စီရော်နယ်ဒိုကို ရုံခါပြီး မင်းသားအသစ်တင်တော့မယ့် မန်ယူ

အင်္ဂလန်အခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက်အရ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ယူအသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးထားပြီး ဂျာအိုဖိလစ်ကို

အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖိလစ်ကို ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ မန်ယူက ခေါ်ယူဖို့ ကြိုးစားခဲ့တာမျိုး ဖြစ်ပေမဲ့

မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ချက်စတာကလပ်ရဲ့ ကမ်းလှမ်းမှုကို ပေါ်တူဂီသားတိုက်စစ်မှူး ကိုယ်တိုင်က ငြင်းပယ်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လူငယ်ကစားသမားဘဝမှာ

ဘင်ဖီကာနဲ့အတူ တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာတော့ ကမ္ဘာပေါ်က တန်ဖိုးအမြင့်မားဆုံး တိုက်စစ်မှူးစာရင်းထဲမှာ ဂျာအိုဖိလစ်လည်း ပါဝင်လာခဲ့သလို အက်သလက်တီကိုက

သူ့ကို ယူရို ၁၂၆ သန်းနဲ့ ခေါ် ယူခဲ့တာဖြစ်ပါတယ်။ ဂျာအိုဖိလစ်ဟာ စက်တင်ဘာလမှာ ရီးရဲလ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ ဒါဘီ ပွဲစဉ် ပြီးတဲ့နောက် အက်သလက်တီကိုနဲ့အတူ ဦးစားပေး

ပွဲထွက်ခွင့် ရမခဲ့တာ ဟာ လက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သက်တော်ရှည်နည်းပြ ဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ရှိနေပြီဖြစ်တယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် ဂျာအိုဖိလစ်ဟာ

အသင်းပြောင်းဖို့ အလားအလားမျိုး ရှိနေပြီဖြစ်တယ်လို့ သိ ရပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ အ သင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။ အလားတူပါပဲ မန်ယူဘက်ခြမ်းမှာတော့

စီရော်နယ်ဒိုဟာ ၂၀၂၃ နှစ်သစ်ကူးကာလမှာ အသင်းကနေ ထွက်သွားဖို့ ဖြစ်နိုင်ခြေများနေတာကြောင့် အိုးလ်ထရက်ဖို့ဒ် ကလပ်ဟာ ဂျာအိုဖိလစ်ကို ယူရို ၁၂၅ သန်းအထိ ပေးပြီး ကမ်းလှမ်းမှုတစ်ရပ်

ပြုလုပ်ဖို့ စိုင်းပြင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျာအိုဖိလစ်ရဲ့ စာချုပ်သက် တမ်းဟာ မက်ဒရစ်အခြေစိုက်ကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးပြီး စာချုပ် ဖျက်သိမ်းကြေးဟာလည်း

ယူရို သန်း ၃၅၀ အထိ ရှိနေပါတယ်။ ဒါပေမဲ့ နည်းပြ ဆီမြွန်နီနဲ့ အစေးမကပ်တော့တဲ့ ဂျာအိုဖိလစ်ကို ဝယ်လက်ရှိ နေတဲ့အချိန်မျိုးမှာ ထုတ်ရောင်းလာနိုင်တဲ့ အကွက်က ရှိနေတာကြောင့်

ပေါ်တူဂီသားဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ မြက်ခင်းစိမ်းပေါ်ကို ရောက်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုကို ႐ုံခါၿပီး မင္းသားအသစ္တင္ေတာ့မယ့္ မန္ယူ

အဂၤလန္အေျခစိုက္ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ မန္ယူအသင္းဟာ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို ထြက္ခြာခြင့္ ေပးထားၿပီး ဂ်ာအိုဖိလစ္ကို

အစားထိုးေခၚယူဖို႔ ျပင္ဆင္ေနၿပီျဖစ္ တယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉး ဂ်ာအိုဖိ လစ္ကို ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ မန္ယူက ေခၚယူဖို႔

