စီနီယာကစားသမား ၄ ယောက်ကို နယ်နှင်ဒဏ်ပေးလိုက်တဲ့ ကွန်တီ

စပါးနည်းပြကွန်တီဟာ စီနီယာကစားသမား ၄ ယောက်ကို အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကနေဖယ်ထုတ် လိုက်ပါတယ်။ အဲဒီကစားသမားတွေကို ကိုယ်ပိုင်အစီအစဉ်နဲ့သာ လေ့ကျင့်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် တောင်ကိုရီးယားကိုသွားပြီးပြန်လာကတည်းက အဲဒီကစားသမား ၄ယောက်ဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခွင့်မရခဲ့တာပါ။ နည်းပြကွန်တီအနေနဲ့

အသင်းအတွက်လိုအပ်မယ့် ကစားသမားတွေနဲ့သာလေ့ကျင့်ရေးအစီအစဉ်တွေလုပ်ဆောင်ဖိုဆန္ဒရှိတာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ် ပါတယ်။ ဒါကြောင့် အဲဒီကစားသမား ၄ယောက်ဟာ

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အသင်းသစ်ရှာရတော့ မယ့်အခြေအနေလည်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်းနဲ့ နည်းပြကွန်တီအတွက် အခက်အခဲတွေ့ စေနိုင်မယ့်

အချက်လည်းရှိနေပါတယ်။ အဲဒါကတော့ ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက်ဟာ စက်တင်ဘာ ၁ရက်ပိတ်မှာဖြစ်လိုပါပဲ။ လေ့ကျင့်ရေးအစီအစဉ်တွေကနေ နည်းပြကွန်တီချန်လှပ်ခဲ့တဲ့

ကစားသမားတွေကတော့ ၂၀၁၉ခုနှစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ခေါ်ခဲ့တဲ့ အန်ဒွန်ဘီလီ၊ လိုဆဲလ်ဆို၊ ရယ်ဂီလွန် နဲ့ဟယ်ရီဝင့်တို ဖြစ်ပါတယ်။

အန်ဒွန်ဘီလီဟာ စပါးကိုရောက်လာပြီးကတည်းက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်တာကြောင့် ဝေဖန်မှုတွေခံနေရသူလည်းဖြစ်ပါတယ်။

လိုဆဲလ်ဆိုကတော့ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ လိုင်ယွန်ကိုအငှားချခံခဲ့ရသူဖြစ်ပြီး ရယ်ဂီလွန်နဲ့ ဟယ်ရီဝင့်တိုဟာလည်း ပွဲထွက်စားရင်းမှာ နေရာပျောက် နေသူတွေဖြစ်ပါတယ်။

(zawgyi)

စပါးနည္းျပကြန္တီဟာ စီနီယာကစားသမား ၄ ေယာက္ကို အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြကေနဖယ္ထုတ္ လိုက္ပါတယ္။ အဲဒီကစားသမားေတြကို ကိုယ္ပိုင္အစီအစဥ္နဲ႔သာ ေလ့က်င့္ခြင့္ေပးလိုက္တာလည္းျဖစ္ပါတယ္။

ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ေတာင္ကိုရီးယားကိုသြားၿပီးျပန္လာကတည္းက အဲဒီကစားသမား ၄ေယာက္ဟာ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပါဝင္ခြင့္မရခဲ့တာပါ။ နည္းျပကြန္တီအေနနဲ႔

အသင္းအတြက္လိုအပ္မယ့္ ကစားသမားေတြနဲ႔သာေလ့က်င့္ေရးအစီအစဥ္ေတြလုပ္ေဆာင္ဖိုဆႏၵရွိတာေၾကာင့္ အခုလိုဆုံးျဖတ္ခဲ့တာလည္းျဖစ္ ပါတယ္။ ဒါေၾကာင့္ အဲဒီကစားသမား ၄ေယာက္ဟာ

အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ အသင္းသစ္ရွာရေတာ့ မယ့္အေျခအေနလည္းျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ စပါးအသင္းနဲ႔ နည္းျပကြန္တီအတြက္ အခက္အခဲေတြ႕ ေစႏိုင္မယ့္ အခ်က္လည္းရွိေနပါတယ္။

အဲဒါကေတာ့ ပရီးမီးယားလိဂ္အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ စက္တင္ဘာ ၁ရက္ပိတ္မွာျဖစ္လိုပါပဲ။ ေလ့က်င့္ေရးအစီအစဥ္ေတြကေန နည္းျပကြန္တီခ်န္လွပ္ခဲ့တဲ့ ကစားသမားေတြကေတာ့ ၂၀၁၉ခုႏွစ္မွာ

ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၅ သန္းနဲ႔ေခၚခဲ့တဲ့ အန္ဒြန္ဘီလီ၊ လိုဆဲလ္ဆို၊ ရယ္ဂီလြန္ နဲ႔ဟယ္ရီဝင့္တို ျဖစ္ပါတယ္။ အန္ဒြန္ဘီလီဟာ စပါးကိုေရာက္လာၿပီးကတည္းက ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး

မျပသႏိုင္တာေၾကာင့္ ေဝဖန္မႈေတြခံေနရသူလည္းျဖစ္ပါတယ္။ လိုဆဲလ္ဆိုကေတာ့ ၿပီးခဲ့တဲ့ေဘာလုံး ရာသီမွာ လိုင္ယြန္ကိုအငွားခ်ခံခဲ့ရသူျဖစ္ၿပီး ရယ္ဂီလြန္နဲ႔ ဟယ္ရီဝင့္တိုဟာလည္း ပြဲထြက္စားရင္းမွာ ေနရာေပ်ာက္ ေနသူေတြျဖစ္ပါတယ္။