စိတ်ကြိုက်နေရာမှာ ကစားခွင့်ရလို့ ဂိုးသွင်းနိုင်တာဆိုတဲ့ ဆာလက်ရှ်

နာပိုလီကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်ဟာ သူ့ရဲ့ စိတ်ကြိုက် ကစားကွက်နဲ့ အကြိုက်ဆုံး နေရာကြောင့် ဂိုးသွင်းနိုင်ခဲ့တာဖြစ်တယ်လို့ လီဗာပူးတိုက်စစ်မှူး

ဆာလက်ရှ် က ထုတ်ပြောလိုက်ပါတယ်။ အင်္ဂါညက ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးဟာ နာပိုလီကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းချက်

အသာတွေနဲ့အတူ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အီတလီကလပ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ပိုင်းကြောင့် ကြိုးကြာနီတွေဟာ သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပေမဲ့

ပွဲ ချိန် ၈၅ မိနစ်မှာတော့ ဒါဝင်နူနက်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို နာပိုလီဂိုးသမား မီရက် ကာကွယ်နိုင်ခဲ့ပေမဲ့ ထွက်ကျလာတဲ့ ဘောလုံးကို ဆာလက်ရှ်က

ပိတ်သွင်းခဲ့လို့ လီဗာပူးတို့ ဂိုးရခဲ့ပါတယ်။ အဲဒီနောက် နာကျင်အချိန်ပို ၉၀+၈ မိနစ် မှာတော့ ဥရုဂွေးတိုက်စစ်မှူးက အနိုင်သေချာစေမယ့် နောက်ထပ်သွင်းဂိုးကို

သွင်းယူခဲ့လို့ လီဗာပူးတို့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် နိုင်ပွဲတစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး ဂိုးသွင်းနိုင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာဟာ

သူ့ရဲ့ စိတ်ကြိုက်ကစားကွက်နဲ့ စိတ်ကြိုက်နေရာမှာ ကစားခွင့်ရတာကြောင့် ဖြစ်တယ်လို့ ဆာလက်ရှ်က ပြောပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ

၄-၄-၂ ပုံစံကိုသာ အများဆုံး အသုံးပြုခဲ့တာဖြစ်ပေမဲ့ နာပိုလီနဲ့ ပွဲစဉ်မှာတော့ လိဒ်နဲ့ ရှုံးပွဲက ပုံစံကို အပြောင်းအလဲ ၄ ခု ပြုလုပ်ခဲ့ပြီး ၄-၄-၃ ပုံစံနဲ့ ပွဲထွက်ခဲ့တာပါ။

‘’ဒါက ကျွန်တော့် အလုပ်မဟုတ်ပါဘူး။ ဒါက လူကြီးတွေရဲ့ အလုပ်ပါ။ ဘယ်ကစားကွက်ပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ အဲဒီအတွက် ကျွန်တော်

ပျော်တယ်။ ဒီကစားကွက်အတွက်တော့ ကျွန်တော် က ငါးနှစ် ခြောက်နှစ်လောက် ကစားခဲ့တာပဲလေ။ ဒါကြောင့် ဒီကစားကွက် ကတော့ ကျွန်တော့်အတွက်

အကောင်းဆုံးလို့ ပြောရမယ်။ ဒါပေမဲ့ ကျွန်တော် က နည်းပြမဟုတ်ပါဘူး။ နည်းပြက နည်းဗျူဟာတွေကို ဆုံးဖြတ်တာဖြစ်ပြီး ကစားသမားတစ်ယောက်အနေနဲ့ကတော့

ခေါင်းဆောင်ရဲ့ နောက်ကို လိုက် ရမှာ ဖြစ်ပါတယ်’’ လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့ပေမဲ့ လီဗာပူးဟာ

အုပ်စု ပထမနေရာ မရခဲ့ဘဲ အုပ်စုဒုတိယနဲ့သာ နောက်တစ်ဆင့် တက် ရောက်နိုင်ခဲ့ပါတယ်။

(Zawgyi)

စိတ္ႀကိဳက္ေနရာမွာ ကစားခြင့္ရလို႔ ဂိုးသြင္းႏိုင္တာဆိုတဲ့ ဆာလက္ရွ္

နာပိုလီကို အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္ဟာ သူ႔ရဲ႕ စိတ္ႀကိဳက္ ကစားကြက္နဲ႔ အႀကိဳက္ဆုံး ေနရာေၾကာင့္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္တယ္လို႔

