မန္ယူနည္းျပ တန္ဟက္ဟာ အသင္းသားေတြအားလုံးကို အစည္းအေဝး ေခၚယူခဲ့ၿပီး မေက်နပ္ခ်က္ေတြနဲ႔ အလိုမက်မႈေတြကို ဘယ္သူ႔မ်က္ႏွာမွ ေထာက္ထားစရာမလိုဘဲ ပြင့္ပြင့္လင္းလင္း ေျပာဖို႔ တိုက္တြန္းခဲ့ပါတယ္။ လီဗာပူးနဲ႔ ကစားမယ့္ပြဲစဥ္မွာ

စီေရာ္နယ္ဒိုနဲ႔ မက္ဂြိဳင္းယားတို႔ကို ထည့္ကစားမွာ မဟုတ္ဘူးဆိုတာကိုလည္း တန္ဟက္က အဲဒီအစည္းအေဝးမွာကတည္းက ေျပာခဲ့တာပါ။ အသက္ ၃၇ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ အဲဒီအစည္းအေဝးမွာ စကား တစ္ခြန္းမွ မေျပာ ခဲ့ပါဘူး။

ဒါေပမဲ့ တျခားကစားသမား ေတာ္ေတာ္မ်ားမ်ားကေတာ့ စကားေျပာခဲ့ပါတယ္။ ေနာက္ၿပီး စြမ္းေဆာင္ရည္နိမ့္က်ေနတဲ့ ကစားသမားေတြနဲ႔ ပတ္ သက္ၿပီး လုပ္ေဆာင္သြားမယ့္ ကိစၥေတြကိုလည္း တန္ဟက္က ခ်ျပခဲ့ပါတယ္။ အဲဒီေနာက္ သူတို႔အသင္းဟာ

လီဗာပူးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားေနတဲ့ သူ႔ရဲ႕ အစီအစဥ္တခ်ိဳ႕ကို ထိခိုက္ပ်က္ျပားေနေစတဲ့ စီေရာ္နယ္ဒိုရဲ႕ သတင္းတခ်ိဳ႕ေၾကာင့္ တန္ဟက္ဟာ ေပၚတူဂီသားအေပၚမွာ အလိုမက်ျဖစ္ေနသူပါ။ အနာဂတ္နဲ႔ ပတ္သက္ၿပီး

အလုံးစုံ ထုတ္ေျပာမယ္လို႔ ေႂကြးေၾကာ္ထားခဲ့တဲ့ စီေရာ္နယ္ဒိုအေပၚမွာ တန္ဟက္ ေတာ္ေတာ္ေလးကို ေဒါသထြက္ေနတာပါ။ ဒါေၾကာင့္ အခုဆိုရင္ တန္ဟက္ဟာ ရီးရဲလ္တိုက္စစ္မႉးေဟာင္းကို အသင္းေျပာင္းေစခ်င္တဲ့ သေဘာ ေဆာင္ေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း စီေရာ္နယ္ဒိုရဲ႕ ကိစၥေတြက အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို ဂယက္႐ိုက္ခတ္တာမ်ိဳး ရွိေနတာကိုး။ ေနာက္ၿပီး အဲဒီအစည္းအေဝးမွာ တန္ဟက္က အသင္းသားေတြအေနနဲ႔ သူ႔ ရဲ႕ ေျပာစကားအတိုင္း လိုက္နာမွာလား၊ ဒါမွမဟုတ္ အသင္းအတြက္ အဓိပၸါယ္မရွိတာေတြ အျဖစ္ခံမွာလားဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

ဆိုရရင္ ရာသီအစ ပြဲစဥ္ႏွစ္ခုစလုံးမွာ ရလဒ္ေတြဆိုးတာက တစ္သင္းလုံးနဲ႔ သက္ဆိုင္တဲ့ကိစၥပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုတစ္ေယာက္တည္းကိုပဲ အၿငိဳးတႀကီးနဲ႔ ႀကိမ္းေမာင္းခဲ့တဲ့ တန္ဟက္ရဲ႕ လုပ္ရပ္ကေတာ့ လူႀကီးလူေကာင္း မဆန္ဘူးလို႔ ေျပာရမလို ျဖစ္ေနပါၿပီ။