စီရော်နယ်ဒိုကို အရေးယူမယ်ဆိုတဲ့ မန်ယူရဲ့ ပထမဆုံး ကြေညာချက်ထွက်လာ

စီရော်နယ်ဒိုရဲ့ ပေါက်ကွဲအားကောင်းလွန်းတဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး မန် ယူအသင်းရဲ့ ပထမဆုံး ကြေညာချက် ထွက်လာရာမှာ ပေါ်တူဂီသားရဲ့ ပရော် ဖက်ရှင်နယ် မပီသတဲ့ အပြုအမူတွေအပေါ်

အရေးယူဖို့ စီစဉ်နေပြီး သင့်တော် တဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို အိုးလ်ထရက်ဖို့ဒ်ကလပ်ဟာ သောကြာနေ့ မနက်ပိုင်းမှာ တရားဝင် ထုတ်ပြန် ခဲ့တာဖြစ်ပြီး

ဘယ်လိုမျိုး ပြစ်ဒဏ်တွေ ချမှတ်မယ် ဆိုတာနဲ့ ဘယ်လောက် အထိ အပြစ်ပေး အရေးယူမယ်ဆိုတာမျိုးကိုတော့ တိတိ ကျကျ ထုတ်ပြန်ခဲ့ တာ မရှိပါဘူး။ ‘’မကြာသေးခင်က သတင်းမီဒီယာ

တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ စီ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး မန်ယူူဟာ သင့်တော်တဲ့ ကနဦး အရေးယူမှုတွေကို ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တိကျ သေချာတဲ့ ဆုံးဖြတ်ချက်မျိုးတွေ

မရသည့်တိုင်အောင် မန်ယူအသင်းဟာ နောက်ထပ် ကြေညာချက်တွေ ထပ်ပြီး ထုတ်ပြန်မှာမဟုတ်ပါဘူး’’ လို့ မန်ယူ အသင်းရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့

ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ အဲဒီ အင်တာဗျူးအစီအစဉ်မှာ လက်ရှိ မန်ယူနည်းပြ အဲရစ်တန်ဟတ်ကို ဝေဖန်ပုတ်ခတ်ခဲ့သလို အသင်းပိုင်ရှင်တွေ ရဲ့ ရင်းနှီးမြှုပ်နှံမှု လစ်ဟင်းချက်တွေကိုလည်း

ထောက်ပြခဲ့တာပါ။ အခုလိုမျိုး သတင်းမီဒီယာတစ်ခုနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးဟာ သူ့ရဲ့ လက်ရှိ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းတန် စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်မှု ရှိသလား၊ မရှိသလား ဆိုတာ နဲ့

ပတ်သက်ပြီး မန်ချက်စတာ ကလပ်က ဥပဒေရေးရာ ပညာရှင်တွေနဲ့ တိုင် ပင်ခဲ့တယ်လို့ Dail Mail သတင်းစာက ရေးသားဖော်ပြပါတယ်။ မန်ယူအသင်း အကြီးအကဲတွေဟာ စီရော်နယ်ဒိုရဲ့ မိနစ် ၉၀ ကြာ

အင်တာဗျူး အစီအစဉ်ကို အပြီးသတ် ထုတ်လွှင့်ပြီးဆုံးချိန်အထိ စောင့်ဆိုင်းချင်နေတဲ့ ဆန္ဒမျိုး ရှိနေပြီး အကြောင်းအရာတွေကို စုံစုံလင်လင်သိပြီးတဲ့နောက် အလုံးစုံ စဉ်းစား ဆုံး ဖြတ်ပြီးမှ

အရေးယူမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ စိတ်ကူးရှိနေတယ်လို့ သိရပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုကို အေရးယူမယ္ဆိုတဲ့ မန္ယူရဲ႕ ပထမဆုံး ေၾကညာခ်က္ထြက္လာ

