စာနာစိတ်အပြည့်နဲ့ ကလေးပရိသတ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မန်ယူအသင်းသားတွေ

ပြီးခဲ့တဲ့အင်္ဂါနေ့က ဘန်လေနဲ့ ၁-၁ သရေပွဲအပြီးမှာ စီရော်နယ်ဒိုအပါအဝင်

မန်ယူအသင်းသားတွေဟာ အရမ်းကိုထူးရှယ်ဖြစ်တဲ့

ကလေးပရိသတ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ကြပြီး

အဲဒီအတွက်လည်း ဂုဏ်ယူခဲ့ကြပါတယ်။

ရေးဗားရိုဒက်စ်လို့ အမည်ရတဲ့ကလေးပရိသတ်ဟာ

ကင်ဆာရောဂါနဲ့စစ်ခင်းနေရာ လက်ရှိမှာ ဓာတ်ကင်ကုထုံးခံယူနေရသူပါ။

သူ့မိသားစုက ဝုဗ်အသင်းကို အားပေးတာဖြစ်ပေမယ့်လည်း

ရေးဗားက ဘောလုံးကို စွဲလမ်းနှစ်ခြိုက်သူဖြစ်ပြီး

မန်ယူပွဲကို ဘန်လေကွင်းမှာ လာကြည့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးတော့ ရေးဗားဟာ သူ့သူရဲကောင်းတွေကို အနီးကပ်ကြည့်နိုင်ဖု့ိ

ကွင်းဘေးမှာ စောင့်ဆိုင်းနေခဲ့ပြီး ယူနိုက်တက်အသင်းသားတွေကလည်း

ရေးဗားကို နှုတ်ဆက်ကာ ဓာတ်ပုံရိုက်ဖို့အတွက် ပို့စ်ပေးခဲ့ကြပါတယ်။

နောက်တစ်ရက်မှာပဲ စီရော်နယ်ဒိုက ရေးဗားနဲ့သူ့ရဲ့ပုံကို

ဆိုရှယ်မီဒီယာမှာ စာရေးပြီးတင်တော့ သူ့မိသားစုဟာ

ဝမ်းသာမျက်ရည်ကျခဲ့ကြကြောင်း ဖခင်ဖြစ်သူက ဝန်ခံခဲ့ပါတယ်။

ကလေး ၄ ယောက်ဖခင်ဖြစ်သလို အမြွာထပ်ရဖို့လည်း ရှိနေတဲ့

အဲဒီပေါ်တူဂီစူပါစတားက ကလေးတွေဟာ

ကမ္ဘာကြီးကပေးတဲ့အကောင်းဆုံးအရာအဖြစ် အမြဲရှိနေမှာဖြစ်ကြောင်းနဲ့

သူတို့ကို အစွမ်းကုန်ကာကွယ်ပေးရမှာဖြစ်ကြောင်း ပုံနဲ့အတူစာရေးတင်ခဲ့တာပါ။

ဘန်လေနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ လင်ဂတ်ဟာလည်း

ပွဲကြည့်စင်မှာ ရေးဗားကိုတွေ့တော့ အဲဒီကလေးထံသွားပြီး

ပွဲက သူ့အင်္ကျီပေးခဲ့ပါတယ်။

ဒါ့အပြင် ပွဲပြီးတော့လည်း လင်ဂတ်က ရေးဗားနဲ့တွဲရိုက်ထားတဲ့ပုံကို

ဆိုရှယ်မီဒီယာတင်ပြီး”မင်းနဲ့တွေ့ရတာ ကျေနပ်စရာ ရေးဗားရေ။

မင်းဟာ ကင်ဆာကို စစ်ခင်းအနိုင်ယူနေတဲ့

အတုယူစရာလူငယ်လေးတစ်ယောက်ပါ။

ကျန်းမားကြံ့ခိုင်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေ”လို့ ရေးခဲ့ပါတယ်။

ရေဗားဟာ အခုချိန်မှာတော့ မန်ချက်စတာမြို့မှာ

သူ့ရဲ့ကင်ဆာရောဂါကို ကုသမှုခံယူနေတာပါ။

zawgyi

စာနာစိတ္အျပည့္နဲ႔ ကေလးပရိသတ္တစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၾကတဲ့ မန္ယူအသင္းသားေတြ

