စိတ်ပညာရှင်ခန့်အပ်မှုနဲ့အတူ ယူနိုက်တက်ကို ပြောင်းလဲပစ်မယ့် ရန်းနစ်စ်

ယူနိုက်တက်နည်းပြသစ် ရန်းနစ်ခ်ဟာ ကစားသမားတွေကို

စိတ်ပိုင်းဆိုင်ရာမှာပါ အားကောင်းလာစေဖို့အတွက် စိတ်ပညာရှင်တစ်ဦးကို

ခေါ်ယူခန့်အပ်လိုက်ပြီး ဒီလိုခန့်အပ်ခဲ့မှုအပေါ် ဗြိတိန်မီဒီယာတွေက

အံ့အားသင့်နေကြပေမယ့်ရန်းနစ်ခ်ကတော့ အသင်းတိုင်းမှာ

စိတ်ပညာရှင် ရှိသင့်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယန်းဘွိုင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ

ရန်းနစ်ခ်က နည်းပြအဖွဲ့ဝင်သစ်၂ ဦးခေါ်ယူလိုက်တယ်ဆိုတာကို

အတည်ပြုခဲ့သလို စိတ်ပညာရှင်တစ်ဦးပါဝင်နေမှုနဲ့

ပတ်သက်ပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ ယူနိုက်တက်ကို ၆ လစာချုပ်နဲ့ နည်းပြအဖြစ်ဦးဆောင်မှာဖြစ်ပြီး

အဲ့ဒိကာလကျော်သွားရင်တော့ အတိုင်ပင်ခံအဖြစ်

၂ နှစ်စာချုပ်နဲ့ ဆက်လက်တာဝန်ယူမှာပါ။

ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်မီ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးတွေမှာ

ရန်းနစ်ခ်ကို ယူနိုက်တက်ရဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာ၊

ပထမအသင်းနည်းပြ ကီရန်မက္ကန်းနားတို့က ဝိုင်းဝန်းကူညီပေးခဲ့ကြရပါတယ်။

ယူနိုက်တက်ကို ယာယီ ၃ ပွဲတာဝန်ယူပေးခဲ့တဲ့ မိုက်ကယ်ကာရစ်ကို

ဆက်နေဖို့ ရန်းနစ်ခ်က ကြိုးစားခဲ့သေးပေမယ့်

မအောင်မြင်ခဲ့တဲ့နောက်မှာတော့ နည်းပြအဖွဲ့ဝင်သစ် ၂ ဦးကို ခေါ်ယူလိုက်ရတာပါ။

ရန်းနစ်ခ်ဟာ မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဒ်ဘူးလ်နဲ့

တိုရွန်တိုနည်းပြဟောင်းဖြစ်သူ ခရစ်အာမက်စ်ကို

သူ့ရဲ့ လက်ထောက်အဖြစ်ခေါ်ယူခဲ့တာပါ။

ထို့အတူ ရှော်လ်ကေးနဲ့ လိုက်ဇစ်ပ်မှာ အတူ တွဲလုပ်ခဲ့ဖူးတဲ့

စိတ်ကုထုံးပညာရှင် ဆက်စ်ချာလန့်စ်ကို ခေါ်ယူခဲ့တယ်ဆိုတာကိုလည်း

ရန်းနစ်ခ်က အတည်ပြုခဲ့ပါတယ်။

အခုလိုမျိုးရန်းနစ်ခ်က ကစားသမားတွေအတွက်စိတ်ပညာရှင်

ခန့်အပ်ခဲ့တာဟာ ဗြိတိန်မီဒီယာတွေနဲ့

အခြားသော ပြိုင်ဘက်တွေအတွက် ထူးဆန်းသလိုဖြစ်နေပေမယ့်

ယူနိုက်တက်အတွက် မထူးဆန်းပါဘူး။

ယူနိုက်တက်ကို ဆာအဲလက်စ်တာဝန်ယူခဲ့စဉ္ကလည်း ၁၉၉၉ ခုနှစ်အတွင်း

Bill Beswick လို့အမည်ရတဲ့ စိတ်ပညာရှင်တစ်ဦးကို

ကစားသမားတွေအတွက် ခေါ်ယူခန့်အပ်ခဲ့သလို Bill Beswick ကလည်း

ယူနိုက်တက် မှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

ယူနိုက်တက်ကို အတိုင်ပင်ခံအဖြစ်ပါ ဆက်လက်တာဝန်ယူမယ့်

ရန်းနစ်ခ်ကတော့ ကစားသမားတွေအကြားမှာ

မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားခံယူချက်တွေရှိလာစေဖို့

အခုကတည်းက ပြင်ဆင်နေတာဖြစ်သလို အသင်းတိုင်းမှာ

စိတ်ပညာရှင်လိုအပ်တယ်ဆိုတာကိုလည်း အခုလိုပြောကြားခဲ့ပါတယ်။

“ဗြိတိန်မှာ ဘယ်လိုရှိမလဲ။ တခြားကလပ်တွေမှာ ဘယ်လိုလည်းတော့ မသိဘူး။

ဂျာမနီက အသင်းအများစုကတော့ အားကစားစိတ်ပညာရှင်

သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပညာရှင်တွေကို ခန့်ထားကြပါတယ်။