လီဗာပူးတိုက္စစ္မႉး ဆာလက္ရွ္ က ထုတ္ေျပာလိုက္ပါတယ္။ အဂၤါညက ကစားခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္လီဗာပူးဟာ နာပိုလီကို ေဘာလုံးပိုင္ဆိုင္မႈအသာ၊

ဂိုးကန္သြင္းခ်က္ အသာေတြနဲ႔အတူ ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ အီတလီကလပ္ရဲ႕ က်စ္လ်စ္တဲ့ ခံစစ္ပိုင္းေၾကာင့္ ႀကိဳးၾကာနီေတြဟာ

သြင္းဂိုးရဖို႔ ႐ုန္းကန္ခဲ့ရေပမဲ့ ပြဲ ခ်ိန္ ၈၅ မိနစ္မွာေတာ့ ဒါဝင္ႏူနက္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္ကို နာပိုလီဂိုးသမား မီရက္ ကာကြယ္ႏိုင္ခဲ့ေပမဲ့ ထြက္က်လာတဲ့ ေဘာလုံးကို

ဆာလက္ရွ္က ပိတ္သြင္းခဲ့လို႔ လီဗာပူးတို႔ ဂိုးရခဲ့ပါတယ္။ အဲဒီေနာက္ နာက်င္အခ်ိန္ပို ၉၀+၈ မိနစ္ မွာေတာ့ ဥ႐ုေဂြးတိုက္စစ္မႉးက အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္သြင္းဂိုးကို

သြင္းယူခဲ့လို႔ လီဗာပူးတို႔ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ ႏိုင္ပြဲတစ္ပြဲ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး ဂိုးသြင္းႏိုင္ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာဟာ

သူ႔ရဲ႕ စိတ္ႀကိဳက္ကစားကြက္နဲ႔ စိတ္ႀကိဳက္ ေနရာမွာ ကစားခြင့္ရတာေၾကာင့္ ျဖစ္ တယ္လို႔ ဆာလက္ရွ္က ေျပာပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့ သီတင္းပတ္

ေတြမွာ ၄-၄-၂ ပုံစံကိုသာ အမ်ားဆုံး အသုံးျပဳခဲ့တာျဖစ္ေပမဲ့ နာပိုလီနဲ႔ ပြဲစဥ္ မွာေတာ့ လိဒ္နဲ႔ ရႈံးပြဲက ပုံစံကို အေျပာင္းအလဲ ၄ ခု ျပဳလုပ္ခဲ့ၿပီး ၄-၄-၃ ပုံစံနဲ႔

ပြဲထြက္ခဲ့တာပါ။ ‘’ဒါက ကြၽန္ေတာ့္ အလုပ္မဟုတ္ပါဘူး။ ဒါက လူႀကီးေတြရဲ႕ အလုပ္ပါ။ ဘယ္ကစားကြက္ပဲျဖစ္ျဖစ္ ကြၽန္ေတာ့္အတြက္ အဆင္ေျပပါတယ္။

အဲဒီအတြက္ ကြၽန္ေတာ္ ေပ်ာ္တယ္။ ဒီကစားကြက္အတြက္ေတာ့ ကြၽန္ေတာ္ က ငါးႏွစ္ ေျခာက္ႏွစ္ေလာက္ ကစားခဲ့တာပဲေလ။ ဒါေၾကာင့္

ဒီကစားကြက္ ကေတာ့ ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးလို႔ ေျပာရမယ္။ ဒါေပမဲ့ ကြၽန္ေတာ္ က နည္းျပမဟုတ္ပါဘူး။ နည္းျပက နည္းဗ်ဴဟာေတြကို

ဆုံးျဖတ္တာျဖစ္ၿပီး ကစားသမားတစ္ေယာက္အေနနဲ႔ကေတာ့ ေခါင္းေဆာင္ရဲ႕ ေနာက္ကို လိုက္ ရမွာ ျဖစ္ပါတယ္’’ လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ဒီပြဲကို အႏိုင္ရခဲ့ေပမဲ့

လီဗာပူး ဟာ အုပ္စု ပထမေနရာ မရခဲ့ဘဲ အုပ္စုဒုတိယနဲ႔သာ ေနာက္တစ္ဆင့္ တက္ ေရာက္ႏိုင္ခဲ့ပါတယ္။