
ယူနိုက်တက်ကို ပေါင် ၄ ဘီလီယံနဲ့လေလံဆွဲထားတဲ့ ကာတာဘဏ်မန်နေဂျာ





ရှိတ်ဂျက်ဆင်မ်ဆိုတာဟာ အသက်ဘယ်လောက်ရှိလဲ၊ အိမ်ထောင်ရှိလား၊
သားသမီးရှိလားဆိုတာတွေကိုအတိအကျမသိရပေမယ့် ဘီလီယံနဲ့ချီပြီး





ချမ်းသာကြွယ်ဝတာတော့သေချာနေပါတယ်။ ရှိတ်ဂျက်ဆင်မ်ရဲ့
ယူနိုက်တက်အပေါ်ကမ်းလှမ်းမှုက ဂလေဇာတွေလိုချင်တဲ့
ပေါင် ၆ ဘီလီယံ ပမာဏထက် ပေါင် ၂ ဘီလီယံ နည်းပါးနေတာ





ဖြစ်ပေမယ့် ဒါကပြဿနာတစ်ရပ်မဟုတ်ပါဘူး။ သေချာတာကတော့
သူ့ရဲ့ဖခင်ဟာ ရှိတ်ဟာမက်ဘင်ဂျာဘာအယ်လ်သာနီလို့ အမည်ရပြီး





HBJ လို့အမည်ပြောင်ခေါ်ဝေါ်ခံရသူဖြစ်သလို တချိန်က သူ့ကို
“လန်ဒန်ကိုဝယ်ယူသူ” လို့အားလုံးကတင်စားခဲ့ကြပါတယ်။
HBJ ဟာ ၂၀၀၇ ကနေ ၂၀၁၃ အထိ ကာတာဝန်ကြီးချုပ်အဖြစ်





တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ကာတာနိုင်ငံအချုပ်အခြာ
အာဏာကြွယ်ဝမှုရန်ပုံငွေ(QAI လို့ခေါ်တဲ့)ရဲ့ အကြီးအကဲ





တစ်ယောက်လည်းဖြစ်တယ်။ ယူနိုက်တက်ခရေဇီလို့သိရတဲ့
ရှိတ်ဂျက်ဆင်မ်ဟာ HBJ ရဲ့ဇနီးနှစ်ယောက်နဲ့မွေးထားတဲ့
ကလေး ၁၅ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။





ဂျက်ဆင်မ်ဟာ ၁၉၈၂ ခုနှစ်ဖွားဖြစ်ပြီး ၁၀ နှစ်သားကတည်းက
ယူနိုက်တက်အမာခံပရိသတ်အဖြစ်ရပ်တည်ခဲ့သူပါ။





သူ့အသက်အရွယ်အပိုင်းအခြားနဲ့ကြည့်ရင်တော့ ဖာဂူဆန်ရဲ့
ခေတ်ဦးပိုင်းကိုလက်လှမ်းမမီလောက်ပေမဲ့ သရဲနီတွေကို
တကယ်ထောက်ခံအားပေးပုံရပါတယ်။ “ချဲလ်ဆီးကို မနှစ်က





ရောင်းချစဉ်မှာ သူ့ကိုဝယ်ယူဖို့တွန်းအားပေးခံရပါတယ်။
ဒါပေမဲ့ သူက ယူနိုက်တက်ပရိသတ်ဖြစ်တဲ့အတွက် ဒါကို





စိတ်မဝင်စားပါဘူး” လို့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
ရှိတ်ဂျက်ဆင်မ်ဟာ သူ့ရဲ့ကမ်းလှမ်းမှုအောင်မြင်မယ်ဆိုရင်
ယူနိုက်တက်ကို ကာတာဆိုတာထက် Nine Two Foundation ဆိုတဲ့