ဂိုးသမားအတွက် သီးသန့်နည်းပြ၊ ကာယကြံ့ခိုင်မှုပညာရေး၊

ယုတ်စွအဆုံး တိုက်စစ်မှူးတွေ၊ ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်လို့

သီးသန့်နည်းပြတွေတောင် ရှိနေကြမှတော့ ဦးနှောက်ပိုင်းဆိုင်ရာအတွက်လည်း

ကျွမ်းကျင်ပညာရှင်တစ်ဦး လိုအပ်ပါတယ်။

စိတ်ပညာရှင်ဆိုလို့ ကစားသမားတွေကို ဆိုဖာအနီကြီးပေါ်မှာထိုင်ခိုင်းပြီး

ကုဖို့ပြောတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ဦးနှောက်က ပံ့ပိုးပေးနိုင်ဖို့အတွက်ပါ။

ယူနိုက်တက်ကစားသမားတွေနဲ့ အသင်းမှာရှိသူတိုင်းကလည်း

မှန်ကန်တဲ့နည်းလမ်းနဲ့တွေးခေါ်သင့်ပါတယ်” လို့ ရန်းနစ်ခ်က ဆိုပါတယ်။

zawgyi

စိတ္ပညာရွင္ခန႔္အပ္မႈနဲ႔အတူ ယူႏိုက္တက္ကို ေျပာင္းလဲပစ္မယ့္ ရန္းနစ္စ္

ယူႏိုက္တက္နည္းျပသစ္ ရန္းနစ္ခ္ဟာ ကစားသမားေတြကို

စိတ္ပိုင္းဆိုင္ရာမွာပါ အားေကာင္းလာေစဖို႔အတြက္ စိတ္ပညာရွင္တစ္ဦးကို

ေခၚယူခန႔္အပ္လိုက္ၿပီး ဒီလိုခန႔္အပ္ခဲ့မႈအေပၚ ၿဗိတိန္မီဒီယာေတြက

အံ့အားသင့္ေနၾကေပမယ့္ရန္းနစ္ခ္ကေတာ့ အသင္းတိုင္းမွာ

စိတ္ပညာရွင္ ရွိသင့္တယ္လို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ယန္းဘြိဳင္းနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ

ရန္းနစ္ခ္က နည္းျပအဖြဲ႕ဝင္သစ္၂ ဦးေခၚယူလိုက္တယ္ဆိုတာကို

အတည္ျပဳခဲ့သလို စိတ္ပညာရွင္တစ္ဦးပါဝင္ေနမႈနဲ႔

ပတ္သက္ၿပီး ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ဟာ ယူႏိုက္တက္ကို ၆ လစာခ်ဳပ္နဲ႔ နည္းျပအျဖစ္ဦးေဆာင္မွာျဖစ္ၿပီး

