စိတ်ဖိစီးမှုများနေလို့ ချစ်သူနဲ့အတူ မက်ဒရစ်ရှိ နာမည်ကျော်စားသောက်ဆိုင်မှာ ညစာသွားစားတဲ့ ရော်နယ်ဒို

မန်ချက်စတာမှာ ဂျူနီယာကစားသမားတွေရဲ့ ဘောလုံးပေးစကစားတဲ့

အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုဟာ အက်စတွန်ဗီလာကို ၁-ဝဂိုးနဲ့

အနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲကိုလွဲခဲ့သူဖြစ်ပါတယ်။

နည်းပြဖြစ်သူရန်းနစ်ကေ ရော်နယ်ဒိုကိုထည့်သွင်းမကစားခဲ့တာဟာ

သူ့ရဲ့တင်ပုံးဆုံဒဏ်ရာကြောင့် ဖြစ်တယ်လို့

ပွဲပြီးအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာတင်ပါးဆုံဒဏ်ရာကြောင့်အနားရနေစဉ်အတွင်းမှာ

စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်ကို သူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အသင်းမှာ စိတ်ဖိစီးမှုများနေတဲ့ရော်နယ်ဒိုအတွက်တော့

စိတ်သက်သာရာရစေမယ့်ခရီးတိုတစ်ခုပါပဲ။

သူ့ရဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် လိုက်ပါခဲ့သလို

သူတို့နှစ်ဦးဟာ မက်ဒရစ်မှာ ကမ္ဘာကျော်စားဖိုမှူး

ဂျီးဆပ်စ်ဆန်းချက်ဇ်ဦးစီးလုပ်ဆောင်နေတဲ့ Amos Restaurant တွင်

ညစာအတူစားခဲ့ကြကာ Rosewood Villa Magna ဟိုတယ်မှာ အိပ်စက်ခဲ့ကြပါတယ်။

Rosewood Villa Magna ဟိုတယ်ဟာ ရော်နယ်ဒိုမက်ဒရစ်မှာ

နေထိုင်စဉ်ကတည်းက သဘောကျနှစ်ခြိုက်တဲ့ နေရာတစ်ခုလည်းဖြစ်သလို

ကြယ်(၅)ပွင့်အဆင့်ရှိတဲ့ ဟိုတယ်လည်းဖြစ်ပါတယ်။

ဟိုတယ်ရဲ့ ဈေးအသက်သာဆုံးအခန်းရဲ့တစ်ညတည်းခိုခဟာ

မြန်မာငွေ (၁၈)သိန်း နီးပါရှိတယ်လို့ booking. com မှာဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ မက်ဒရစ်မှာ ပေါင်၄.၈သန်းတန်နေအိမ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

zawgyi

စိတ္ဖိစီးမႈမ်ားေနလို႔ ခ်စ္သူနဲ႔အတူ မက္ဒရစ္ရွိ နာမည္ေက်ာ္စားေသာက္ဆိုင္မွာ ညစာသြားစားတဲ့ ေရာ္နယ္ဒို

မန္ခ်က္စတာမွာ ဂ်ဴနီယာကစားသမားေတြရဲ႕ ေဘာလုံးေပးစကစားတဲ့

အခက္အခဲနဲ႔ရင္ဆိုင္ေနရတဲ့ ေရာ္နယ္ဒိုဟာ အက္စတြန္ဗီလာကို ၁-ဝဂိုးနဲ႔

အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားပြဲကိုလြဲခဲ့သူျဖစ္ပါတယ္။

နည္းျပျဖစ္သူရန္းနစ္ေက ေရာ္နယ္ဒိုကိုထည့္သြင္းမကစားခဲ့တာဟာ

သူ႔ရဲ႕တင္ပုံးဆုံဒဏ္ရာေၾကာင့္ ျဖစ္တယ္လို႔

ပြဲၿပီးအင္တာဗ်ဴးမွာေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာတင္ပါးဆုံဒဏ္ရာေၾကာင့္အနားရေနစဥ္အတြင္းမွာ

စပိန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ မက္ဒရစ္ကို သူ႔ရဲ႕ကိုယ္ပိုင္ေလယာဥ္နဲ႔ သြားေရာက္ခဲ့ပါတယ္။

ဒီခရီးစဥ္ဟာ အသင္းမွာ စိတ္ဖိစီးမႈမ်ားေနတဲ့ေရာ္နယ္ဒိုအတြက္ေတာ့

စိတ္သက္သာရာရေစမယ့္ခရီးတိုတစ္ခုပါပဲ။

သူ႔ရဲ႕ခ်စ္သူ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ လိုက္ပါခဲ့သလို

သူတို႔ႏွစ္ဦးဟာ မက္ဒရစ္မွာ ကမာၻေက်ာ္စားဖိုမႉး

ဂ်ီးဆပ္စ္ဆန္းခ်က္ဇ္ဦးစီးလုပ္ေဆာင္ေနတဲ့ Amos Restaurant တြင္

ညစာအတူစားခဲ့ၾကကာ Rosewood Villa Magna ဟိုတယ္မွာ အိပ္စက္ခဲ့ၾကပါတယ္။

Rosewood Villa Magna ဟိုတယ္ဟာ ေရာ္နယ္ဒိုမက္ဒရစ္မွာ

ေနထိုင္စဥ္ကတည္းက သေဘာက်ႏွစ္ၿခိဳက္တဲ့ ေနရာတစ္ခုလည္းျဖစ္သလို

ၾကယ္(၅)ပြင့္အဆင့္ရွိတဲ့ ဟိုတယ္လည္းျဖစ္ပါတယ္။

ဟိုတယ္ရဲ႕ ေဈးအသက္သာဆုံးအခန္းရဲ႕တစ္ညတည္းခိုခဟာ

ျမန္မာေငြ (၁၈)သိန္း နီးပါရွိတယ္လို႔ booking. com မွာေဖာ္ျပထားပါတယ္။

ေရာ္နယ္ဒိုဟာ မက္ဒရစ္မွာ ေပါင္၄.၈သန္းတန္ေနအိမ္ပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။