မော်တော်ယာဉ်ရင်းနှီးမြုပ်နှံမှုအမည်ခံ(မတည်ထောင်ရသေး)နဲ့
ဝယ်ယူမှာဖြစ်ပြီး ကလပ်ကိုစတင်ပံ့ပိုးခွင့်ရတဲ့နှစ်မှာ ဂုဏ်ယူစရာအနေနဲ့





လုပ်ငန်းအသစ်တစ်ခုအမည်တပ်သွားမှာဖြစ်တယ်။ သူ့ရဲ့ပြောရေးဆိုခွင့်
ရှိသူတွေကတော့ ရှိတ်ဂျက်ဆင်မ်ဟာ ကလပ်ကိုငွေသားအတိနဲ့
ဝယ်ယူမှာဖြစ်သလို အကြွေးအားလုံးကိုရှင်းလင်းကာ နယ်ပယ်





အားလုံးမှာကြီးကြီးမားမားမြုပ်နှံမယ်လို့ သိရပါတယ်။
ရှိတ်ဂျက်ဆင်မ်ရဲ့ အရင်းအနှီးပမာဏကိုအတိအကျမသိရသေးပေမယ့်





သူဟာ ယူနိုက်တက်အသင်း ခရေဇီဖြစ်သလို ကလပ်ရဲ့
ပတ်ဝန်းကျင်တစ်ခုလုံးတိုးတက်အောင်လုပ်ဆောင်နိုင်တဲ့
စိတ်စွမ်းအားရှိနေတာတော့ အသေအချာပါပဲ။





zawgyi
စိတ္ကူးလြဲစရာမလိုပါဘူး…ရွိတ္ဂ်က္ဆင္မ္က ယူႏိုက္တက္ကို ကာတာအမည္ခံနဲ႔မဟုတ္ဘဲ အရမ္းကို ခေရဇီျဖစ္လြန္းလို႔ ဝယ္ယူခ်င္ေနတာပါ





ယူႏိုက္တက္ကို ေပါင္ ၄ ဘီလီယံနဲ႔ေလလံဆြဲထားတဲ့ ကာတာဘဏ္မန္ေနဂ်ာ
ရွိတ္ဂ်က္ဆင္မ္ဆိုတာဟာ အသက္ဘယ္ေလာက္ရွိလဲ၊ အိမ္ေထာင္ရွိလား၊
သားသမီးရွိလားဆိုတာေတြကိုအတိအက်မသိရေပမယ့္ ဘီလီယံနဲ႔ခ်ီၿပီး





ခ်မ္းသာႂကြယ္ဝတာေတာ့ေသခ်ာေနပါတယ္။ ရွိတ္ဂ်က္ဆင္မ္ရဲ႕
ယူႏိုက္တက္အေပၚကမ္းလွမ္းမႈက ဂေလဇာေတြလိုခ်င္တဲ့





ေပါင္ ၆ ဘီလီယံ ပမာဏထက္ ေပါင္ ၂ ဘီလီယံ နည္းပါးေနတာ
ျဖစ္ေပမယ့္ ဒါကျပႆနာတစ္ရပ္မဟုတ္ပါဘူး။ ေသခ်ာတာကေတာ့
သူ႔ရဲ႕ဖခင္ဟာ ရွိတ္ဟာမက္ဘင္ဂ်ာဘာအယ္လ္သာနီလို႔ အမည္ရၿပီး





HBJ လို႔အမည္ေျပာင္ေခၚေဝၚခံရသူျဖစ္သလို တခ်ိန္က သူ႔ကို
“လန္ဒန္ကိုဝယ္ယူသူ” လို႔အားလုံးကတင္စားခဲ့ၾကပါတယ္။





HBJ ဟာ ၂၀၀၇ ကေန ၂၀၁၃ အထိ ကာတာဝန္ႀကီးခ်ဳပ္အျဖစ္
တာဝန္ထမ္းေဆာင္ခဲ့ၿပီး ယခင္က ကာတာႏိုင္ငံအခ်ဳပ္အျခာ
အာဏာႂကြယ္ဝမႈရန္ပုံေငြ(QAI လို႔ေခၚတဲ့)ရဲ႕ အႀကီးအကဲ





