စိတ်ဓာတ်အင်အား အပြည့်နဲ့ကွန်တီကို ဖာဂူဆန်လည်း သဘောကျတယ်

ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကိုထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့

အင်တာမီလန်နည်းပြဟောင်းကွန်တီကို ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ

ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ သတင်းကို အင်္ဂလန်မီဒီယာအများအပြားမှာ ဖော်ပြခဲ့

ကြတာဖြစ်ပြီး စပါးနဲ့ပွဲမတိုင်ခင်မှာ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အတွက် ဘုတ်အဖွဲ့က

စီစဉ်နေပြီလို့လည်း ဆိုပါတယ်။

လီဗာပူးကို ၅-၀ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားအပေါ် အသင်းကစား

သမားတွေကလည်း စိတ်ပျက်နေပြီး ကစားသမားအနည်းငယ်ကပဲ အားပေးမှုတွေပြု

လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကျန်ကစားသမားတွေကတော့ ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့

အရည်အသွေးအပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ သိရကာ နည်းပြအပြောင်းအလဲဖြစ်လာဖို့

မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ အတွင်းမှာ ကွန်တီကို အသင်းရဲ့ နည်းပြသစ်

အဖြစ် ခန့်အပ်မယ့် ဆုံးဖြတ်ချက်ကို သဘောမကျတဲ့ လူတချို့ ရှိနေသေးပြီး ယူနိုက်တက်

အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ကွန်တီကို နည်းပြသစ်အဖြစ်

ခန့်အပ်သင့်ကြောင်း ထောက်ခံပေးထားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက

ဆိုပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ ကွန်တီ တစ်ယောက် ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်

ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၇ခုနှစ်ထဲက ကွန်တီရဲ့ အသင်းအပေါ် စိတ်ဓာတ်အင်အား အပြည့်နဲ့

ကိုင်တွယ်ပုံကို သဘောကျနေသူ ဖြစ်ပြီး ကွန်တီကို ချီးကျူးမှုတွေလည်း ပြုလုပ်ဖူးပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်က “ ကွန်တီက ထိပ်တန်း နည်းပြတစ်ဦးပါ။ ဒါကို မင်းတို့လည်း

မြင်နိုင်ပါတယ်။ သူ့ရဲ့ ကွင်းဘေးကနေ အင်အားအပြည့်နဲ့ ညွှန်ကြားမှုတွေ လုပ်နေတဲ့ ပုံစံက

တကယ်ကို ကောင်းပါတယ်” လို့ ချီးကျူးဖူးတာလည်း ဖြစ်ပါတယ်။

Zawgyi

စိတ္ဓာတ္အင္အား အျပည့္နဲ႔ကြန္တီကို ဖာဂူဆန္လည္း သေဘာက်တယ္

ယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားကိုထုတ္ပယ္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့

အင္တာမီလန္နည္းျပေဟာင္းကြန္တီကို ခန႔္အပ္ဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ

ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီ သတင္းကို အဂၤလန္မီဒီယာအမ်ားအျပားမွာ ေဖာ္ျပခဲ့

ၾကတာျဖစ္ၿပီး စပါးနဲ႔ပြဲမတိုင္ခင္မွာ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔အတြက္ ဘုတ္အဖြဲ႕က

စီစဥ္ေနၿပီလို႔လည္း ဆိုပါတယ္။

လီဗာပူးကို ၅-၀ နဲ႔ အိမ္ကြင္းမွာ အေရးနိမ့္ခဲ့ၿပီးေနာက္ ဆိုးလ္ရွားအေပၚ အသင္းကစား

သမားေတြကလည္း စိတ္ပ်က္ေနၿပီး ကစားသမားအနည္းငယ္ကပဲ အားေပးမႈေတြျပဳ

လုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။ က်န္ကစားသမားေတြကေတာ့ ဆိုးလ္ရွားရဲ႕ နည္းစနစ္နဲ႔

အရည္အေသြးအေပၚ ယုံၾကည္မႈမရွိေတာ့ဘူးလို႔ သိရကာ နည္းျပအေျပာင္းအလဲျဖစ္လာဖို႔

ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းရဲ႕ ဘုတ္အဖြဲ႕ အတြင္းမွာ ကြန္တီကို အသင္းရဲ႕ နည္းျပသစ္

အျဖစ္ ခန႔္အပ္မယ့္ ဆုံးျဖတ္ခ်က္ကို သေဘာမက်တဲ့ လူတခ်ိဳ႕ ရွိေနေသးၿပီး ယူႏိုက္တက္

အသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ကေတာ့ ကြန္တီကို နည္းျပသစ္အျဖစ္

ခန႔္အပ္သင့္ေၾကာင္း ေထာက္ခံေပးထားတယ္လို႔ မန္ခ်က္စတာ ညေနခင္း သတင္းဌာနက

ဆိုပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္ဟာ ကြန္တီ တစ္ေယာက္ ခ်ယ္လ္ဆီးအသင္းနဲ႔ အတူ ပရီးမီးယားလိဂ္

ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ထဲက ကြန္တီရဲ႕ အသင္းအေပၚ စိတ္ဓာတ္အင္အား အျပည့္နဲ႔

ကိုင္တြယ္ပုံကို သေဘာက်ေနသူ ျဖစ္ၿပီး ကြန္တီကို ခ်ီးက်ဴးမႈေတြလည္း ျပဳလုပ္ဖူးပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္က “ ကြန္တီက ထိပ္တန္း နည္းျပတစ္ဦးပါ။ ဒါကို မင္းတို႔လည္း

ျမင္ႏိုင္ပါတယ္။ သူ႔ရဲ႕ ကြင္းေဘးကေန အင္အားအျပည့္နဲ႔ ၫႊန္ၾကားမႈေတြ လုပ္ေနတဲ့ ပုံစံက

တကယ္ကို ေကာင္းပါတယ္” လို႔ ခ်ီးက်ဴးဖူးတာလည္း ျဖစ္ပါတယ္။