စာအုပ်ကြီးအတိုင်းပေးခဲ့တဲ့ပင်နယ်တီဆိုပြီး ဖာနန်ဒက်ဇ်အပေါ် ဥရုဂွေးပရိသတ်တွေ ဝေဖန်

ပေါ်တူဂီက ဥရုဂွေးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းရခဲ့တဲ့ ပင်နယ်တီကန်ခွင့်ဟာ မဖြစ်သင့်ဘူးလို့ ဥရုဂွေး ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီးတဲ့နောက် ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အငြင်းပွားစရာ

အကောင်းဆုံး ပင်နယ်တီလို့ သတင်းမီဒီယာတွေကလည်း ခေါင်းစဉ်တပ်ခဲ့ ကြပါတယ်။ အဲဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်ကစားသမား ဂျီမီနက်ဇ်ရဲ့ ပေါင်ကြားထဲကို

ဘောလုံးထည့်ပြီး ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအချိန်မှာ ဘောလုံးကို တားဆီးရင်းနဲ့ ဟန်ချက်ပျက်သွားတဲ့ ဂျီမီနက်ဇ်ဟာ ပက်လက်လန်ပြီး လဲကျ သွားခဲ့တာကြောင့် ဘောလုံးကို လက်နဲ့ သွားထိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင် ဖက်ဂ်ဟာနီက VAR သွားကြည့်ပြီးတဲ့နောက် ပေါ်တူဂီကို ပင် နယ်တီကန်ခွင့် ပေးခဲ့တာပါ။ ဒါကြောင့် ဖာနန်ဒက်စ်ကပဲ ဒီပင်နယ်တီကို ကန် သွင်းပြီး ပေါ်တူဂီကို

ပွဲအပြီးမှာ ၂-၀ ဂိုးနဲ့ အနိုင်ရစေခဲ့တာပါ။ ဒါပေမဲ့ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဥရဂွေး ပရိသတ်တွေကတော့ မကျေနပ်ခဲ့ပါဘူး။ ဘာကြောင့် လဲဆိုတော့ အခုလိုမျိုး လက်ထိတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ် သလို

လက်ဟာ ကစားသမားရဲ့ ကျောဘက်အနေအထားမှာပဲ ဘောလုံးနဲ့ ထိခဲ့တာကြောင့် မပေးသင့်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ‘’ဒီပင်နယ်တီက စာအုပ်ကြီးအတိုင်း ပေးလိုက်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့

ဂျီမီနက်ဇ်က အဲဒီလိုမျိုး ဖြစ်သွားခဲ့တာကိုး’’ လို့ တွစ်တာအသုံးပြုတဲ့ တစ်ယောက်က ရေးသားခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ‘’ပင်နယ်တီ မဟုတ်ပါဘူးဗျာ။ သူလဲကျသွားလို့

မြေကြီးပေါ် လက်ထောက်ပြီး ထိန်းဖို့ ကြိုးစားတာပါ’’ လို့ ရေးသားခဲ့ပါတယ်။ တတိယ တစ်ယောက်ကလည်း ‘’ပင်နယ်တီမှ မဟုတ်တာကွာ။ လက်နဲ့ထိတာတော့ ဟုတ်တယ်လေ။

ဒါပေမဲ့ နောက်ပြန်ကြီးလဲကျ သွားတာကို။ ဥပဒေကတော့ ရှိနေပေမဲ့ တစ်ခါတလေမှာ ယေဘုယျဆန်တဲ့ အမြင်မျိုးရှိရမှာပေါ့’’ လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ယောက်ကလည်း ‘’ဒီပင်နယ်တီဆုံးဖြတ်ချက်ကို

မကြိုက်ဘူးဗျာ။ ဂျီမီနက်ဇ်က မြေကြီး ပေါ်လက်ထောက်ပြီး လဲကျတာ သဘောသဘာဝအတိုင်းပဲလေ။ သူက နောက်ပြန်ကြီး လဲကျသွားတာကို’’ လို့ ရေးသားခဲ့ကြပါတယ်။

(Zawgyi)

စာအုပ္ႀကီးအတိုင္းေပးခဲ့တဲ့ပင္နယ္တီဆိုၿပီး ဖာနန္ဒက္ဇ္အေပၚ ဥ႐ုေဂြးပရိသတ္ေတြ ေဝဖန္

ေပၚတူဂီက ဥ႐ုေဂြးကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီအသင္းရခဲ့တဲ့ ပင္နယ္တီကန္ခြင့္ဟာ မျဖစ္သင့္ဘူးလို႔ ဥ႐ုေဂြး ပရိသတ္ေတြက ေဝဖန္ခဲ့ၾက ၿပီးတဲ့ေနာက္ ေပၚတူဂီနဲ႔

ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးအတြက္ အျငင္းပြားစရာ အေကာင္းဆုံး ပင္နယ္တီလို႔ သတင္းမီဒီယာေတြကလည္း ေခါင္းစဥ္တပ္ခဲ့ ၾကပါတယ္။ အဲဒီပြဲစဥ္ရဲ႕ နာက်င္အခ်ိန္ပိုမွာ ေပၚတူဂီကြင္းလယ္လူ

ဖာနန္ဒက္စ္ဟာ ၿပိဳင္ဘက္ကစားသမား ဂ်ီမီနက္ဇ္ရဲ႕ ေပါင္ၾကားထဲကို ေဘာလုံးထည့္ၿပီး ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားခဲ့တာပါ။ အဲဒီအခ်ိန္မွာ ေဘာလုံးကို တားဆီးရင္းနဲ႔ ဟန္ခ်က္ပ်က္သြားတဲ့ ဂ်ီမီနက္ဇ္ဟာ ပက္လက္လန္ၿပီး လဲက်

သြားခဲ့တာေၾကာင့္ ေဘာလုံးကို လက္နဲ႔ သြားထိခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္ ဖက္ဂ္ဟာနီက VAR သြားၾကည့္ၿပီးတဲ့ေနာက္ ေပၚတူဂီကို ပင္ နယ္တီကန္ခြင့္ ေပးခဲ့တာပါ။

ဒါေၾကာင့္ ဖာနန္ဒက္စ္ကပဲ ဒီပင္နယ္တီကို ကန္ သြင္းၿပီး ေပၚတူဂီကို ပြဲအၿပီးမွာ ၂-၀ ဂိုးနဲ႔ အႏိုင္ရေစခဲ့တာပါ။ ဒါေပမဲ့ ဒီကိစၥ နဲ႔ပတ္သက္ၿပီး ဥရေဂြး ပရိသတ္ေတြကေတာ့ မေက်နပ္ခဲ့ပါဘူး။

ဘာေၾကာင့္ လဲဆိုေတာ့ အခုလိုမ်ိဳး လက္ထိတာဟာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္တာမဟုတ္ သလို လက္ဟာ ကစားသမားရဲ႕ ေက်ာဘက္အေနအထားမွာပဲ ေဘာလုံးနဲ႔ ထိခဲ့တာေၾကာင့္ မေပးသင့္ဘူးလို႔

ေဝဖန္ခဲ့ၾကပါတယ္။ ‘’ဒီပင္နယ္တီက စာအုပ္ႀကီးအတိုင္း ေပးလိုက္တယ္ဆိုတာ သိပါတယ္။ ဒါေပမဲ့ ဂ်ီမီနက္ဇ္က အဲဒီလိုမ်ိဳး ျဖစ္သြားခဲ့တာကိုး’’ လို႔ တြစ္တာအသုံးျပဳတဲ့ တစ္ေယာက္က ေရး သားခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ကေတာ့ ‘’ပင္နယ္တီ မဟုတ္ပါဘူးဗ်ာ။ သူလဲက်သြားလို႔ ေျမႀကီးေပၚ လက္ေထာက္ၿပီး ထိန္းဖို႔ ႀကိဳးစားတာပါ’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယ တစ္ေယာက္ကလည္း

‘’ပင္နယ္တီမွ မဟုတ္ တာကြာ။ လက္နဲ႔ ထိတာေတာ့ ဟုတ္တယ္ေလ။ ဒါေပမဲ့ ေနာက္ျပန္ႀကီးလဲက် သြားတာကို။ ဥပေဒကေတာ့ ရွိေနေပမဲ့ တစ္ခါတေလမွာ ေယဘုယ်ဆန္တဲ့ အျမင္မ်ိဳးရွိရမွာေပါ့’’ လို႔

ေရးသားခဲ့ပါတယ္။ ေနာက္ထပ္ တစ္ေယာက္က လည္း ‘’ဒီပင္နယ္တီဆုံးျဖတ္ခ်က္ကို မႀကိဳက္ဘူးဗ်ာ။ ဂ်ီမီနက္ဇ္က ေျမႀကီး ေပၚလက္ေထာက္ၿပီး လဲက်တာ သေဘာသဘာဝအတိုင္းပဲေလ။

သူက ေနာက္ျပန္ႀကီး လဲက်သြားတာကို’’ လို႔ ေရးသားခဲ့ၾကပါတယ္။