စိတ်ပျက်ဖွယ်ရလဒ်ပေမယ့် ဒီတစ်ကြိမ်တော့ ဥမင်ထဲ တန်းမသွားတဲ့ စီရော်နယ်ဒို

ပွဲတွေအပြီးမှာ မန်ယူပရိသတ်တွေကို အသိအမှတ်မပြုတာနဲ့ပတ်သက်လို့

စီရော်နယ်ဒိုဟာ မကြာသေးခင်က ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာညက

အိုးလ်ထရက်ဖို့ဒ်မှာ ဝုဗ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီပေါ်တူဂီသားဟာ

ကွင်းထဲက တရွေ့ရွေ့ထွက်ခွာချိန် အသင်းပရိသတ်တွေကို

လက်ခုပ်တီးအသိအမှတ်ပြုခဲ့ပါတယ်။

တစ်ခုရှိတာက ရှုံးနိမ့်မှုကြောင့် အဲဒီ ၃၆ နှစ်သားရဲ့မျက်နှာကတော့ ရှုံ့ရှုံ့မဲ့မဲ့ဖြစ်နေတာပါ။

အဲဒီပွဲမှာ မန်ယူရဲ့ကစားပုံဟာ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီး မော်တင်ဟိုရဲ့

တစ်လုံးတည်းနောက်ကျဂိုးနဲ့ ဝုဗ်ကို အရေးနိမ့်ခဲ့တာပါ။

အဲဒါဟာ ယာယီနည်းပြရန်းနစ်လက်ထက် မန်ယူရဲ့ပထမဆုံးရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားမပါနိုင်ချိန်မှာ ရန်းနစ်ဟာ

စီရော်နယ်ဒိုကို အသင်းခေါင်းဆောင်လက်ပတ်ပေးခဲ့တာပါ။

စီရော်နယ်ဒိုအနေနဲ့ ၂၀၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

မန်ယူအသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရတာဖြစ်ပြီး

အသင်းပရိသတ်တွေကလည်း အဲဒီအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်တမ်းကစားတော့ စီရော်နယ်ဒိုဟာ ခြေစွမ်းအရ

ရုန်းကန်ခဲ့ရပြီး ဒီတစ်ကြိမ်မှာ သူ့အသင်းကို ကယ်တင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

၁၄ နှစ်အကြာမှာ သူ မန်ယူအသင်းခေါင်းဆောက်လက်ပတ် ပြန်ဝတ်တဲ့ပွဲကျမှ

တိုက်တိုက်ဆိုင်ဆိုင် ရှုံးပွဲကြုံခဲ့တာပါ။

မန်ယူရဲ့ဒီရာသီရုန်းကန်နေရမှုအတွက် စီရော်နယ်ဒိုကိုယ်တိုင်လည်း

စိတ်ပျက်နေပြီး အားမရဖြစ်နေပါတယ်။

zawgyi

စိတ္ပ်က္ဖြယ္ရလဒ္ေပမယ့္ ဒီတစ္ႀကိမ္ေတာ့ ဥမင္ထဲ တန္းမသြားတဲ့ စီေရာ္နယ္ဒို

ပြဲေတြအၿပီးမွာ မန္ယူပရိသတ္ေတြကို အသိအမွတ္မျပဳတာနဲ႔ပတ္သက္လို႔

စီေရာ္နယ္ဒိုဟာ မၾကာေသးခင္က ေဝဖန္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့တနလၤာညက

အိုးလ္ထရက္ဖို႔ဒ္မွာ ဝုဗ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ အဲဒီေပၚတူဂီသားဟာ

ကြင္းထဲက တေ႐ြ႕ေ႐ြ႕ထြက္ခြာခ်ိန္ အသင္းပရိသတ္ေတြကို

လက္ခုပ္တီးအသိအမွတ္ျပဳခဲ့ပါတယ္။

တစ္ခုရွိတာက ရႈံးနိမ့္မႈေၾကာင့္ အဲဒီ ၃၆ ႏွစ္သားရဲ႕မ်က္ႏွာကေတာ့ ရႈံ႕ရႈံ႕မဲ့မဲ့ျဖစ္ေနတာပါ။

အဲဒီပြဲမွာ မန္ယူရဲ႕ကစားပုံဟာ စိတ္ပ်က္ဖြယ္ျဖစ္ခဲ့ၿပီး ေမာ္တင္ဟိုရဲ႕

တစ္လုံးတည္းေနာက္က်ဂိုးနဲ႔ ဝုဗ္ကို အေရးနိမ့္ခဲ့တာပါ။

အဲဒါဟာ ယာယီနည္းျပရန္းနစ္လက္ထက္ မန္ယူရဲ႕ပထမဆုံးရႈံးပြဲလည္း ျဖစ္လာခဲ့ပါတယ္။

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားမပါႏိုင္ခ်ိန္မွာ ရန္းနစ္ဟာ

စီေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္လက္ပတ္ေပးခဲ့တာပါ။

စီေရာ္နယ္ဒိုအေနနဲ႔ ၂၀၀၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

မန္ယူအသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ခြင့္ရတာျဖစ္ၿပီး

အသင္းပရိသတ္ေတြကလည္း အဲဒီအတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ တကယ္တမ္းကစားေတာ့ စီေရာ္နယ္ဒိုဟာ ေျခစြမ္းအရ

႐ုန္းကန္ခဲ့ရၿပီး ဒီတစ္ႀကိမ္မွာ သူ႔အသင္းကို ကယ္တင္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။

၁၄ ႏွစ္အၾကာမွာ သူ မန္ယူအသင္းေခါင္းေဆာက္လက္ပတ္ ျပန္ဝတ္တဲ့ပြဲက်မွ

တိုက္တိုက္ဆိုင္ဆိုင္ ရႈံးပြဲႀကဳံခဲ့တာပါ။

မန္ယူရဲ႕ဒီရာသီ႐ုန္းကန္ေနရမႈအတြက္ စီေရာ္နယ္ဒိုကိုယ္တိုင္လည္း

စိတ္ပ်က္ေနၿပီး အားမရျဖစ္ေနပါတယ္။