စာအုပ်သစ်ထဲမှာ တစ်ကျော့ပြန်အိုးလ်ထရက်ဖို့ဒ် ဘေးဒုက္ခတွေ အကြောင်းကိုထည့်သွင်းဖော်ပြသွားမယ့် ရော်နယ်ဒို

မန်ယူနဲ့အနာဂါတ်မတည်ငြိမ်သေးတဲ့ ရော်နယ်ဒိုဟာ နိုဝင်ဘာလအတွင်းထုတ်ဝေမယ့် စာအုပ်သစ်ထဲမှာ သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ်တစ်ကျော့ပြန် “ဘေးဒုက္ခတွေ” အကြောင်းကို

ထည့်သွင်းရေးသားထားခဲ့ပါတယ်။ ဒီကမ္ဘာ့ဂိမ်းစာအုပ်သစ်ထဲမှာ မက်ဆီနဲ့ရော်နယ်ဒို၊ ပြိုင်ဆိုင်မှုတစ်ခု၊ GOAT နှစ်ယောက်နဲ့အတူ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့

ကစားသမားဘ၀ကို အသေးစိတ်ဖော်ပြသွားလိမ့်မယ်လို့ The Sun သတင်းစာကအသိပေးခဲ့ပါတယ်။ ယူနိုက်တက်ကနေထွက်ခွာခဲ့တာဟာ ၁၃နှစ်နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ သူပြန်လာချိန်မှာ

ကာရင်တန်လေ့ကျင့်ရေးကွင်း အပြောင်းအလဲမရှိခဲ့တာက ရော်နယ်ဒိုကို အကြီးအကျယ်ဒေါသထွက်စေခဲ့ပါတယ်။ အသင်းပိုင်ရှင်တွေရဲ့ လေ့ကျင့်ရေးကွင်းအပေါ်ရင်းနှီးမှုမရှိခဲ့တာက

သူ့အတွက်စိတ်ပျက်စရာတွေထဲက တစ်ခုဖြစ်ပြီး အသင်းနဲ့ ကစားသမားတွေအကြား ကတိကဝတ်တွေနဲ့ပတ်သတ်လို့ ရော်နယ်ဒို အတော်လေးတုန်လှုပ်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ပြန်အလာမှာ ယာယီနည်းပြရက်နစ်ခ်နဲ့ပတ်သတ်လို့ မကျေနပ်ခဲ့တာတွေကိုတော့ ပေါ်တူဂီတိုက် စစ်မှူးက ဖီဖာအစီအစဉ်တစ်ခုမှာ “ဘေးဒုက္ခတစ်ခု”

အဖြစ်ဝန်ခံပြောဆိုခဲ့ပြီးဖြစ်တယ်။ အခက်အခဲပေါင်းစုံရှိခဲ့ပေမဲ့ မန်ယူနဲ့တကျော့ပြန်လက်တွဲခဲ့တဲ့ ပထမဆုံးရာသီမှာ ရော်နယ်ဒိုကပြိုင်ပွဲစုံ ၂၄ဂိုးအထိသွင်းယူပြီး

အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်ပြခဲ့ပါတယ်။ လတ်တလောမှာ နည်းပြတန်ဟတ်နဲ့ပြဿနာရှိနေတဲ့ ရော်နယ်ဒိုဟာ စာအုပ်သစ်ထဲ မှာ ယူနိုက်တက်နဲ့ “ဘေးဒုက္ခတွေ”

အကြောင်းကိုထည့်သွင်းဖော်ပြဖို့ရှိနေတာက အနာဂါတ်အပေါ်ရိုက်ခတ်မှုရှိလာနိုင်တာကြောင့် သရဲနီပရိသတ်တွေ စိတ်ပူပန်နေကြပါတယ်။ စာအုပ်သစ်ထဲမှာတော့

ယူနိုက်တက်နဲ့ပတ်သတ်ပြီး ရိုးရှင်းတဲ့အဆင်မပြေမှုတွေက ဘာတွေဖြစ်လာမလဲဆိုတာကို နိုဝင်ဘာလမှာ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

(Zawgyi)

စာအုပ္သစ္ထဲမွာ တစ္ေက်ာ့ျပန္အိုးလ္ထရက္ဖို႔ဒ္ ေဘးဒုကၡေတြ အေၾကာင္းကိုထည့္သြင္းေဖာ္ျပသြားမယ့္ ေရာ္နယ္ဒို

