စာချုပ်ဖျက်သိမ်းမယ်ဆိုတာနဲ့ ချက်ချင်းပွဲထွက်မယ့် ရာမို့စ်

ပီအက်စ်ဂျီအသင်းနောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ မန်စီးတီးနဲ့အဝေးကွင်းကစား

ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်သူ့ရဲ့ပွဲဦးထွက်
ကစားပေးဖို့သေချာနေကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂ နှစ်စာချုပ်နဲ့ပြောင်းလာတဲ့ ရာမို့စ်ဟာ

ဒူးဒဏ်ရာနဲ့ ခြေသလုံးကြွက်သားဒဏ်ရာတွေကြောင့် ပီအက်စ်ဂျီအတွက်အခုထိ

ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။ သူဟာပြီးခဲ့တဲ့ရာသီက ရီးရဲလ်မှာရှိနေတုန်း

ဒဏ်ရာပြဿနာကြောင့်ပွဲ ၃၀ အထိလွဲချော်ခဲ့ပါတယ်။

ဒါကြောင့်လည်း အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ရဲ့ကြံ့ခိုင်မှု
နဲ့ပတ်သက်လို့ ကလပ်ဘက်ကစိုးရိမ်မှုတွေရှိလာပြီး စာချုပ်ဖျက်သိမ်းနိုင်ဖို့အထိ

ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။
လက်ရှိမှာရာမို့စ်ဟာကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့အတွက် စနေနေ့မှာနန့်တက်စ်နဲ့

ကစားရမယ့်ပွဲမှာပါဝင်နိုင်ဖို့ရှိနေပါတယ်။ ဒါပေ

မယ့်သူ့အခြေအနေပိုပြီးစိတ်ချရဖို့အတွက် အဲဒီပွဲမှာထပ်မံအနားပေးပြီး မန်စီးတီးနဲ့

အရေးပါတဲ့ပွဲရောက်မှအသုံးပြုဖို့နည်းပြ ပိုချက်တီနိုကစီစဥ်ထားတာဖြစ်ပါတယ်။

နန့်တက်စ်နဲ့ပွဲမှာအသုံးပြုခဲ့မယ်ဆိုရင်လည်း လူစားဝင်ဖို့သာဖြစ်နိုင်ပြီး ကစားဖော်တွေနဲ့

အသားကျဖို့အတွက်ဘဲ ဦး
စားပေးလိမ့်မယ်လို့ ပြင်သစ်မီဒီယာတွေကသုံးသပ်ထားကြပါတယ်။ ရာမို့စ်အပြင်

ဘယ်ဘက်ပေါင်ကြွက်သားဒဏ်ရာရနေတဲ့ နေမာလည်း နန့်တက်စ်နဲ့ပွဲမှာပါဝင်ဖို့မရှိဘဲ

မန်စီးတီးနဲ့ပွဲရောက်မှပြန်ပါဖို့ရှိနေပါတယ်။

နေမာဟာ ဘရာဇီးအသင်းနဲ့အတူရှိနေတုန်း ဒီဒဏ်ရာရခဲ့တာဖြစ်ပြီး အာဂျင်တီးနားနဲ့

ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ရာမို့စ်ရဲ့ကစားဖော်ဟောင်းဖြစ်တဲ့ ကာဗာ

ဂျယ်ကတော့ ရာမို့စ်ရဲ့ကြံ့ခိုင်မှုပိုင်းစိုးရိမ်နေရပြီဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပြီးအခုဒဏ်

ဖြစ်နေတဲ့သူက ဘယ်လိုကစားသမားလဲဆိုတာအရင်မေးရမှာလို့ကာကွယ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကလည်း ရာမို့စ်ဟာ မာကြောသူတစ်ဦးဖြစ်လို့

အခုလိုပြန်လည်ကြံ့ခိုင်လာချိန်မှာ အသင်းကိုဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း

ဆိုထားပါတယ်။
ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာမန်စီးတီးကို ၂-၀ နဲ့နိုင်ထားပေမယ့်လက်ရှိအုပ်စု

A မှာတော့ ၈ မှတ်နဲ့ဒုတိယနေရာမှာသာရှိနေပြီး ထိပ်ဆုံးကဦးဆောင်နေတဲ့ မန်စီးတီးနဲ့

တစ်မှတ်ကွာနေတဲ့အပြင် ဂိုးကွာခြားချက်မှာလည်း အရေးနိမ့်နေပြီး မန်စီးတီးက +၈

ရှိနေပေမယ့် ပီအက်စ်ဂျီကတော့ +၃ ဘဲရှိပါတယ်။

Zawgyi

စာခ်ဳပ္ဖ်က္သိမ္းမယ္ဆိုတာနဲ႔ ခ်က္ခ်င္းပြဲထြက္မယ့္ ရာမို႔စ္
ပီအက္စ္ဂ်ီအသင္းေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္ဟာ မန္စီးတီးနဲ႔အေဝးကြင္းကစား

ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ အသင္းအတြက္သူ႔ရဲ႕ပြဲဦးထြက္
ကစားေပးဖို႔ေသခ်ာေနေၾကာင္းသိရပါတယ္။

 

ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္မက္ဒရစ္အသင္းကေန ၂ ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းလာတဲ့ ရာမို႔စ္ဟာ
ဒူးဒဏ္ရာနဲ႔ ေျခသလုံးႂကြက္သားဒဏ္ရာေတြေၾကာင့္ ပီအက္စ္ဂ်ီအတြက္အခုထိ

ကစားေပးႏိုင္ျခင္းမရွိေသးပါဘူး။ သူဟာၿပီးခဲ့တဲ့ရာသီက ရီးရဲလ္မွာရွိေနတုန္း

ဒဏ္ရာျပႆနာေၾကာင့္ပြဲ ၃၀ အထိလြဲေခ်ာ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ရဲ႕ႀကံ့ခိုင္မႈ
နဲ႔ပတ္သက္လို႔ ကလပ္ဘက္ကစိုးရိမ္မႈေတြရွိလာၿပီး စာခ်ဳပ္ဖ်က္သိမ္းႏိုင္ဖို႔အထိ

ႀကိဳးစားေနတယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚလာပါတယ္။
လက္ရွိမွာရာမို႔စ္ဟာႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာတဲ့အတြက္ စေနေန႔မွာနန႔္တက္စ္နဲ႔

ကစားရမယ့္ပြဲမွာပါဝင္ႏိုင္ဖို႔ရွိေနပါတယ္။ ဒါေပ

မယ့္သူ႔အေျခအေနပိုၿပီးစိတ္ခ်ရဖို႔အတြက္ အဲဒီပြဲမွာထပ္မံအနားေပးၿပီး မန္စီးတီးနဲ႔

အေရးပါတဲ့ပြဲေရာက္မွအသုံးျပဳဖို႔နည္းျပ ပိုခ်က္တီႏိုကစီစဥ္ထားတာျဖစ္ပါတယ္။

နန႔္တက္စ္နဲ႔ပြဲမွာအသုံးျပဳခဲ့မယ္ဆိုရင္လည္း လူစားဝင္ဖို႔သာျဖစ္ႏိုင္ၿပီး ကစားေဖာ္ေတြနဲ႔

အသားက်ဖို႔အတြက္ဘဲ ဦး
စားေပးလိမ့္မယ္လို႔ ျပင္သစ္မီဒီယာေတြကသုံးသပ္ထားၾကပါတယ္။ ရာမို႔စ္အျပင္

ဘယ္ဘက္ေပါင္ႂကြက္သားဒဏ္ရာရေနတဲ့ ေနမာလည္း နန႔္တက္စ္နဲ႔ပြဲမွာပါဝင္ဖို႔မရွိဘဲ

မန္စီးတီးနဲ႔ပြဲေရာက္မွျပန္ပါဖို႔ရွိေနပါတယ္။

ေနမာဟာ ဘရာဇီးအသင္းနဲ႔အတူရွိေနတုန္း ဒီဒဏ္ရာရခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားနဲ႔

ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ မပါႏိုင္ခဲ့ပါဘူး။ရာမို႔စ္ရဲ႕ကစားေဖာ္ေဟာင္းျဖစ္တဲ့ ကာဗာ

ဂ်ယ္ကေတာ့ ရာမို႔စ္ရဲ႕ႀကံ့ခိုင္မႈပိုင္းစိုးရိမ္ေနရၿပီဆိုတဲ့သတင္းေတြကို ျငင္းပယ္ခဲ့ၿပီးအခုဒဏ္
ျဖစ္ေနတဲ့သူက ဘယ္လိုကစားသမားလဲဆိုတာအရင္ေမးရမွာလို႔ကာကြယ္ခဲ့ပါတယ္။

 

ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကလည္း ရာမို႔စ္ဟာ မာေၾကာသူတစ္ဦးျဖစ္လို႔

အခုလိုျပန္လည္ႀကံ့ခိုင္လာခ်ိန္မွာ အသင္းကိုဦးေဆာင္ေပးႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း

ဆိုထားပါတယ္။
ပီအက္စ္ဂ်ီဟာ အိမ္ကြင္းမွာမန္စီးတီးကို ၂-၀ နဲ႔ႏိုင္ထားေပမယ့္လက္ရွိအုပ္စု

A မွာေတာ့ ၈ မွတ္နဲ႔ဒုတိယေနရာမွာသာရွိေနၿပီး ထိပ္ဆုံးကဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔

တစ္မွတ္ကြာေနတဲ့အျပင္ ဂိုးကြာျခားခ်က္မွာလည္း အေရးနိမ့္ေနၿပီး မန္စီးတီးက +၈

ရွိေနေပမယ့္ ပီအက္စ္ဂ်ီကေတာ့ +၃ ဘဲရွိပါတယ္။