စီရော်နယ်ဒိုကို ချဲလ်ဆီးမခေါ်ဖို့ တူချယ်ကို သတိပေးလိုက်တဲ့ ရန်းနစ်

စီရော်နယ်ဒိုကိုခေါ်ယူဖို့စဉ်းစားနေခဲ့တဲ့ ချဲလ်ဆီးကို မခေါ်ဖို့အတွက် မန်ယူနည်းပြဟောင်း ရန်းနစ်က အကြံ ပေးသွားခဲ့ပါတယ်။ မန်ယူကနေထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းပိုင်ရှင်နဲ့ နည်းပြ တူချယ်တို့ဟာ

စီရော်နယ်ဒို ခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးမှုမတိုင်ခင် မှာ ရန်းနစ်က တူချယ်ကို စီရော်နယ်ဒိုအကြောင်းတွေပြောပြခဲ့ပြီး မခေါ်ဖို့အတွက် သတိပေးသွားခဲ့တာပါ။ ရန်းနစ် နဲ့ တူချယ်တို့ဟာ

မိတ်ဆွေဟောင်းတွေဖြစ်ပြီး စီရော်နယ်ဒိုနဲ့ ရန်းနစ်တို့ကတော့ ပြီးခဲ့တဲ့ရာသီကမှ မန်ယူမှာဆုံခဲ့ ဖူးသူတွေဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူနည်းပြအဖြစ် ရန်းနစ် တာဝန်ယူစဉ်ကလည်း စီရော်နယ်ဒိုနဲ့ကြားမှာ မပြေ လည်မှုတွေရှိခဲ့ဖူးတာပါ။

ပြီးခဲ့တဲ့ရာသီအပြီးမှာလည်း စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန် ထန်ဝေဖန်မှုတွေကို ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပွဲတစ်ပွဲကိုထိန်းချုပ်နိုင်တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ပြိုင်ဘက်အသင်းဘောလုံးရသွားချိန်မှာ

ကလေးတစ်ယောက်လို ငိုကြွေးနေတတ်သူသာဖြစ်တယ်လို့ ဆိုထားခဲ့ဖူးတာပါ။ စီရော်နယ်ဟာ ရာသီသစ်မစခင် မန်ယူရဲ့ခြေစမ်းပွဲခရီးစဉ်တွေကို လွဲချော်ထားခဲ့သလို ချန်ပီယံ လိဂ်ကစားချင်တဲ့အတွက် အသင်းကနေထွက်ခွာမယ်လို့

တရားဝင်ထုတ်ဖော်ပြောထားခဲ့တာဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ သူ့ကို တရားဝင်ကမ်းလှမ်းလာတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေတော့ ရှိမလာသေးပါဘူး။ ဘိုင်ယန်နဲ့ အက်သလက်တီကိုတို့ကလည်း

စီရော်နယ်ဒို ကိုခေါ်ယူမှာမဟုတ်ဘူးလို့ငြင်းဆိုထားကြတာပါ။ အခုနောက်ဆုံး စီရော်နယ်ဒို စဖြစ်လာတဲ့ မိခင်ကလပ် စပို့တင်းလစ္စဘွန်းကတော့ သူ့ကိုပြန်ခေါ်မယ်ဆိုပြီး သတင်းတွေထွက်နေခဲ့ပါတယ်။

(zawgyi)

စီေရာ္နယ္ဒိုကိုေခၚယူဖို႔စဥ္းစားေနခဲ့တဲ့ ခ်ဲလ္ဆီးကို မေခၚဖို႔အတြက္ မန္ယူနည္းျပေဟာင္း ရန္းနစ္က အႀကံ ေပးသြားခဲ့ပါတယ္။ မန္ယူကေနထြက္ခြာမယ္လို႔ သတင္းေတြထြက္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္နဲ႔ နည္းျပ တူခ်ယ္တို႔ဟာ

စီေရာ္နယ္ဒို ေခၚယူဖို႔ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေဆြးေႏြးမႈမတိုင္ခင္ မွာ ရန္းနစ္က တူခ်ယ္ကို စီေရာ္နယ္ဒိုအေၾကာင္းေတြေျပာျပခဲ့ၿပီး မေခၚဖို႔အတြက္ သတိေပးသြားခဲ့တာပါ။

ရန္းနစ္ နဲ႔ တူခ်ယ္တို႔ဟာ မိတ္ေဆြေဟာင္းေတြျဖစ္ၿပီး စီေရာ္နယ္ဒိုနဲ႔ ရန္းနစ္တို႔ကေတာ့ ၿပီးခဲ့တဲ့ရာသီကမွ မန္ယူမွာဆုံခဲ့ ဖူးသူေတြျဖစ္ပါတယ္။ ဒါ့အျပင္ မန္ယူနည္းျပအျဖစ္ ရန္းနစ္ တာဝန္ယူစဥ္ကလည္း စီေရာ္နယ္ဒိုနဲ႔ၾကားမွာ

မေျပ လည္မႈေတြရွိခဲ့ဖူးတာပါ။ ၿပီးခဲ့တဲ့ရာသီအၿပီးမွာလည္း စီေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ျပင္းျပင္းထန္ ထန္ေဝဖန္မႈေတြကို ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ပြဲတစ္ပြဲကိုထိန္းခ်ဳပ္ႏိုင္တဲ့

ကစားသမားမ်ိဳး မဟုတ္ဘဲ ၿပိဳင္ဘက္အသင္းေဘာလုံးရသြားခ်ိန္မွာ ကေလးတစ္ေယာက္လို ငိုေႂကြးေနတတ္သူသာျဖစ္တယ္လို႔ ဆိုထားခဲ့ဖူးတာပါ။ စီေရာ္နယ္ဟာ ရာသီသစ္မစခင္ မန္ယူရဲ႕ေျခစမ္းပြဲခရီးစဥ္ေတြကို လြဲေခ်ာ္ထားခဲ့သလို ခ်န္ပီယံ လိဂ္ကစားခ်င္တဲ့အတြက္

အသင္းကေနထြက္ခြာမယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာထားခဲ့တာျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ထိေတာ့ သူ႔ကို တရားဝင္ကမ္းလွမ္းလာတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းေတြေတာ့ ရွိမလာေသးပါဘူး။ ဘိုင္ယန္နဲ႔ အက္သလက္တီကိုတို႔ကလည္း

စီေရာ္နယ္ဒို ကိုေခၚယူမွာမဟုတ္ဘူးလို႔ျငင္းဆိုထားၾကတာပါ။ အခုေနာက္ဆုံး စီေရာ္နယ္ဒို စျဖစ္လာတဲ့ မိခင္ကလပ္ စပို႔တင္းလစၥဘြန္းကေတာ့ သူ႔ကိုျပန္ေခၚမယ္ဆိုၿပီး သတင္းေတြထြက္ေနခဲ့ပါတယ္။