အဲ့ဒိကာလေက်ာ္သြားရင္ေတာ့ အတိုင္ပင္ခံအျဖစ္

၂ ႏွစ္စာခ်ဳပ္နဲ႔ ဆက္လက္တာဝန္ယူမွာပါ။

ပဲေလ့စ္ကို အႏိုင္ရခဲ့တဲ့ပြဲမတိုင္မီ ယူႏိုက္တက္ရဲ႕ေလ့က်င့္ေရးေတြမွာ

ရန္းနစ္ခ္ကို ယူႏိုက္တက္ရဲ႕ နည္းစနစ္ဒါ႐ိုက္တာ ဒါရင္းဖလက္ခ်ာ၊

ပထမအသင္းနည္းျပ ကီရန္မကၠန္းနားတို႔က ဝိုင္းဝန္းကူညီေပးခဲ့ၾကရပါတယ္။

ယူႏိုက္တက္ကို ယာယီ ၃ ပြဲတာဝန္ယူေပးခဲ့တဲ့ မိုက္ကယ္ကာရစ္ကို

ဆက္ေနဖို႔ ရန္းနစ္ခ္က ႀကိဳးစားခဲ့ေသးေပမယ့္

မေအာင္ျမင္ခဲ့တဲ့ေနာက္မွာေတာ့ နည္းျပအဖြဲ႕ဝင္သစ္ ၂ ဦးကို ေခၚယူလိုက္ရတာပါ။

ရန္းနစ္ခ္ဟာ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္ရက္ဒ္ဘူးလ္နဲ႔

တို႐ြန္တိုနည္းျပေဟာင္းျဖစ္သူ ခရစ္အာမက္စ္ကို

သူ႔ရဲ႕ လက္ေထာက္အျဖစ္ေခၚယူခဲ့တာပါ။

ထို႔အတူ ေရွာ္လ္ေကးနဲ႔ လိုက္ဇစ္ပ္မွာ အတူ တြဲလုပ္ခဲ့ဖူးတဲ့

စိတ္ကုထုံးပညာရွင္ ဆက္စ္ခ်ာလန႔္စ္ကို ေခၚယူခဲ့တယ္ဆိုတာကိုလည္း

ရန္းနစ္ခ္က အတည္ျပဳခဲ့ပါတယ္။

အခုလိုမ်ိဳးရန္းနစ္ခ္က ကစားသမားေတြအတြက္စိတ္ပညာရွင္

ခန႔္အပ္ခဲ့တာဟာ ၿဗိတိန္မီဒီယာေတြနဲ႔

အျခားေသာ ၿပိဳင္ဘက္ေတြအတြက္ ထူးဆန္းသလိုျဖစ္ေနေပမယ့္

ယူႏိုက္တက္အတြက္ မထူးဆန္းပါဘူး။

ယူႏိုက္တက္ကို ဆာအဲလက္စ္တာဝန္ယူခဲ့စၪၠလည္း ၁၉၉၉ ခုႏွစ္အတြင္း

Bill Beswick လို႔အမည္ရတဲ့ စိတ္ပညာရွင္တစ္ဦးကို

ကစားသမားေတြအတြက္ ေခၚယူခန႔္အပ္ခဲ့သလို Bill Beswick ကလည္း

ယူႏိုက္တက္ မွာ ၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္သြားခဲ့ပါတယ္။

ယူႏိုက္တက္ကို အတိုင္ပင္ခံအျဖစ္ပါ ဆက္လက္တာဝန္ယူမယ့္

ရန္းနစ္ခ္ကေတာ့ ကစားသမားေတြအၾကားမွာ

မွန္ကန္တဲ့ စိတ္ပိုင္းဆိုင္ရာသေဘာထားခံယူခ်က္ေတြရွိလာေစဖို႔

အခုကတည္းက ျပင္ဆင္ေနတာျဖစ္သလို အသင္းတိုင္းမွာ

စိတ္ပညာရွင္လိုအပ္တယ္ဆိုတာကိုလည္း အခုလိုေျပာၾကားခဲ့ပါတယ္။

“ၿဗိတိန္မွာ ဘယ္လိုရွိမလဲ။ တျခားကလပ္ေတြမွာ ဘယ္လိုလည္းေတာ့ မသိဘူး။

ဂ်ာမနီက အသင္းအမ်ားစုကေတာ့ အားကစားစိတ္ပညာရွင္

သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာပညာရွင္ေတြကို ခန႔္ထားၾကပါတယ္။

ဂိုးသမားအတြက္ သီးသန႔္နည္းျပ၊ ကာယႀကံ့ခိုင္မႈပညာေရး၊

ယုတ္စြအဆုံး တိုက္စစ္မႉးေတြ၊ ႀကံ့ခိုင္မႈပိုင္းနဲ႔ ပတ္သက္လို႔

သီးသန႔္နည္းျပေတြေတာင္ ရွိေနၾကမွေတာ့ ဦးေႏွာက္ပိုင္းဆိုင္ရာအတြက္လည္း

ကြၽမ္းက်င္ပညာရွင္တစ္ဦး လိုအပ္ပါတယ္။

စိတ္ပညာရွင္ဆိုလို႔ ကစားသမားေတြကို ဆိုဖာအနီႀကီးေပၚမွာထိုင္ခိုင္းၿပီး

ကုဖို႔ေျပာတာမဟုတ္ပါဘူး။ ခႏၶာကိုယ္ကို ဦးေႏွာက္က ပံ့ပိုးေပးႏိုင္ဖို႔အတြက္ပါ။

ယူႏိုက္တက္ကစားသမားေတြနဲ႔ အသင္းမွာရွိသူတိုင္းကလည္း

မွန္ကန္တဲ့နည္းလမ္းနဲ႔ေတြးေခၚသင့္ပါတယ္” လို႔ ရန္းနစ္ခ္က ဆိုပါတယ္။