စာချုပ်သစ်ချုပ်ဆိုရေး လီဗာပူးနဲ့ ဆာလာကြား အဆင်မပြေဖြစ်နေမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားလာတဲ့ ဂျူဗင်တပ်စ်

အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ

ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဆာလာကို
ခေါ်ယူနိုင်ရေးအတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူထံ
ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။
ဆာလာဟာ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး
စာချုပ်သစ်ချုပ်ဆိုရေးအတွက် အသင်းနဲ့

ဆွေးနွေးမှုတွေကလည်း အဆင်မပြေဖြစ်နေပါတယ်။
လီဗာပူးဟာ အသက် ၂၉ နှစ်အရွယ်ရှိ ဆာလာ
တောင်းဆိုတဲ့ လစာအတိုင်း ပေးချေဖို့
အဆင်မပြေဖြစ်နေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ
ဆာလာက တစ်ပတ်လုပ်ခလစာ ပေါင် ၄၀၀၀၀၀

အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဆာလာဟာ
အသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပြီး
အန်ဖီးလ်မှာ ဆက်ကစားနိုင်ရေးအတွက်
ရူးလောက်တဲ့ လစာမျိုးလည်း တောင်းဆိုမှာမဟုတ်ကြောင်း ပြောထားပါတယ်။

ဂျူဗင်တပ်စ်ဟာ လာမယ့်နွေရာသီမှာ
အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့်
ဒီဘားလားရဲ့နေရာမှာ ဆာလာနဲ့ အစားထိုးလိုနေပြီး
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ
ဆာလာရဲ့အေးဂျင့်ဖြစ်သူထံ ပထမအဆင့်အနေနဲ့

ဆက်သွယ်ချဉ်းကပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်ဟာ အသင်းမှာ ရော်နယ်ဒိုကို လက်လွှတ်ခဲ့သလို
ဒီဘားလားကိုလည်း ထွက်ခွာခွင့်ပြုတော့မှာဖြစ်လို့
လစာသိသိသာသာလျော့ကျသွားမှာဖြစ်ပြီး ဒီအတွက်ကြောင့်
ဆာလာကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၀သန်းနဲ့

ကမ်းလှမ်းဖွယ်ရှိနေပေမယ့် အဲဒီပမာဏက
ဆာလာ တောင်းဆိုထားတယ်ဆိုတဲ့ တစ်ပတ်လုပ်ခလစာ
ပေါင် ၄၀၀၀၀၀ နဲ့ ယှဉ်ရင် သိသိသာသာနည်းနေပါသေးတယ်။
ဆာလာဟာ ၂၀၁၇ နွေရာသီက ရိုးမားကနေ
ပေါင် ၄၃သန်းနဲ့ လီဗာပူးကို ရောက်လာပြီးချိန်ကတည်းက

အထူးခြေစွမ်းပြနေပြီး ကမ္ဘာ့အကောင်းဆုံး
ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။
သူဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား၊
ပရီးမီးယားလိဂ်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့
ကာရာဘောင်ဖလားတွေ ရယူထားပြီးဖြစ်ကာ

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ၂ကြိမ်ရထားပြီး ဒီရာသီမှာလည်း
ဂိုး ၂၀သွင်းယူထားပြီးဖြစ်လို့ ၃ကြိမ်မြောက်ရွှေဖိနပ်ဆု ရဖို့များနေပါတယ်။

Zawgyi

စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရး လီဗာပူးနဲ႔ ဆာလာၾကား အဆင္မေျပျဖစ္ေနမႈကို အခြင့္ေကာင္းယူဖုိ႔ ႀကိဳးစားလာတဲ့ ဂ်ဴဗင္တပ္စ္
အီတလီမွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ဂ်ဴဗင္တပ္စ္အသင္းဟာ လီဗာပူးတုိက္စစ္မွဴး ဆာလာကို
ေခၚယူႏုိင္ေရးအတြက္ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူထံ
ဆက္သြယ္ခ်ဥ္းကပ္ခဲ့တယ္လုိ႔ သိရပါတယ္။

ဆာလာဟာ ၂၀၂၃ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး
စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္ အသင္းနဲ႔
ေဆြးေႏြးမႈေတြကလည္း အဆင္မေျပျဖစ္ေနပါတယ္။
လီဗာပူးဟာ အသက္ ၂၉ ႏွစ္အရြယ္ရွိ ဆာလာ
ေတာင္းဆုိတဲ့ လစာအတုိင္း ေပးေခ်ဖုိ႔

အဆင္မေျပျဖစ္ေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ဆာလာက တစ္ပတ္လုပ္ခလစာ ေပါင္ ၄၀၀၀၀၀
အထိ ေတာင္းဆုိထားတယ္လုိ႔ သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဆာလာဟာ
အသင္းမွာ ဆက္ကစားဖုိ႔ ဆႏၵရွိေနၿပီး

အန္ဖီးလ္မွာ ဆက္ကစားႏိုင္ေရးအတြက္
ရူးေလာက္တဲ့ လစာမ်ိဳးလည္း ေတာင္းဆုိမွာမဟုတ္ေၾကာင္း ေျပာထားပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ လာမယ့္ေႏြရာသီမွာ
အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္
ဒီဘားလားရဲ႕ေနရာမွာ ဆာလာနဲ႔ အစားထိုးလုိေနၿပီး

အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဟာ
ဆာလာရဲ႕ေအးဂ်င့္ျဖစ္သူထံ ပထမအဆင့္အေနနဲ႔
ဆက္သြယ္ခ်ဥ္းကပ္ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ အသင္းမွာ ေရာ္နယ္ဒိုကို လက္လႊတ္ခဲ့သလုိ
ဒီဘားလားကိုလည္း ထြက္ခြာခြင့္ျပဳေတာ့မွာျဖစ္လုိ႔

လစာသိသိသာသာေလ်ာ့က်သြားမွာျဖစ္ၿပီး ဒီအတြက္ေၾကာင့္
ဆာလာကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၀သန္းနဲ႔
ကမ္းလွမ္းဖြယ္ရွိေနေပမယ့္ အဲဒီပမာဏက
ဆာလာ ေတာင္းဆုိထားတယ္ဆုိတဲ့ တစ္ပတ္လုပ္ခလစာ
ေပါင္ ၄၀၀၀၀၀ နဲ႔ ယွဥ္ရင္ သိသိသာသာနည္းေနပါေသးတယ္။

ဆာလာဟာ ၂၀၁၇ ေႏြရာသီက ရိုးမားကေန
ေပါင္ ၄၃သန္းနဲ႔ လီဗာပူးကို ေရာက္လာၿပီးခ်ိန္ကတည္းက
အထူးေျခစြမ္းျပေနၿပီး ကမၻာ့အေကာင္းဆုံး
ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။
သူဟာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား၊

ပရီးမီးယားလိဂ္ဖလား၊ ဖီဖာကလပ္ကမၻာ့ဖလားနဲ႔
ကာရာေဘာင္ဖလားေတြ ရယူထားၿပီးျဖစ္ကာ
ပရီးမီးယားလိဂ္ေရႊဖိနပ္ဆု ၂ႀကိမ္ရထားၿပီး ဒီရာသီမွာလည္း
ဂိုး ၂၀သြင္းယူထားၿပီးျဖစ္လို႔ ၃ႀကိမ္ေျမာက္ေရႊဖိနပ္ဆု ရဖုိ႔မ်ားေနပါတယ္။