စီရော်နယ်ဒိုကို အနောက်ကမ္ဘာသားတွေ မက်လုံးပေးပြီး ဆွဲဆောင်နေပြီ

လက်ရှိအချိန်မှာ မန်ယူနဲ့ အစေးမကပ်တော့တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အမေရိကန် မေဂျာလိဂ်ကလပ် ၃ သင်းလောက်က စိတ်ဝင်စားမှု ရှိနေတယ်လို့

သတင်းထွက်လာပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီ မတိုင်ခင်ကတည်းက မန်ယူနဲ့ လမ်းခွဲမယ်တကဲကဲ လုပ်နေတဲ့ စီရော်နယ်ဒို ကြောင့် သူ့ရဲ့ သတင်းတွေဟာ

သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာ ယူထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အသင်းပြောင်းဖို့ အဆင်မပြေခဲ့ ပြီးတဲ့နောက်မှာတော့ နည်းပြတန်ဟတ်ဟာ သူ့ကို အရန်ခုံမှာပဲ အချိန်ကုန် စေခဲ့တာပါ။

ဒါ့အပြင် မန်ယူရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေမှာလည်း ပုံမှန်ပွဲထွက် ခွင့်ရဖို့ မရေရာ မသေချာဖြစ်နေတဲ့ စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စိတ် ဝင်စားနေတဲ့ အသင်း ၃ သင်းလောက် ရှိနေတယ်လို့ အမေရိကန် အခြေစိုက်

လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြပါတယ်။ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စီရော်နယ်ဒိုဟာ သူ့ရဲ့ အမှတ်တံဆိပ်ကို အနောက်ကမ္ဘာဆီ ပိုမို ဖြန့်ကျက်လိုနေတာကြောင့်

မေဂျာ လိဂ်ကို ပြောင်းလာနိုင်တယ်လို့ အဲဒီသတင်းစာက သုံးသပ်ပါတယ်။ စီရော် နယ်ဒိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ယူကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းက

ထိပ်ဆုံးကနေ ဦး ဆောင်နေပြီး ဒီပေါ်တူဂီသားကို အထူးသတ်မှတ်ပြဌာန်းထားတဲ့ စာချုပ်မျိုးနဲ့ ခေါ်ယူဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။ အဲဒီစာချုပ်မျိုးကို အရင်တုန်းက ရီးရဲလ်တိုက်စစ်မှူးဟောင်း ဟီဂူအင်

ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ဟီဂူအင် က အနားယူသွားပြီဖြစ်တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် စီရော် နယ်ဒိုလို အရှိန်အဝါ ကြီးမားတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

သူ့နောက်မှာတော့ ဒေးဗစ်ဘက်ဟမ်း၊ ဂျရတ်နဲ့ အီဘရာဗီဟိုဗစ်တို့ကို ခေါ်ယူခဲ့ဖူးတဲ့ LA ဂလက်ဆီအသင်းက ရှိနေပါတယ်။ ဂျူဗင်တပ် တိုက်စစ်မှူးဟောင်းကို ခေါ်ယူလိုနေတဲ့

တတိယမြောက် မေဂျာလိဂ်ကလပ်ကတော့ လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းပဲ ဖြစ်တယ်လို့ Sportkeeda ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသွားခဲ့ပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုကို အေနာက္ကမာၻသားေတြ မက္လုံးေပးၿပီး ဆြဲေဆာင္ေနၿပီ

လက္ရွိအခ်ိန္မွာ မန္ယူနဲ႔ အေစးမကပ္ေတာ့တဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ ၃ သင္းေလာက္က စိတ္ဝင္ စားမႈ ရွိေနတယ္လို႔ သတင္းထြက္လာပါတယ္။

၂၀၂၂-၂၃ ေဘာလုံးရာသီ မတိုင္ခင္ကတည္းက မန္ယူနဲ႔ လမ္းခြဲမယ္တကဲကဲ လုပ္ေနတဲ့ စီေရာ္နယ္ဒို ေၾကာင့္ သူ႔ရဲ႕ သတင္းေတြဟာ သတင္းစာေတြရဲ႕ ေခါင္းႀကီးပိုင္းမွာ ေနရာ ယူထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ အသင္းေျပာင္းဖို႔ အဆင္မေျပခဲ့ ၿပီးတဲ့ေနာက္မွာေတာ့ နည္းျပတန္ဟတ္ဟာ သူ႔ကို အရန္ခုံမွာပဲ အခ်ိန္ကုန္ ေစခဲ့တာပါ။

ဒါ့အျပင္ မန္ယူရဲ႕ ေရွ႕လာမယ့္ ပြဲစဥ္ေတြမွာလည္း ပုံမွန္ပြဲထြက္ ခြင့္ရဖို႔ မေရရာ မေသခ်ာျဖစ္ေနတဲ့ စီေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ စိတ္ ဝင္စားေနတဲ့ အသင္း ၃ သင္းေလာက္ ရွိေနတယ္လို႔

အေမရိကန္ အေျခစိုက္ ေလာ့စ္အိန္ဂ်လိစ္တိုင္းမ္သတင္းစာက ေရးသားေဖာ္ျပပါတယ္။ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ အမွတ္တံဆိပ္ကို အေနာက္ကမာၻဆီ

ပိုမို ျဖန႔္က်က္လိုေနတာေၾကာင့္ ေမဂ်ာ လိဂ္ကို ေျပာင္းလာႏိုင္တယ္လို႔ အဲဒီသတင္းစာက သုံးသပ္ပါတယ္။ စီေရာ္ နယ္ဒိုကို စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ မန္ယူကစားသမားေဟာင္း ေဒးဗစ္ဘက္ဟမ္း

ပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းက ထိပ္ဆုံးကေန ဦး ေဆာင္ေနၿပီး ဒီေပၚတူဂီသားကို အထူးသတ္မွတ္ျပဌာန္းထားတဲ့ စာခ်ဳပ္မ်ိဳးနဲ႔ ေခၚယူဖို႔ ႀကံ႐ြယ္ေနတယ္လို႔ သိရပါတယ္။ အဲဒီစာခ်ဳပ္မ်ိဳးကို အရင္တုန္းက

ရီးရဲလ္တိုက္စစ္မႉးေဟာင္း ဟီဂူအင္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး လက္ရွိမွာ ဟီဂူအင္ က အနားယူသြားၿပီျဖစ္တာေၾကာင့္ သူ႔ေနရာမွာ အစားထိုးဖို႔အတြက္ စီေရာ္ နယ္ဒိုလို႔ အရွိန္အဝါ ႀကီးမားတဲ့

ကစားသမားတစ္ေယာက္ကို ေခၚယူလိုေန တာျဖစ္ပါတယ္။ သူ႔ေနာက္မွာေတာ့ ေဒးဗစ္ဘက္ဟမ္း၊ ဂ်ရတ္နဲ႔ အီဘရာဗီဟို ဗစ္တို႔ကို ေခၚယူခဲ့ဖူးတဲ့ LA ဂလက္ဆီအသင္းက ရွိေနပါတယ္။

ဂ်ဴဗင္တပ္ တိုက္စစ္မႉးေဟာင္းကို ေခၚယူလိုေနတဲ့ တတိယေျမာက္ ေမဂ်ာလိဂ္ ကလပ္ ကေတာ့ ေလာ့စ္အိန္ဂ်လိစ္အက္ဖ္စီ အသင္းပဲ ျဖစ္တယ္လို႔ Sportkeeda ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပသြားခဲ့ပါတယ္။