စီရောနယ်ဒိုလို အောင်ပွဲခံခဲ့တဲ့ မန်ယူလူငယ် ဂရာနာချို

မန်ယူအသင်းဟာဒီရာသီမှာ စိတ်ပျက်စရာတွေကြုံနေရပေမယ့် ကလပ်ရဲ့

လူငယ်တစ်ဦးဖြစ်တဲ့ အလက်ဇန်ဒရိုဂရာနာချို ရဲ့သိပ်ကောင်းလွန်းတဲ့ဂိုးကြောင့်

အသင်းရဲ့အနာဂတ်အတွက်စိတ်လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့

ဗုဒ္ဓဟူးနေ့ကမန်ယူရဲ့ ယူ-၁၈ အသင်းနဲ့ အဲဗာတန်ယူ-၁၈ အသင်းတို့ အက်ဖ်အေ

လူငယ်ဖလားပွဲယှဥ်ပြိုင်ခဲ့ရာမှာ မန်ယူအသင်းက ၄-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာဂရာနာချိုဟာ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ဂိုးကိုမြင်ရသူတိုင်းက

တကယ့်ကိုလက်ဖျားခါရလောက်တဲ့ ဂိုးအဖြစ်သတ်မှတ်ကြပါတယ်။

အဲဗာတန်အသင်းက ထောင့်ကန်ဘောကန်တင်ခဲ့ရာမှာ မန်ယူနောက်ခံလူတစ်ဦးက

ခေါင်းတိုက်ဖျက်ထုတ်ရာကနေတစ်ဆင့် မန်ယူရဲ့ပင်နယ်တီဧရိယာ ဘယ်ဘက်ထောင့်နားလောက်မှ

ာ ဂရာနာချိုကဘောလုံးရရှိသွားပါတယ်။ ဒါကိုသူကဘယ်တောင်ပံကနေဆွဲပြေးစဥ်မှာ

အဲဗာတန်နောက်ခံလူ မက်သယူးမာလွန်က လိုက်လံဖျက်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့်

ဂရာနာချိုက ဘောလုံးကိုဆွဲထုတ်ကာ မာလွန်ကိုရအောင်ကျော်ပြေးပြီး

ဂိုးဧရိယာအထဲအထိဆွဲယူကာ အဲဗာတန်ဂိုးသမား ပက်ထရစ်နက်ရှ်ရဲ့အခြေအနေကိုကြည့်ပြီး

အေးဆေးသက်သာစွာနဲ့ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ သူ့ဂိုးကသိပ်ကောင်းလွန်းတဲ့အတွက်

ပရိသတ်တွေသဘောကျနေချိန်မှာ ဂရာနာချိုက ပရိသတ်ရှေ့မှောက်ကိုပြေးပြီး စီရော်နယ်ဒိုရဲ့

အောင်ပွဲခံမှုပုံစံဖြစ်တဲ့ Siu လို့အော်ဟစ်ခဲ့လို့ ပရိသတ်တွေက ပိုပြီးကျေနပ်ခဲ့ကြပါတယ်။

ဂရာနာချိုဟာ စီရော်နယ်ဒိုလိုဘဲ မန်ယူလူငယ်အသင်းမှာ ကျောနံပါတ ၇ ကို

ဝတ်ဆင်ကစားတဲ့သူဖြစ်ပါတယ်။ဒီပွဲကိုအိုးလ်ထရက်ဖို့ဒ်မှာကျင်းပခဲ့ပြီး ပရိသတ်အနည်းငယ်သာ

လာကြည့်ခဲ့ပေမယ့် လာတဲ့သူတိုင်းသဘောကျအောင် ဂရာနာချိုက စွမ်းဆောင်ပြနိုင်ခဲ့တာပါ။

ဒီဂိုးဟာသူ့ရဲ့ပြေးအား၊ ဘောလုံးအထိန်းအသိမ်းနဲ့ အဆုံးသတ်သွေးအေးမှုတို့ကိုပြသခဲ့ပြီး

မန်ယူအသင်းဟာလည်း အက်ဖ်အေဖလားမှာ ၁၆ သင်းအဆင့်ကိုတက်ရောက်သွားပါတယ်။


အသက် ၁၇ နှစ်သာရှိသေးတဲ့ စပိန်သားလေး ဂရာနာချိုဟာ အဲဗာတန်ဘက်ကိုလှပတဲ့ဂိုးသွင်းနိုင်တာ

ဒါကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ဒီရာသီအစောပိုင်းက ယူ-၁၈ ပရီးမီးယားလိဂ်မှာ

အဲဗာတန်ကို ၄-၂ နဲ့နိုင်တုန်းကလည်း ဂရာနာချိုဟာကွင်းလယ်ကနေဘောလုံးရပြီးနောက်

ဆွဲပြေးကာ ဂိုးဧရိယာထိပ်ကနေမနားတမ်းကန်သွင်းပြီး ဂိုးသွင်းခဲ့သေးသူပါ။ သူဟာဒီရာသီမှာ

မန်ယူအတွက် ၂၁ ပွဲကစားပြီး ၇ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ၂၀၂၀ က

အက်သလက်တီကို အကယ်ဒမီကနေပြောင်းလာတဲ့ ဂရာနာချိုဟာပြီးခဲ့တဲ့ ဇူလိုင်လကမှ

မန်ယူနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။

Zawgyi

စီေရာနယ္ဒိုလို ေအာင္ပြဲခံခဲ့တဲ့ မန္ယူလူငယ္ ဂရာနာခ်ိဳ

မန္ယူအသင္းဟာဒီရာသီမွာ စိတ္ပ်က္စရာေတြႀကဳံေနရေပမယ့္ ကလပ္ရဲ႕

လူငယ္တစ္ဦးျဖစ္တဲ့ အလက္ဇန္ဒ႐ိုဂရာနာခ်ိဳ ရဲ႕သိပ္ေကာင္းလြန္းတဲ့ဂိုးေၾကာင့္

အသင္းရဲ႕အနာဂတ္အတြက္စိတ္လႈပ္ရွားေနၾကတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့

