စိတ်ဓာတ်တက်ကြွစွာ ကစားရမယ့်အစား -င်ခံလာခဲ့တယ်လို့ အကြမ်းဆုံးစကားလုံးတွေနဲ့အသင်းသားတွေကို ကြိမ်းမောင်းခဲ့တဲ့ မော်ရင်ဟို
ရိုးမားအသင်းနည်းပြ မော်ရင်ဟို ဟာကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်မှာ
အင်တာမီလန်ကို ၂-၀ နဲ့ရှုံးနိမ့်ပြီးနောက် အဝတ်လဲခန်းထဲမှာ
အသင်းသားတွေကို စကားလုံးအကြမ်းဆုံးတွေသုံးပြီး
ကြိမ်းမောင်းပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။
အင်တာဟာဒီပွဲမှာ ၂ မိနစ်မှာ ဒီဇက်ကိုသွင်းတဲ့ဂိုး၊ ဒုတိယပိုင်းမှာ
ဆန်းချက်ဇ်သွင်းတဲ့ဂိုးတွေနဲ့အနိုင်ရခဲ့လို့
ရိုးမားလည်းပြိုင် ပွဲကနေထွက်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်လည်း သူ့အသင်းရဲ့စွမ်းဆောင်ရည်ကိုမကျေနပ်တဲ့
မော်ရင်ဟိုက ကစားသမား တွေကိုချက်ခြင်းဆိုသလို
ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။
Corriere dello Sport ရဲ့ဖော်ပြချက်အရ
မော်ရင်ဟိုက ဘယ်လို ကြိမ်းမောင်းခဲ့သလဲဆိုတာ သိခဲ့ကြရပါတယ်။
မော်ရင်ဟိုက” အင်တာနဲ့ မျက်နှာချင်းဆိုင်ကစားပြီး ၁၀ မိနစ်အတွင်းမှာတင်
ဘာကြောင့်မင်းတို့ -င်ချခံရသလဲဆိုတာ ငါသိ ချင်တယ်။
အေစီနဲ့ပွဲတုန်းကလည်း ဒီလိုဘဲ။ ၁၀ မိနစ်အတွင်းမှာတင်
မင်းတို့ဘာကြောင့် -င်ချခံရသလဲဆိုတာလည်း ငါသိ ချင်တယ်။
အားလုံးကိုပြောနေတာ။ အသင်းကြီးတွေနဲ့တွေ့ရင်
မင်းတို့ကိုယ်မင်းတို့ အသင်းလေးပုံစံလုပ်နေတာ ၂ နှစ်လောက် ရှိနေပြီ။
ဒါဘာကြောင့်လဲဆိုတာကိုပါ ငါသိချင်တယ်။
မင်းတို့ကအသင်းလေးဖြစ်နေရင် ဒိုင်လူကြီးကလည်း
အသင်းလေး ပုံစံဆက်ဆံမှာဘဲ။ ရိုးမားကိုကလေး လိုသဘောထားကြလိမ့်မယ်။
အင်တာဟာ စူပါအသင်းတစ်ခုဖြစ်ပြီး မင်းတို့ရှေ့မှာရပ် နေတာကြောင့်
စိတ်ဓာတ်တက်ကြွစွာ ကစားရမယ့်အစား -င်ခံလာခဲ့တယ်။
ယောကျ်ားတွေရဲ့အကြီးမားဆုံး ဆိုးရွားမှုက -ီးမပါတာနဲ့
ကိုယ်ရေကိုယ်သွေးမပြနိုင်တာဘဲ။
ဒီလိုပွဲမျိုးကိုမင်းတို့ကြောက်နေကြရင်တော့
စီးရီး စီ ကိုသာသွားကစားလိုက် တော့။
အဲဒီမှာ ချန်ပီယံတွေ၊ ထိပ်တန်းကွင်းတွေနဲ့
ကြီးကျယ်ခမ်းနားတဲ့ဘောလုံးဖိအားတွေကို
ဘယ်တော့မှ တွေ့ရမှာမ ဟုတ်ဘူး” လို့ပြောခဲ့တာပါ။
ဒီလိုမျိုးအသင်းသားတွေနဲ့ မော်ရင်ဟို အကြားမှာတင်းမာမှုမြင့်တက်လာခဲ့ပေမယ့်
ကလပ်ဘက်ကတော့ ဒီပေါ်တူဂီသားကို ထုတ်ပယ်ဖို့မရှိဘူးလို့လည်း သိရပါတယ်။
ကလပ်ပိုင်ရှင်ဖြစ်တဲ့ ဖရက်ကင်နဲ့ အထွေထွေမန်နေဂျာ တီယာဂိုပင်တို တို့ဟာ
မကြာသေးခင်က လာမယ့်နွေရာသီအပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး
မော်ရင်ဟိုနဲ့ဆွေးနွေးခဲ့ကြသေးတယ်လို့လည်း ဆိုပါ တယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီကမှရိုးမားကိုရောက်လာတာဖြစ်ပြီး
၃ နှစ်စာချုပ်ကိုလက်မှတ်ရေးထိုးထားတာပါ။
zawgyi
ယောက်ျားတွေရဲ့အကြီးမားဆုံး ဆိုးရွားမှုက -ီးမပါတာနဲ့