အချို့ သတင်းအရယူနိုက်တက်ကစားသမားအချို့ဟာ
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဗိုလ်ကျနေမှုကြောင့်
ဒေါသထွက်နေကြောင်းသိရပါတယ်။
ဟယ်ရီမက်ဂွိုင်းယား၊မားကပ်စ်ရက်ရှ်ဖို့ဒ်အပါအဝင်
ယူနိုက်တက်ကစားသမားအချို့တို့ဟာ ခရစ္စတီယာနိုရော်နယ်ဒိုက
အဝတ်အစားလဲခန်းကိုဦးဆောင်ရန်အတင်းကြိုးပမ်းနေမှုအပေါ်
ဒေါသထွက်နေကြကြောင်းသိရပါတယ်။
ဒါ့အပြင်၎င်းတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုက အုပ်စုဖွဲ့ပြီး
တစ်ဂိုဏ်းထောင်နေမှုအပေါ်မှာလည်းပေါက်ကွဲနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီစကားပြောကစားသမားများဖြစ်ကြတဲ့
ဒီယေဂိုဒါလော့၊ဖရက်၊အဲလက်စ်တဲလ်လက်စ်၊ဘရူနိုဖာနန်ဒက်စ်စတဲ့
ကစားသမားများဖြင့်တစ်ဂိုဏ်းထောင်နေတာလည်းဖြစ်ပါတယ်။
အင်္ဂလိပ်စကားပြောကစားသမားများကအဲဒီ ကိစ္စအပေါ်မကြည်ဖြစ်နေပြီး
ယင်းလုပ်ရပ်အပေါ်ဒေါသထွက်နေကြပါတယ်။
ရက်ရှ်ဖိုဒ့် ကတော့ အဲဒီလိုပြောနေတာတွေကို ပြန်လည်ချေဖျက်ခဲ့ပြီး
အဆိုပါ သတင်းရင်းမြစ်ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။
ရက်ရှ်ဖိုဒ့်က “ကျွန်တော်တို့ အဲ့ဒါကိုမလုပ်ပါဘူး။ကျေးဇူးပြုပြီး
စိတ်ဝမ်းကွဲတယ်လို့ ပြောတာကို ရပ်တန့်လိုက်ပါ”လို့ ရေးသားခဲ့တာပါ။
ရော်နယ်ဒို ကတော့ ဘရိုက်တန် နဲ့ ပွဲမှာ (၆)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးတာကို
အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
zawgyi
စီရော်နယ်ဒိုကို မကျေနပ်ဘူးလို့ဆိုတဲ့ သတင်းအပေါ် ရက်ရှ်ဖို့ဒ်ရဲ့ ရှင်းလင်းချက်