မန္ယူနဲ႔အနာဂါတ္မတည္ၿငိမ္ေသးတဲ့ ေရာ္နယ္ဒိုဟာ ႏိုဝင္ဘာလအတြင္းထုတ္ေဝမယ့္ စာအုပ္သစ္ထဲမွာ သူ႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္တစ္ေက်ာ့ျပန္ “ေဘးဒုကၡေတြ”

အေၾကာင္းကို ထည့္သြင္းေရးသားထားခဲ့ပါတယ္။ ဒီကမာၻ႔ဂိမ္းစာအုပ္သစ္ထဲမွာ မက္ဆီနဲ႔ေရာ္နယ္ဒို၊ ၿပိဳင္ဆိုင္မႈတစ္ခု၊ GOAT ႏွစ္ေယာက္နဲ႔အတူ သူ႔ရဲ႕ထင္ရွားေက်ာ္ၾကားလွတဲ့

ကစားသမားဘ၀ကို အေသးစိတ္ေဖာ္ျပသြားလိမ့္မယ္လို႔ The Sun သတင္းစာကအသိေပးခဲ့ပါတယ္။ ယူႏိုက္တက္ကေနထြက္ခြာခဲ့တာဟာ ၁၃ႏွစ္နီးပါးၾကာခဲ့ၿပီျဖစ္ေပမဲ့

သူျပန္လာခ်ိန္မွာ ကာရင္တန္ေလ့က်င့္ေရးကြင္းအေျပာင္းအလဲမရွိခဲ့တာက ေရာ္နယ္ဒိုကို အႀကီးအက်ယ္ေဒါသထြက္ေစခဲ့ပါတယ္။

အသင္းပိုင္ရွင္ေတြရဲ႕ ေလ့က်င့္ေရးကြင္းအေပၚရင္းႏွီးမႈမရွိခဲ့တာက သူ႔အတြက္စိတ္ပ်က္စရာေတြထဲက တစ္ခုျဖစ္ၿပီး အသင္းနဲ႔ ကစားသမားေတြအၾကားကတိကဝတ္ေတြနဲ႔ပတ္သတ္လို႔

ေရာ္နယ္ဒို အေတာ္ေလးတုန္လႈပ္ခဲ့ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ျပန္အလာမွာ ယာယီနည္းျပရက္နစ္ခ္နဲ႔ပတ္သတ္လို႔ မေက်နပ္ခဲ့တာေတြကိုေတာ့ ေပၚတူဂီတိုက္ စစ္မႉးက ဖီဖာအစီအစဥ္တစ္ခုမွာ “ေဘးဒုကၡတစ္ခု”

အျဖစ္ဝန္ခံေျပာဆိုခဲ့ၿပီးျဖစ္တယ္။ အခက္အခဲေပါင္းစုံရွိခဲ့ေပမဲ့ မန္ယူနဲ႔တေက်ာ့ျပန္လက္တြဲခဲ့တဲ့ ပထမဆုံးရာသီမွာ ေရာ္နယ္ဒိုကၿပိဳင္ပြဲစုံ ၂၄ဂိုးအထိသြင္းယူၿပီး

အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ရပ္တည္ျပခဲ့ပါတယ္။ လတ္တေလာမွာ နည္းျပတန္ဟတ္နဲ႔ျပႆနာရွိေနတဲ့ ေရာ္နယ္ဒိုဟာ စာအုပ္သစ္ထဲ မွာ ယူႏိုက္တက္နဲ႔ “ေဘးဒုကၡေတြ”

အေၾကာင္းကိုထည့္သြင္းေဖာ္ျပဖို႔ရွိေနတာက အနာဂါတ္အေပၚ႐ိုက္ခတ္မႈရွိလာႏိုင္တာေၾကာင့္ သရဲနီပရိသတ္ေတြစိတ္ပူပန္ေနၾက ပါတယ္။

စာအုပ္သစ္ထဲမွာေတာ့ ယူႏိုက္တက္နဲ႔ပတ္သတ္ၿပီး ႐ိုးရွင္းတဲ့အဆင္မေျပ မႈေတြက ဘာေတြျဖစ္လာမလဲဆိုတာကို ႏိုဝင္ဘာလမွာေစာင့္ၾကည့္သြားရဖို႔ရွိေနပါ တယ္။