စိတ်အရင်းခံနဲ့မဟုတ်ဘဲ  လီဝန်ဒေါစကီးဆုရတာကိုပြုံးပြခဲ့တဲ့ မက်ဆီ ဝေဖန်ခံရ

ဖီဖာရဲ့ ၂၀၂၁ အတွက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု

(Fifa’s The Best player of the year) ကို လီဝန်ဒေါစကီး ရရှိချိန်မှာ

မက်ဆီက ဗီဒီယိုကနေတစ်ဆင့် ပြုံးပြကာဂုဏ်ပြုခဲ့ပေမယ့်

မဲပေးမှုမှာတော့ အဲဒီပိုလန်သားကိုချန်ထားခဲ့လို့

ဂျာ မနီမီဒီယာတွေရဲ့ဝေဖန်မှုကိုခံနေရတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူး

လီဝန်ဒေါစကီးဟာအဆိုပါဆုကို ၂ နှစ်ဆက်တိုက်အဖြစ်ရရှိခဲ့တာပါ။

သူဟာပြီးခဲတဲ့ Ballon d’Or ဆုပေးပွဲမှာ ဆုရမယ်လို့ခန့်မှန်းခံထားရပြီးမှ

လွဲချော်ခဲ့ပြီး မက်ဆီကဆုကို ၇ ကြိမ်အမြောက်အဖြစ်ရယူသွားခဲ့တာပါ။

အဲဒီတုန်းက မက် ဆီက ဒီဆုဟာ လီဝန်ဒေါစကီးနဲ့ထိုက်တန်တယ်လို့ ပြောခဲ့သလို

ဖီဖာရဲ့ဆုပေးပွဲအခမ်းအနားမှာလည်း လီဝန်ဒေါစကီးအတွက်

နှစ်လိုဖွယ်ရာအပြုံးနဲ့ ဂုဏ်ပြုခဲ့လို့ ချီးကျူးမှုတွေခံခဲ့ရပါတယ်။

ဒါပေမယ့်အံ့အားသင့်စရာကောင်းတာက မက်ဆီဟာ

ဖီဖာရဲ့အကောင်းဆုံးဆုအတွက်မဲပေးမှုမှာတော့ လီဝန်ဒေါစကီးကိုချန် ပြီး

ပီအက်စ်ဂျီ ကစားဖော်တွေဖြစ်တဲ့ နေမာ၊ ဘာပေနဲ့

ရီးရဲလ်က ဘန်ဇီမာ တို့ကိုအစဥ်လိုက်မဲပေးခဲ့တာပါ။

ဒါကြောင့်လည်း မက်ဆီဟာ လီဝန်ဒေါစကီးအမှတ်ပိုမရစေဖို့အတွက်

တမင်ရည်ရွယ်ချက်နဲ့ မဲမပေးဘဲ ဆုမရနိုင်သူတွေကိုမဲပေးကာ

သူ့ဆီအ မှတ်တွေပိုများလာအောင်လုပ်ယူခဲ့တာလို့ စွပ်စွဲခံခဲ့ရပါတယ်။

ဆုရခဲ့တဲ့ လီဝန်ဒေါစကီးဟာ ၄၈ မှတ်ရခဲ့ပြီး မက်ဆီက ၄၄ မှတ်နဲ့ ဒုတိယ၊

ဆာလာ က ၃၈ မှတ်နဲ့တတိယရခဲ့ကြပါတယ်။

မဲပေးမှုမှာ မက်ဆီရဲ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး

လီဝန်ဒေါစကီး ကိုမေးရာမှာတော့သူက” ဒါကတော့သူ့ရွေးချယ်မှုဘဲဗျ။

သူ့ကိုဘဲခင်ဗျားတို့သွားမေးကြပေါ့” လို့သာပြန်ဖြေခဲ့ပါတယ်။

ဒီအချိန် မှာ နာမည်ကြီးဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Bild က

” မင်းမရှက်ဘူးလား မက်ဆီရာ” လို့ခေါင်းစဥ်တပ်ပြီး

မက်ဆီရဲ့ကြံစည်ပုံ ကိုရေးသားခဲ့ပါတယ်။

ပြုံးပြတဲ့မက်ဆီက လီဝန်ဒေါစကီးကိုမဲမပေးခဲ့ပေမယ့်

မနှစ်က လီဝန်ဒေါစကီးဆုရချိန်မှာ မကျေနပ်တဲ့ ပုံပြခဲ့တဲ့

စီရော်နယ်ဒိုကတော့ ပိုလန်သားကိုသာမဲပေးခဲ့သလို

လီဝန်ဒေါစကီးရဲ့ကစားဖော်ဖြစ်တဲ့ နူအာနဲ့ ဘိုင်ယန်နည်းပြ ဟောင်းဖြစ်တဲ့

ဂျာမနီအသင်းနည်းပြ ဟန်ဆီဖလစ် တို့ကတော့

မက်ဆီကိုသာမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

zawgyi

စိတ္အရင္းခံနဲ႔မဟုတ္ဘဲ  လီဝန္ေဒါစကီးဆုရတာကိုၿပဳံးျပခဲ့တဲ့ မက္ဆီ ေဝဖန္ခံရ

ဖီဖာရဲ႕ ၂၀၂၁ အတြက္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု

(Fifa’s The Best player of the year) ကို လီဝန္ေဒါစကီး ရရွိခ်ိန္မွာ

မက္ဆီက ဗီဒီယိုကေနတစ္ဆင့္ ၿပဳံးျပကာဂုဏ္ျပဳခဲ့ေပမယ့္

မဲေပးမႈမွာေတာ့ အဲဒီပိုလန္သားကိုခ်န္ထားခဲ့လို႔

ဂ်ာ မနီမီဒီယာေတြရဲ႕ေဝဖန္မႈကိုခံေနရတယ္လို႔ သိရပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ပိုလန္လက္ေ႐ြးစင္ တိုက္စစ္မႉး

