စိတ်လှုပ်ရှားစရာကစားသမားတွေကိုဆုံးရှုံးရမှာတော့ စိုးရိမ်တယ်အာကြီးရယ်လို့ ဝင်းတားဘန်း ရင်ဖွင့်

အာဆင်နယ်ဂန္တဝင်နီဂယ်ဝင်းတာဘန်းက ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီကို တခြားကလပ်အသင်းတွေဆီလက်လွှတ်ပေးလိုက်ရမှာ စိုးရိမ်မိတယ်လို့ပြောကြားခဲ့ပါတယ်။

လူငယ်တိုက်စစ်အတွဲဟာ အာဆင်နယ်အသင်းကိုဇယားထိပ်ဆုံးရောက်အောင်အဓိက ကူညီပေးထားသူတွေဖြစ်ပြီး ပွဲတိုင်းကျော်ပါဝင်ခဲ့သူတွေဖြစ်နေပါတယ်။

ဆာကာဟာ ပရီးမီးယားလိဂ် ၁၀ပွဲမှာ ၄ဂိုးသွင်း၊ ၄ကြိမ်ဖန်တီး ထားပြီး လိဒ်ကိုအနိုင်ရဖို့အတွက် သူ့ရဲ့တစ်လုံးတည်းသောဂိုးရတိုက်ရိုက်ပတ်သတ်ပေးခဲ့တာဖြစ်တယ်။

ဆာကာနဲ့ မာတင်နယ်လီတို့ဟာအသင်းနဲ့ ၂၀၂၄ခုနှစ်အထိစာချုပ်သက်တမ်း ရှိကြပေမဲ့ အနာဂါတ်ကိုကိုယ်တိုင်ရွေးချယ်ခွင့်ရှိနေကြဆဲဖြစ်လို့ အမ်းမရိတ်ကထွက်ခွာသွားမှာကို ဝင်းတားဘန်းက စိုးရိမ်နေတာဖြစ်တယ်။

“သူတို့လိုလူငယ်တွေကို နှစ်ရှည်စာချုပ်ဖို့လိုပါတယ်။ ကျွန်တော့်အတွက်တော့ လစာတိုးပေးရတာက ပြဿနာမဟုတ်ပါဘူး။ ပေးရတဲ့လူမှမဟုတ်ဘဲ။ ဒါပေမဲ့ အာဆင်နယ်မှာ အတိုင်းအတာတစ်ခုအမြဲရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

အခုဆိုရင်သူတို့ကပုံမှန်ပွဲထွက်နေ ကြပြီ အထူးသဖြင့်ဆာကာပေါ့။ သူတို့ကငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်လှုပ်ရှားစရာကစားသမားတွေဖြစ်နေလို့ စိုးရိမ်မိတာဖြစ်ပြီး ကလပ်ကထွက်သွားရင်တော့ မုန်းတီးမိမှာပါ။

အထူးသဖြင့် အခြားသောပရီးမီးယားလိဂ်အသင်းတွေဆီလက်လွှတ်ရရင်ပေါ့” လို့ ဝင်းတားဘန်းက ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်နဲ့ နည်းပြအာတီတာတို့ဟာ ဆာကာနဲ့မာတင်နယ်လီကို အမ်းမရိတ်မှာရေရှည်ဆက်နေဖို့အတွက် ကတိကဝတ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်ရဦးမှာဖြစ်တယ်။

ဒီရာသီအကုန်မှာ စာချုပ်သစ်ကိစ္စအထမမြောက်ခဲ့ဘူးဆိုရင်တော့ ငွေကြေးကိုအတိုင်းအတာတစ်ခုလုပ်ထားတဲ့ အာဆင်နယ်ရဲ့ထုံးစံအတိုင်း လက်လွှတ်ပေးရဖို့ရှိနေပါတယ်။

(Zawgyi)

စိတ္လႈပ္ရွားစရာကစားသမားေတြကိုဆုံးရႈံးရမွာေတာ့ စိုးရိမ္တယ္အာႀကီးရယ္လို႔ ဝင္းတားဘန္း ရင္ဖြင့္
============================================

