စီရော်နယ်ဒိုကို အရင်းတည်ပြီး မန်ယူနဲ့ နာပိုလီကြားမှာ နှစ်ကျပ်ကွက် ခင်းနေတဲ့ ဂျော့မန်ဒက်စ်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စနေနေ့မှာ ကြား လိုက်ရတဲ့သတင်းတွေကတော့ နည်းနည်းလေး ထူးဆန်းနေပါတယ်။ အဲဒီ သတင်းကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားလိုနေတဲ့ စီရော်နယ်ဒိုဟာ စီးရီးအေထိပ်သီး နာပိုလီကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းပါ။

ဒီသတင်းက ဘာများ ထူးဆန်းလို့လဲကွာလို့တော့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်။ ဒီ သတင်းက ဘာမှ မထူးဆန်းပါဘူး။ ဒါပေမဲ့ ထူးခြားတာက အေးဂျင့်ဂျော့ မန်ဒက်စ်ရဲ့ နှစ်ကျပ်ကွက်ခင်းတဲ့ သတင်းပါပဲ။ သရဲနီတွေဟာ စီရော်နယ်ဒိုကို ရောင်းထုတ်ချင်နေတယ်ဆိုတာသိတဲ့

မန်ဒက်စ် အဖြေတစ်ခု ထုတ်ပေး နိုင်ဖို့အတွက် နာပိုလီနဲ့ နာရီအတန်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး တစ်ဖက် မှာ စီရော်နယ်ဒို ထွက်သွားရင် ကစားသမားအသစ်တစ်ယောက် အစားထိုး ချင်နေတဲ့ မန်ယူရဲ့ ပုစ္ဆာကိုလည်း အဖြေထုတ်ပေးဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်လို့များ မန်ဒက်စ်နဲ့ နာပိုလီအသင်းအကြား လက်ဝါးရိုက်ပြီး အပြောင်းအရွှေ့ ဖြစ်လာခဲ့ပြီဆိုရင် တစ်ဖက်မှာ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုလည်း အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ပို့ပေးမယ့် အခြေအနေမျိုး ဖြစ်သွားပါပြီ။ Sky Sport ရဲ့ သတင်းတွေအရ

မန်ချက်စတာ ကလပ်ဟာ အို ဆီမန်ကို သဘောကျနေပြီး စီရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် စာရင်းသွင်းထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ နာပိုလီဟာ နိုင်ဂျီး ရီးယားတိုက်စစ်မှူးအတွက် ဈေးပေါပေါနဲ့ လက်လွှတ်မယ့် အနေအထားမျိုး မရှိသလို

ဂဏန်းသုံးလုံး အရေအတွက်လောက်မှ စဉ်းစားမယ့် သဘောမျိုး ဆောင်နေပါတယ်။ ဒါ့အပြင် မန်ယူအနေနဲ့ စီရော်နယ်ဒိုဆီ စီးရီးအေကလပ် မှာ လာကစားစေချင်တယ်ဆိုရင် ကစားသမားရဲ့ လုပ်ခလစာ ၈၀ ရာခိုင်နှုန်း ကိုလည်း အင်္ဂလန်ကလပ်က ပေးချေစေဖို့ နာပိုလီက

ဆန္ဒရှိနေပါတယ်။ လက်ရှိမှာ အေဂျက်ဇ်ကစားသမား အန်တိုနီနဲ့တင် ယောက်ယက်ခတ်နေတဲ့ မန်ယူဟာ စီရော်နယ်ဒိုဘက်ကို မြားဦးမလှည့်နိုင်တာတော့ သေချာပါတယ်။ ဒါပေမဲ့ မန်ယူနဲ့ နာပိုလီကြားမှာ စီရော်နယ်ဒိုကို အရင်းတည်ပြီး နှစ်ကျပ်ကွက် ခင်းနေတဲ့ အေးဂျင့် ဂျော့မန်ဒက်ဇ်ရဲ့ ရိုက်ချက်က စိတ်ဝင်စားစရာ ကောင်း နေပါတယ်။

(zawgyi)

မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး စေနေန႔မွာ ၾကား လိုက္ရတဲ့သတင္းေတြကေတာ့ နည္းနည္းေလး ထူးဆန္းေနပါတယ္။ အဲဒီ သတင္းကေတာ့ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ကစားလိုေနတဲ့ စီေရာ္နယ္ဒိုဟာ စီးရီးေအထိပ္သီး နာပိုလီကို ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ သတင္းပါ။ ဒီသတင္းက ဘာမ်ား ထူးဆန္းလို႔လဲကြာလို႔ေတာ့ ေျပာစရာရွိပါတယ္။ ဟုတ္ပါတယ္။

ဒီ သတင္းက ဘာမွ မထူးဆန္းပါဘူး။ ဒါေပမဲ့ ထူးျခားတာက ေအးဂ်င့္ေဂ်ာ့ မန္ဒက္စ္ရဲ႕ ႏွစ္က်ပ္ကြက္ခင္းတဲ့ သတင္းပါပဲ။ သရဲနီေတြဟာ စီေရာ္နယ္ဒိုကို ေရာင္းထုတ္ခ်င္ေနတယ္ဆိုတာသိတဲ့ မန္ဒက္စ္ အေျဖတစ္ခု ထုတ္ေပး ႏိုင္ဖို႔အတြက္ နာပိုလီနဲ႔ နာရီအတန္ၾကာ

ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး တစ္ဖက္ မွာ စီေရာ္နယ္ဒို ထြက္သြားရင္ ကစားသမားအသစ္တစ္ေယာက္ အစားထိုး ခ်င္ေနတဲ့ မန္ယူရဲ႕ ပုစာၦကိုလည္း အေျဖထုတ္ေပးဖို႔ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။ တကယ္လို႔မ်ား မန္ဒက္စ္နဲ႔ နာပိုလီအသင္းအၾကား

လက္ဝါး႐ိုက္ၿပီး အေျပာင္းအေ႐ႊ႕ ျဖစ္လာခဲ့ၿပီဆိုရင္ တစ္ဖက္မွာ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမန္ကိုလည္း အိုးလ္ထရက္ဖို႔ဒ္ဆီ အေရာက္ပို႔ေပးမယ့္ အေျခအေနမ်ိဳး ျဖစ္သြားပါၿပီ။ Sky Sport ရဲ႕ သတင္းေတြအရ မန္ခ်က္စတာ ကလပ္ဟာ အို ဆီမန္ကို သေဘာက်ေနၿပီး

စီေရာ္နယ္ဒိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ စာရင္းသြင္းထားၿပီးသား ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ နာပိုလီဟာ ႏိုင္ဂ်ီး ရီးယားတိုက္စစ္မႉးအတြက္ ေဈးေပါေပါနဲ႔ လက္လႊတ္မယ့္ အေနအထားမ်ိဳး မရွိသလို ဂဏန္းသုံးလုံး အေရအတြက္ေလာက္မွ

စဥ္းစားမယ့္ သေဘာမ်ိဳး ေဆာင္ေနပါတယ္။ ဒါ့အျပင္ မန္ယူအေနနဲ႔ စီေရာ္နယ္ဒိုဆီ စီးရီးေအကလပ္ မွာ လာကစားေစခ်င္တယ္ဆိုရင္ ကစားသမားရဲ႕ လုပ္ခလစာ ၈၀ ရာခိုင္ႏႈန္း ကိုလည္း အဂၤလန္ကလပ္က ေပးေခ်ေစဖို႔ နာပိုလီက ဆႏၵရွိေနပါတယ္။

လက္ရွိမွာ ေအဂ်က္ဇ္ကစားသမား အန္တိုနီနဲ႔တင္ ေယာက္ယက္ခတ္ေနတဲ့ မန္ယူဟာ စီေရာ္နယ္ဒိုဘက္ကို ျမားဦးမလွည့္ႏိုင္တာေတာ့ ေသခ်ာပါတယ္။ ဒါေပမဲ့ မန္ယူနဲ႔ နာပိုလီၾကားမွာ စီေရာ္နယ္ဒိုကို အရင္းတည္ၿပီး ႏွစ္က်ပ္ကြက္ ခင္းေနတဲ့ ေအးဂ်င့္ ေဂ်ာ့မန္ဒက္ဇ္ရဲ႕ ႐ိုက္ခ်က္က စိတ္ဝင္စားစရာ ေကာင္း ေနပါတယ္။