





မန်ယူအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒိုကို ခေါ်ယူ ဖို့အတွက် စိတ်ကူးနေတဲ့ အသင်းတွေထဲမှာ တောင်အမေရိက ကလပ်အသင်းတစ်သင်းဖြစ်တဲ့
ဖလာမင်ဂိုလည်း ပါဝင်လာပြီဖြစ်တယ်လို့ Sportkeeda သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြလိုက်ပါတယ်။ ဘရာဇီး ထိပ်သီးကလပ် ဖလာမင်ဂိုဟာ ဘလွန်းဒီအောဆုကို ၅ ကြိမ်တိုင်တိုင်





ရယူထားတဲ့ စီရော်နယ်ဒိုအပေါ်မှာ စိတ်ဝင်စားမှုရှိနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြနေပြီး မန်ယူတိုက်စစ်မှူးဟောင်းကို ဘရာဇီးမြေဆီ ခေါ်ဖို့အတွက် စိုင်းပြင်းနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ ပရိုဖိုင်အမြင့် ကစားသ မားဖြစ်တဲ့ စီရော်နယ်ဒိုကို ခေါ်ဖို့အတွက်ဆိုရင် သုံးစွဲရမယ့် ငွေကြေးပမာဏ ကလည်း မြင့်မားနေတာဖြစ်လို့ ၃ လ အငှား စာချုပ် သဘောမျိုးနဲ့ပဲ ခေါ်ယူဖို့ ကြံရွယ်နေတာဖြစ်တယ်လို့





သိရပါတယ်။ ဖလာမင်ဂိုဟာ သူတို့အသင်းမှာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတစ်ယောက်ကို အင်အားဖြည့်တင်းချင် နေတာမျိုးဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ ဖလားပြိုင်ပွဲ
မတိုင်ခင် ခေါ်ယူသွားဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ အဲဒီအတွက်လည်း လက်ရှိမှာ အသင်းကို စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီတွေ နဲ့ ဆွေးနွေးတိုင်ပင်တာမျိုးတွေကို ဖလာမင်ဂိုအသင်း ဥက္ကဋ္ဌကိုယ်တိုင်





လုပ်နေပြီလို့ သတင်းတွေ ထွက်လာနေပါတယ်။ လက်ရှိမှာ ကလပ်အသင်း လက်မဲ့ဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ မန်ယူနဲ့အတူ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး တစ်ဂိုးပဲရသေးတဲ့ ကစားသမားဖြစ်ပါတယ်။
ဒါပေမဲ့ စီရော်နယ်ဒိုကို ခေါ်ယူလိုက်တာနဲ့အမျှ အသင်းရဲ့ ပုံရိပ်ကို ကမ္ဘာတစ်ဝန်းလုံးဆီ လွှမ်းခြုံနိုင် မှာဖြစ်သလို စပွန်ဆာ ကုမ္ပဏီတွေကလည်း တစ်ကောက်ကောက်နဲ့ လိုက် လာတော့မယ့်





အခြေအနေမျိုး ရှိနေတာဖြစ်တဲ့အတွက် နှစ်ကျပ်ကွက် ချောင်း ချင်တဲ့ ဖလာမင်ဂိုက ရီးရဲလ်တိုက်စစ်မှူးကို ခေါ်ချင်နေတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။





(Zawgyi)
စီေရာ္နယ္ဒုိကုိ ေခၚယူဖုိ႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ ဖလာမင္ဂုိ
မန္ယူအသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲလုိက္ၿပီျဖစ္တဲ့ စီေရာ္နယ္ဒုိကုိ ေခၚယူ ဖုိ႔အတြက္ စိတ္ကူးေနတဲ့ အသင္းေတြထဲမွာ ေတာင္အေမရိက ကလပ္ အသင္းတစ္သင္းျဖစ္တဲ့ ဖလာမင္ဂုိလည္း