လီဝန္ေဒါစကီးဟာအဆိုပါဆုကို ၂ ႏွစ္ဆက္တိုက္အျဖစ္ရရွိခဲ့တာပါ။

သူဟာၿပီးခဲတဲ့ Ballon d’Or ဆုေပးပြဲမွာ ဆုရမယ္လို႔ခန႔္မွန္းခံထားရၿပီးမွ

လြဲေခ်ာ္ခဲ့ၿပီး မက္ဆီကဆုကို ၇ ႀကိမ္အေျမာက္အျဖစ္ရယူသြားခဲ့တာပါ။

အဲဒီတုန္းက မက္ ဆီက ဒီဆုဟာ လီဝန္ေဒါစကီးနဲ႔ထိုက္တန္တယ္လို႔ ေျပာခဲ့သလို

ဖီဖာရဲ႕ဆုေပးပြဲအခမ္းအနားမွာလည္း လီဝန္ေဒါစကီးအတြက္

ႏွစ္လိုဖြယ္ရာအၿပဳံးနဲ႔ ဂုဏ္ျပဳခဲ့လို႔ ခ်ီးက်ဴးမႈေတြခံခဲ့ရပါတယ္။

ဒါေပမယ့္အံ့အားသင့္စရာေကာင္းတာက မက္ဆီဟာ

ဖီဖာရဲ႕အေကာင္းဆုံးဆုအတြက္မဲေပးမႈမွာေတာ့ လီဝန္ေဒါစကီးကိုခ်န္ ၿပီး

ပီအက္စ္ဂ်ီ ကစားေဖာ္ေတြျဖစ္တဲ့ ေနမာ၊ ဘာေပနဲ႔

ရီးရဲလ္က ဘန္ဇီမာ တို႔ကိုအစဥ္လိုက္မဲေပးခဲ့တာပါ။

ဒါေၾကာင့္လည္း မက္ဆီဟာ လီဝန္ေဒါစကီးအမွတ္ပိုမရေစဖို႔အတြက္

တမင္ရည္႐ြယ္ခ်က္နဲ႔ မဲမေပးဘဲ ဆုမရႏိုင္သူေတြကိုမဲေပးကာ

သူ႔ဆီအ မွတ္ေတြပိုမ်ားလာေအာင္လုပ္ယူခဲ့တာလို႔ စြပ္စြဲခံခဲ့ရပါတယ္။

ဆုရခဲ့တဲ့ လီဝန္ေဒါစကီးဟာ ၄၈ မွတ္ရခဲ့ၿပီး မက္ဆီက ၄၄ မွတ္နဲ႔ ဒုတိယ၊

ဆာလာ က ၃၈ မွတ္နဲ႔တတိယရခဲ့ၾကပါတယ္။

မဲေပးမႈမွာ မက္ဆီရဲ႕ေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီး

လီဝန္ေဒါစကီး ကိုေမးရာမွာေတာ့သူက” ဒါကေတာ့သူ႔ေ႐ြးခ်ယ္မႈဘဲဗ်။

သူ႔ကိုဘဲခင္ဗ်ားတို႔သြားေမးၾကေပါ့” လို႔သာျပန္ေျဖခဲ့ပါတယ္။

ဒီအခ်ိန္ မွာ နာမည္ႀကီးဂ်ာမန္မီဒီယာတစ္ခုျဖစ္တဲ့ Bild က

” မင္းမရွက္ဘူးလား မက္ဆီရာ” လို႔ေခါင္းစဥ္တပ္ၿပီး

မက္ဆီရဲ႕ႀကံစည္ပုံ ကိုေရးသားခဲ့ပါတယ္။

ၿပဳံးျပတဲ့မက္ဆီက လီဝန္ေဒါစကီးကိုမဲမေပးခဲ့ေပမယ့္

မႏွစ္က လီဝန္ေဒါစကီးဆုရခ်ိန္မွာ မေက်နပ္တဲ့ ပုံျပခဲ့တဲ့

စီေရာ္နယ္ဒိုကေတာ့ ပိုလန္သားကိုသာမဲေပးခဲ့သလို

လီဝန္ေဒါစကီးရဲ႕ကစားေဖာ္ျဖစ္တဲ့ ႏူအာနဲ႔ ဘိုင္ယန္နည္းျပ ေဟာင္းျဖစ္တဲ့

ဂ်ာမနီအသင္းနည္းျပ ဟန္ဆီဖလစ္ တို႔ကေတာ့

မက္ဆီကိုသာမဲေပးခဲ့ၾကတယ္လို႔ သိရပါတယ္။