စီေရာ္နယ္ဒိုရဲ႕ ေပါက္ကြဲအားေကာင္းလြန္းတဲ့ အင္တာဗ်ဴးနဲ႔ပတ္သက္ၿပီး မန္ ယူအသင္းရဲ႕ ပထမဆုံး ေၾကညာခ်က္ ထြက္လာရာမွာ ေပၚတူဂီသားရဲ႕ ပေရာ္ ဖက္ရွင္နယ္ မပီသတဲ့

အျပဳအမူေတြအေပၚ အေရးယူဖို႔ စီစဥ္ေနၿပီး သင့္ေတာ္ တဲ့ လုပ္ေဆာင္မႈမ်ိဳးေတြ လုပ္သြားမယ္လို႔ သိရပါတယ္။ ဒီေၾကညာခ်က္ကို အိုးလ္ထရက္ဖို႔ဒ္ကလပ္ဟာ ေသာၾကာေန႔ မနက္ပိုင္းမွာ

တရားဝင္ ထုတ္ျပန္ ခဲ့တာျဖစ္ၿပီး ဘယ္လိုမ်ိဳး ျပစ္ဒဏ္ေတြ ခ်မွတ္မယ္ ဆိုတာနဲ႔ ဘယ္ေလာက္ အထိ အျပစ္ေပး အေရးယူမယ္ဆိုတာမ်ိဳးကိုေတာ့ တိတိ က်က် ထုတ္ျပန္ခဲ့ တာ မရွိပါဘူး။

‘’မၾကာေသးခင္က သတင္းမီဒီယာ တစ္ခုနဲ႔ ျပဳလုပ္ခဲ့တဲ့ စီ ေရာ္နယ္ဒိုရဲ႕ အင္တာဗ်ဴးနဲ႔ ပတ္သက္ၿပီး မန္ယူူဟာ သင့္ေတာ္တဲ့ ကနဦး အေရးယူမႈေတြကို ေဆာင္႐ြက္သြားဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

တိက် ေသခ်ာတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးေတြ မရသည့္တိုင္ေအာင္ မန္ယူူအသင္းဟာ ေနာက္ထပ္ ေၾကညာခ်က္ေတြ ထပ္ၿပီး ထုတ္ျပန္မွာမဟုတ္ပါဘူး’’ လို႔ မန္ယူ အသင္းရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ တဲ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ အဲဒီ အင္တာဗ်ဴးအစီအစဥ္မွာ လက္ရွိ မန္ယူနည္းျပ အဲရစ္တန္ဟတ္ကို ေဝဖန္ပုတ္ခတ္ခဲ့သလို အသင္းပိုင္ရွင္ေတြ ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ

လစ္ဟင္းခ်က္ေတြကိုလည္း ေထာက္ျပခဲ့တာပါ။ အခုလိုမ်ိဳး သတင္းမီဒီယာတစ္ခုနဲ႔ လုပ္ခဲ့တဲ့ သူ႔ရဲ႕ လက္ရွိ တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းတန္ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို ခ်ိဳးေဖာက္မႈ ရွိသလား၊ မရွိသလား ဆိုတာ နဲ႔

ပတ္သက္ၿပီး မန္ခ်က္စတာ ကလပ္က ဥပေဒေရးရာ ပညာရွင္ေတြနဲ႔ တိုင္ ပင္ခဲ့တယ္လို႔ Dail Mail သတင္းစာက ေရးသားေဖာ္ျပပါတယ္။ မန္ယူအသင္း အႀကီးအကဲေတြဟာ စီေရာ္နယ္ဒိုရဲ႕ မိနစ္ ၉၀ ၾကာ အင္တာဗ်ဴး

အစီအစဥ္ကို အၿပီးသတ္ ထုတ္လႊင့္ၿပီးဆုံးခ်ိန္အထိ ေစာင့္ဆိုင္းခ်င္ေနတဲ့ ဆႏၵမ်ိဳး ရွိေနၿပီး အေၾကာင္းအရာေတြကို စုံစုံလင္လင္သိၿပီးတဲ့ေနာက္ အလုံးစုံ စဥ္းစား ဆုံး ျဖတ္ၿပီးမွ အေရးယူမယ့္

ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ဖို႔ စိတ္ကူးရွိေနတယ္လို႔ သိရပါတယ္။