ပါ၀င္လာၿပီျဖစ္တယ္လုိ႔ Sportkeeda သတင္း၀က္ဘ္ဆုိက္က ေရးသားေဖာ္ျပလုိက္ပါတယ္။ ဘရာဇီး ထိပ္သီးကလပ္ ဖလာမင္ဂုိဟာ ဘလြန္းဒီေအာဆုကုိ ၅ ႀကိမ္တုိင္တုိင္ ရယူ ထားတဲ့ စီေရာ္နယ္ဒုိအေပၚမွာ
စိတ္၀င္စားမႈရွိေနတယ္လုိ႔ ေဒသတြင္း သတင္းေတြက ေဖာ္ျပေနၿပီး မန္ယူူတုိက္စစ္မွဴးေဟာင္းကုိ ဘရာဇီးေျမဆီ ေခၚဖုိ႔အတြက္ စုိင္းျပင္းေနၿပီလုိ႔ သိရပါတယ္။ ဒါေပမဲ့





ပရုိဖိုင္အျမင့္ ကစားသ မားျဖစ္တဲ့ စီေရာ္နယ္ဒုိကုိ ေခၚဖုိ႔အတြက္ဆုိရင္ သုံးစြဲရမယ့္ ေငြေၾကးပမာဏ ကလည္း ျမင့္မားေနတာျဖစ္လုိ႔ ၃ လ အငွား စာခ်ဳပ္ သေဘာမ်ဳိးနဲ႔ပဲ ေခၚယူဖုိ႔
ၾကံရြယ္ေနတာျဖစ္တယ္လုိ႔ သိရပါတယ္။ ဖလာမင္ဂုိဟာ သူတုိ႔အသင္းမွာ ကမာၻ႔အဆင့္ရွိတဲ့ ကစားသမားတစ္ေယာက္ကုိ အင္အားျဖည့္တင္းခ်င္ ေနတာမ်ဳိးျဖစ္ၿပီး လာမယ့္ ေဖေဖာ္၀ါရီလမွာ
က်င္းပမယ့္ ဖီဖာကလပ္ ကမာၻ႔ ဖလားၿပိဳင္ပြဲ မတုိင္ခင္ ေခၚယူသြားဖုိ႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။ အဲဒီအတြက္လည္း လက္ရွိမွာ အသင္းကုိ စပြန္ဆာ ေပးထားတဲ့ ကုမၸဏီေတြ နဲ႔





ေဆြးေႏြးတုိင္ပင္တာမ်ဳိးေတြကုိ ဖလာမင္ဂုိအသင္း ဥကၠ႒ကုိယ္တုိင္ လုပ္ေနၿပီလုိ႔ သတင္းေတြ ထြက္လာေနပါတယ္။ လက္ရွိမွာ ကလပ္အသင္း လက္မဲ့ျဖစ္ေနတဲ့ စီေရာ္နယ္ဒုိဟာ မန္ယူနဲ႔အတူ
ဒီရာသီမွာ ပရီးမီးယားလိဂ္ သြင္းဂိုး တစ္ဂုိးပဲ ရေသးတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒုိကုိ ေခၚယူလုိက္တာနဲ႔အမွ် အသင္းရဲ႕ ပုံရိပ္ကုိ ကမာၻတစ္၀န္းလုံးဆီ လႊမ္းျခံဳႏုိင္ မွာျဖစ္သလုိ





စပြန္ဆာ ကုမၸဏီေတြကလည္း တစ္ေကာက္ေကာက္နဲ႔ လုိက္ လာေတာ့မယ့္ အေျခအေနမ်ဳိး ရွိေနတာျဖစ္တဲ့အတြက္ ႏွစ္က်ပ္ကြက္ ေခ်ာင္း ခ်င္တဲ့ ဖလာမင္ဂုိက
ရီးရဲလ္တုိက္စစ္မွဴးကုိ ေခၚခ်င္ေနတာမ်ဳိး ျဖစ္တယ္လုိ႔ သိရပါတယ္။