ဗုဒၶဟူးေန႔ကမန္ယူရဲ႕ ယူ-၁၈ အသင္းနဲ႔ အဲဗာတန္ယူ-၁၈ အသင္းတို႔ အက္ဖ္ေအ

လူငယ္ဖလားပြဲယွဥ္ၿပိဳင္ခဲ့ရာမွာ မန္ယူအသင္းက ၄-၁ နဲ႔အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲမွာဂရာနာခ်ိဳဟာ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဂိုးသြင္းႏိုင္ခဲ့ၿပီး သူ႔ဂိုးကိုျမင္ရသူတိုင္းက

တကယ့္ကိုလက္ဖ်ားခါရေလာက္တဲ့ ဂိုးအျဖစ္သတ္မွတ္ၾကပါတယ္။

အဲဗာတန္အသင္းက ေထာင့္ကန္ေဘာကန္တင္ခဲ့ရာမွာ မန္ယူေနာက္ခံလူတစ္ဦးက

ေခါင္းတိုက္ဖ်က္ထုတ္ရာကေနတစ္ဆင့္ မန္ယူရဲ႕ပင္နယ္တီဧရိယာ ဘယ္ဘက္ေထာင့္နားေလာက္မွ

ာ ဂရာနာခ်ိဳကေဘာလုံးရရွိသြားပါတယ္။ ဒါကိုသူကဘယ္ေတာင္ပံကေနဆြဲေျပးစဥ္မွာ

အဲဗာတန္ေနာက္ခံလူ မက္သယူးမာလြန္က လိုက္လံဖ်က္ထုတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္

ဂရာနာခ်ိဳက ေဘာလုံးကိုဆြဲထုတ္ကာ မာလြန္ကိုရေအာင္ေက်ာ္ေျပးၿပီး

ဂိုးဧရိယာအထဲအထိဆြဲယူကာ အဲဗာတန္ဂိုးသမား ပက္ထရစ္နက္ရွ္ရဲ႕အေျခအေနကိုၾကည့္ၿပီး

ေအးေဆးသက္သာစြာနဲ႔ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ သူ႔ဂိုးကသိပ္ေကာင္းလြန္းတဲ့အတြက္

ပရိသတ္ေတြသေဘာက်ေနခ်ိန္မွာ ဂရာနာခ်ိဳက ပရိသတ္ေရွ႕ေမွာက္ကိုေျပးၿပီး စီေရာ္နယ္ဒိုရဲ႕

ေအာင္ပြဲခံမႈပုံစံျဖစ္တဲ့ Siu လို႔ေအာ္ဟစ္ခဲ့လို႔ ပရိသတ္ေတြက ပိုၿပီးေက်နပ္ခဲ့ၾကပါတယ္။

ဂရာနာခ်ိဳဟာ စီေရာ္နယ္ဒိုလိုဘဲ မန္ယူလူငယ္အသင္းမွာ ေက်ာနံပါတ ၇ ကို

ဝတ္ဆင္ကစားတဲ့သူျဖစ္ပါတယ္။ဒီပြဲကိုအိုးလ္ထရက္ဖို႔ဒ္မွာက်င္းပခဲ့ၿပီး ပရိသတ္အနည္းငယ္သာ

လာၾကည့္ခဲ့ေပမယ့္ လာတဲ့သူတိုင္းသေဘာက်ေအာင္ ဂရာနာခ်ိဳက စြမ္းေဆာင္ျပႏိုင္ခဲ့တာပါ။

ဒီဂိုးဟာသူ႔ရဲ႕ေျပးအား၊ ေဘာလုံးအထိန္းအသိမ္းနဲ႔ အဆုံးသတ္ေသြးေအးမႈတို႔ကိုျပသခဲ့ၿပီး

မန္ယူအသင္းဟာလည္း အက္ဖ္ေအဖလားမွာ ၁၆ သင္းအဆင့္ကိုတက္ေရာက္သြားပါတယ္။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ စပိန္သားေလး ဂရာနာခ်ိဳဟာ အဲဗာတန္ဘက္ကိုလွပတဲ့ဂိုးသြင္းႏိုင္တာ

ဒါကပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ ဒီရာသီအေစာပိုင္းက ယူ-၁၈ ပရီးမီးယားလိဂ္မွာ

အဲဗာတန္ကို ၄-၂ နဲ႔ႏိုင္တုန္းကလည္း ဂရာနာခ်ိဳဟာကြင္းလယ္ကေနေဘာလုံးရၿပီးေနာက္

ဆြဲေျပးကာ ဂိုးဧရိယာထိပ္ကေနမနားတမ္းကန္သြင္းၿပီး ဂိုးသြင္းခဲ့ေသးသူပါ။ သူဟာဒီရာသီမွာ

မန္ယူအတြက္ ၂၁ ပြဲကစားၿပီး ၇ ဂိုးသြင္းကာ ၄ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ ၂၀၂၀ က

အက္သလက္တီကို အကယ္ဒမီကေနေျပာင္းလာတဲ့ ဂရာနာခ်ိဳဟာၿပီးခဲ့တဲ့ ဇူလိုင္လကမွ

မန္ယူနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။