တစ္ေယာက္လည္းျဖစ္တယ္။ ယူႏိုက္တက္ခေရဇီလို႔သိရတဲ့
ရွိတ္ဂ်က္ဆင္မ္ဟာ HBJ ရဲ႕ဇနီးႏွစ္ေယာက္နဲ႔ေမြးထားတဲ့





ကေလး ၁၅ ေယာက္ထဲက တစ္ေယာက္ျဖစ္ပါတယ္။
ဂ်က္ဆင္မ္ဟာ ၁၉၈၂ ခုႏွစ္ဖြားျဖစ္ၿပီး ၁၀ ႏွစ္သားကတည္းက
ယူႏိုက္တက္အမာခံပရိသတ္အျဖစ္ရပ္တည္ခဲ့သူပါ။





သူ႔အသက္အ႐ြယ္အပိုင္းအျခားနဲ႔ၾကည့္ရင္ေတာ့ ဖာဂူဆန္ရဲ႕
ေခတ္ဦးပိုင္းကိုလက္လွမ္းမမီေလာက္ေပမဲ့ သရဲနီေတြကို





တကယ္ေထာက္ခံအားေပးပုံရပါတယ္။ “ခ်ဲလ္ဆီးကို မႏွစ္က
ေရာင္းခ်စဥ္မွာ သူ႔ကိုဝယ္ယူဖို႔တြန္းအားေပးခံရပါတယ္။
ဒါေပမဲ့ သူက ယူႏိုက္တက္ပရိသတ္ျဖစ္တဲ့အတြက္ ဒါကို





စိတ္မဝင္စားပါဘူး” လို႔ သတင္းအရင္းအျမစ္ေတြကဆိုပါတယ္။
ရွိတ္ဂ်က္ဆင္မ္ဟာ သူ႔ရဲ႕ကမ္းလွမ္းမႈေအာင္ျမင္မယ္ဆိုရင္





ယူႏိုက္တက္ကို ကာတာဆိုတာထက္ Nine Two Foundation ဆိုတဲ့
ေမာ္ေတာ္ယာဥ္ရင္းႏွီးျမဳပ္ႏွံမႈအမည္ခံ(မတည္ေထာင္ရေသး)နဲ႔
ဝယ္ယူမွာျဖစ္ၿပီး ကလပ္ကိုစတင္ပံ့ပိုးခြင့္ရတဲ့ႏွစ္မွာ ဂုဏ္ယူစရာအေနနဲ႔





လုပ္ငန္းအသစ္တစ္ခုအမည္တပ္သြားမွာျဖစ္တယ္။ သူ႔ရဲ႕ေျပာေရးဆိုခြင့္
ရွိသူေတြကေတာ့ ရွိတ္ဂ်က္ဆင္မ္ဟာ ကလပ္ကိုေငြသားအတိနဲ႔





ဝယ္ယူမွာျဖစ္သလို အေႂကြးအားလုံးကိုရွင္းလင္းကာ နယ္ပယ္
အားလုံးမွာႀကီးႀကီးမားမားျမဳပ္ႏွံမယ္လို႔ သိရပါတယ္။
ရွိတ္ဂ်က္ဆင္မ္ရဲ႕ အရင္းအႏွီးပမာဏကိုအတိအက်မသိရေသးေပမယ့္





သူဟာ ယူႏိုက္တက္အသင္း ခေရဇီျဖစ္သလို ကလပ္ရဲ႕
ပတ္ဝန္းက်င္တစ္ခုလုံးတိုးတက္ေအာင္လုပ္ေဆာင္ႏိုင္တဲ့





စိတ္စြမ္းအားရွိေနတာေတာ့ အေသအခ်ာပါပဲ။