စာချုပ်သစ်တစ်ခုကို ပြတ်ပြတ်သားသားငြင်းဆန်ခဲ့တဲ့ လိဒ်ယူနိုက်တက်ကစားသမား ရာဖင်ဟာ

အချို့ သတင်းတွေအရ လိဒ်ယူနိုက်တက်အသင်းဟာ ရာဖင်ဟာကို

ယခုနွေရာသီမှာ ထွက်ခွာခွင့်မပြုတော့ဘူးလို့သိရပါတယ်။

အသက်(၂၅) နှစ်အရွယ်ဘရာဇီးလက်ရွေးစင်ကစားသမားရာဖင်ဟာဟာ

လက်ရှိဘောလုံးရာသီမှာလိဒ်ယူနိုက်တက် အသင်းအတွက်

ခြေစွမ်းပြကစားလျက်ရှိတာကြောင့် လီဗာပူး၊ ယူနိုက်တက်၊

မန်စီးတီးအသင်းအပါအဝင် အခြား ဥရောပကလပ်အများအပြား ရဲ့

စိတ်ဝင်စားစောင့်ကြည့်ခြင်းခံနေရတာပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ရာဖင်ဟာဟာ လိဒ်ယူနိုက်တက်အသင်းရဲ့

(၂၀၂၄) ခုနှစ်အထိသက်တမ်းရှိ စာချုပ်သစ်တစ်ခုကို

ပျက်ပျက်သားသားငြင်းဆန်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပမယ့် 2022 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်

ဘရာဇီး လက်ရွေးစင် ကစားသမား ရာဖင်ဟာလည်းရွေးချယ်ခံထားရပါတယ်။

ရာဖင်ဟာဟာ ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ

ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာSambaအသင်းကို 3 ဂိုး သွင်းယူပြီး

2 ကြိမ် ဖန်တီးပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ရာဖင်ဟာ ဟာ 2020 ခုနှစ်တွင် Rennes မှပြောင်းရွှေ့လာပြီးနောက်

လက်ရှိတန်ဖိုးမှာ ယူရို သန်း 40 ရှိပါတယ်။

zawgyi

