ၿပီးခဲ့တဲ့အဂၤါေန႔က ဘန္ေလနဲ႔ ၁-၁ သေရပြဲအၿပီးမွာ စီေရာ္နယ္ဒိုအပါအဝင္

မန္ယူအသင္းသားေတြဟာ အရမ္းကိုထူးရွယ္ျဖစ္တဲ့

ကေလးပရိသတ္တစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၾကၿပီး

အဲဒီအတြက္လည္း ဂုဏ္ယူခဲ့ၾကပါတယ္။

ေရးဗား႐ိုဒက္စ္လို႔ အမည္ရတဲ့ကေလးပရိသတ္ဟာ

ကင္ဆာေရာဂါနဲ႔စစ္ခင္းေနရာ လက္ရွိမွာ ဓာတ္ကင္ကုထုံးခံယူေနရသူပါ။

သူ႔မိသားစုက ဝုဗ္အသင္းကို အားေပးတာျဖစ္ေပမယ့္လည္း

ေရးဗားက ေဘာလုံးကို စြဲလမ္းႏွစ္ၿခိဳက္သူျဖစ္ၿပီး

မန္ယူပြဲကို ဘန္ေလကြင္းမွာ လာၾကည့္ခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးေတာ့ ေရးဗားဟာ သူ႔သူရဲေကာင္းေတြကို အနီးကပ္ၾကည့္ႏိုင္ဖု႔ိ

ကြင္းေဘးမွာ ေစာင့္ဆိုင္းေနခဲ့ၿပီး ယူႏိုက္တက္အသင္းသားေတြကလည္း

ေရးဗားကို ႏႈတ္ဆက္ကာ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ ပို႔စ္ေပးခဲ့ၾကပါတယ္။

ေနာက္တစ္ရက္မွာပဲ စီေရာ္နယ္ဒိုက ေရးဗားနဲ႔သူ႔ရဲ႕ပုံကို

ဆိုရွယ္မီဒီယာမွာ စာေရးၿပီးတင္ေတာ့ သူ႔မိသားစုဟာ

ဝမ္းသာမ်က္ရည္က်ခဲ့ၾကေၾကာင္း ဖခင္ျဖစ္သူက ဝန္ခံခဲ့ပါတယ္။

ကေလး ၄ ေယာက္ဖခင္ျဖစ္သလို အႁမြာထပ္ရဖို႔လည္း ရွိေနတဲ့

အဲဒီေပၚတူဂီစူပါစတားက ကေလးေတြဟာ

ကမာၻႀကီးကေပးတဲ့အေကာင္းဆုံးအရာအျဖစ္ အၿမဲရွိေနမွာျဖစ္ေၾကာင္းနဲ႔

သူတို႔ကို အစြမ္းကုန္ကာကြယ္ေပးရမွာျဖစ္ေၾကာင္း ပုံနဲ႔အတူစာေရးတင္ခဲ့တာပါ။

ဘန္ေလနဲ႔ပြဲမွာ လူစားဝင္ကစားခဲ့တဲ့ လင္ဂတ္ဟာလည္း

ပြဲၾကည့္စင္မွာ ေရးဗားကိုေတြ႕ေတာ့ အဲဒီကေလးထံသြားၿပီး

ပြဲက သူ႔အက်ႌေပးခဲ့ပါတယ္။

ဒါ့အျပင္ ပြဲၿပီးေတာ့လည္း လင္ဂတ္က ေရးဗားနဲ႔တြဲ႐ိုက္ထားတဲ့ပုံကို

ဆိုရွယ္မီဒီယာတင္ၿပီး”မင္းနဲ႔ေတြ႕ရတာ ေက်နပ္စရာ ေရးဗားေရ။

မင္းဟာ ကင္ဆာကို စစ္ခင္းအႏိုင္ယူေနတဲ့

အတုယူစရာလူငယ္ေလးတစ္ေယာက္ပါ။

က်န္းမားႀကံ့ခိုင္စြာနဲ႔ ဆက္လက္တိုက္ပြဲဝင္ႏိုင္ပါေစ”လို႔ ေရးခဲ့ပါတယ္။

ေရဗားဟာ အခုခ်ိန္မွာေတာ့ မန္ခ်က္စတာၿမိဳ႕မွာ

သူ႔ရဲ႕ကင္ဆာေရာဂါကို ကုသမႈခံယူေနတာပါ။