ႀကိဳးစားခဲ့တာမ်ိဳး ျဖစ္ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မန္ခ်က္စတာကလပ္ ရဲ႕ ကမ္းလွမ္းမႈကို ေပၚတူဂီသားတိုက္စစ္မႉး ကိုယ္တိုင္က ျငင္းပယ္ခဲ့တာ ေၾကာင့္ျဖစ္တယ္လို႔

သိရပါတယ္။ လူငယ္ကစားသမားဘဝမွာ ဘင္ဖီကာနဲ႔ အတူ ေတာက္ပတဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္မွာေတာ့

ကမာၻေပၚက တန္ဖိုးအျမင့္မားဆုံး တိုက္စစ္မႉးစာရင္းထဲမွာ ဂ်ာအိုဖိလစ္ လည္း ပါဝင္လာခဲ့သလို အက္သလက္တီကိုက သူ႔ကို ယူ႐ို ၁၂၆ သန္းနဲ႔ ေခၚ ယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ သက္ေတာ္ရွည္နည္းျပ ဆီႁမြန္နီနဲ႔ အဆင္မေျပမႈေတြ ရွိေနၿပီျဖစ္တယ္လို႔ သတင္းထြက္ခဲ့ၿပီးတဲ့ေနာက္ ဂ်ာအိုဖိလစ္ဟာ အသင္းေျပာင္းဖို႔

အလားအလားမ်ိဳး ရွိေနၿပီျဖစ္တယ္လို႔ သိ ရပါတယ္။ ဂ်ာအိုဖိလစ္ဟာ စက္တင္ဘာလမွာ ရီးရဲလ္ကို ၃-၁ နဲ႔ ရႈံးခဲ့တဲ့ ဒါဘီ ပြဲစဥ္ ၿပီးတဲ့ေနာက္ အက္သလက္တီကိုနဲ႔အတူ ဦးစားေပး ပြဲထြက္ခြင့္ ရမခဲ့တာဟာ

လက္ရွိအခ်ိန္အထိပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ အ သင္းေျပာင္းေတာ့မယ္လို႔ သတင္းေတြ ထြက္လာေနပါတယ္။ အလားတူပါပဲ မန္ယူဘက္ျခမ္းမွာေတာ့

စီေရာ္နယ္ဒိုဟာ ၂၀၂၃ ႏွစ္သစ္ကူးကာလမွာ အ သင္းကေန ထြက္သြားဖို႔ ျဖစ္ႏိုင္ေျခမ်ားေနတာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ ကလပ္ဟာ ဂ်ာအိုဖိလစ္ကို ယူ႐ို ၁၂၅ သန္းအထိ ေပးၿပီး

ကမ္းလွမ္းမႈတစ္ရပ္ ျပဳလုပ္ဖို႔ စိုင္းျပင္းေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ာအိုဖိလစ္ရဲ႕ စာခ်ဳပ္သက္ တမ္းဟာ မက္ဒရစ္အေျခစိုက္ကလပ္နဲ႔ ၂၀၂၆ ခုႏွစ္အထိ က်န္ရွိေနေသးၿပီး

စာခ်ဳပ္ ဖ်က္သိမ္းေၾကးဟာလည္း ယူ႐ို သန္း ၃၅၀ အထိ ရွိေနပါတယ္။ ဒါေပမဲ့ နည္းျပ ဆီႁမြန္နီနဲ႔ အေစးမကပ္ေတာ့တဲ့ ဂ်ာအိုဖိလစ္ကို ဝယ္လက္ရွိ ေနတဲ့အခ်ိန္မ်ိဳးမွာ

ထုတ္ေရာင္းလာႏိုင္တဲ့ အကြက္က ရွိေနတာေၾကာင့္ ေပၚတူဂီသားဟာ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ျမက္ခင္းစိမ္းေပၚကို ေရာက္လာဖို႔ ရာခိုင္ႏႈန္း မ်ားေနပါတယ္။