အာဆင္နယ္ဂႏၲဝင္နီဂယ္ဝင္းတာဘန္းက ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ဆာကာနဲ႔ မာတင္နယ္လီကို တျခားကလပ္အသင္းေတြဆီလက္လႊတ္ေပးလိုက္ရမွာ စိုးရိမ္မိတယ္လို႔ေျပာၾကားခဲ့ပါတယ္။

လူငယ္တိုက္စစ္အတြဲဟာ အာဆင္နယ္အသင္းကိုဇယားထိပ္ဆုံးေရာက္ေအာင္အဓိက ကူညီေပးထားသူေတြျဖစ္ၿပီး ပြဲတိုင္းေက်ာ္ပါဝင္ခဲ့သူေတြျဖစ္ေနပါတယ္။

ဆာကာဟာ ပရီးမီးယားလိဂ္ ၁၀ပြဲမွာ ၄ဂိုးသြင္း၊ ၄ႀကိမ္ဖန္တီး ထားၿပီး လိဒ္ကိုအႏိုင္ရဖို႔အတြက္ သူ႔ရဲ႕တစ္လုံးတည္းေသာဂိုးရတိုက္႐ိုက္ပတ္သတ္ေပးခဲ့တာျဖစ္တယ္။

ဆာကာနဲ႔ မာတင္နယ္လီတို႔ဟာအသင္းနဲ႔ ၂၀၂၄ခုႏွစ္အထိစာခ်ဳပ္သက္တမ္း ရွိၾကေပမဲ့ အနာဂါတ္ကိုကိုယ္တိုင္ေ႐ြးခ်ယ္ခြင့္ရွိေနၾကဆဲျဖစ္လို႔ အမ္းမရိတ္ကထြက္ခြာသြားမွာကို ဝင္း တားဘန္းက စိုးရိမ္ေနတာျဖစ္တယ္။

“သူတို႔လိုလူငယ္ေတြကို ႏွစ္ရွည္စာခ်ဳပ္ဖို႔လိုပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ လစာတိုးေပးရတာက ျပႆနာမဟုတ္ပါဘူး။ ေပးရတဲ့လူမွမဟုတ္ဘဲ။

ဒါေပမဲ့ အာဆင္နယ္မွာ အတိုင္းအတာတစ္ခုအၿမဲရွိခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အခုဆိုရင္သူတို႔ကပုံမွန္ပြဲထြက္ေန ၾကၿပီ အထူးသျဖင့္ဆာကာေပါ့။

သူတို႔ကငယ္ငယ္႐ြယ္႐ြယ္နဲ႔ စိတ္လႈပ္ရွားစရာကစားသမားေတြျဖစ္ေနလို႔ စိုးရိမ္မိတာျဖစ္ၿပီး ကလပ္ကထြက္သြားရင္ေတာ့ မုန္းတီးမိမွာပါ။

အထူးသျဖင့္ အျခားေသာပရီးမီးယားလိဂ္အသင္းေတြဆီလက္လႊတ္ရရင္ေပါ့” လို႔ ဝင္းတားဘန္းက ဆိုခဲ့ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္နဲ႔ နည္းျပအာတီတာတို႔ဟာ ဆာကာနဲ႔မာတင္နယ္လီကို အမ္းမရိတ္မွာေရရွည္ဆက္ေနဖို႔အတြက္ ကတိကဝတ္ေတြကို အားသြန္ခြန္စိုက္လုပ္ေဆာင္ရဦးမွာျဖစ္တယ္။

ဒီရာသီအကုန္မွာ စာခ်ဳပ္သစ္ကိစၥအထမေျမာက္ခဲ့ဘူးဆိုရင္ေတာ့ ေငြေၾကးကိုအတိုင္းအတာတစ္ခုလုပ္ထားတဲ့ အာဆင္နယ္ရဲ႕ထုံးစံအတိုင္း လက္လႊတ္ေပးရဖို႔ရွိေနပါတယ္။