စမစ်ရိုရဲ့ idol ယူနိုက်တက်ရဲ့ အကျော်အမော်

အာဆင်နယ်အသင်း ရဲ့ လူငယ် ကြယ်ပွင့် စမစ်ရို က ယူနိုက်တက်နဲ့

အင်္ဂလန်အသင်း ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းကို လေးစားအားကျ

အတုယူပါတယ်။ ယနေ့ နံနက်မှာ ကစားခဲ့တဲ့ အယ်ဘေးနီးယား ကို ၅ ဂိုးပြတ်

အနိုင်ရတဲ့ ပွဲမှာ စမစ်ရို ဟာ စတာလင် နေရာမှာ လူစားဝင် ကစားခဲ့ပြီး

အင်္ဂလန်လက်ရွေးစင် အသင်းကြီး အတွက် ပထမဆုံးအကြိမ် ကစားခွင့် ရခဲ့ပါတယ် ။

စမစ်ရိုက ”ကျွန်တော်လေးစားစံထားရတဲ့ အင်္ဂလန်ကစားသမားကတော့

ဒေးဗစ်ဘက်ခမ်းပါပဲ။ သူ့ရဲ့တည်ကန်ဘောတွေ ဖရီးကစ်တွေနဲ့ အခြားအရာတွေ

အားလုံးကို သဘောကျ ခဲ့တာပါ ။ ဒါကြောင့် ကျွန်တော့် ဟီးရိုးက သူလို့ပဲ

ဖြေချင် ပါတယ်  ” လို့ ဆိုပါတယ်။

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖိုဒ့်နဲ့ပွဲမှာ

အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ

ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပြီး

ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန်တီးမှု

၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ်ကာ ၊ ရေယက်စ် ၊

ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့

အသက် ၂၁ နှစ်အောက် အာဆင်နယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

Zawgyi

စမစ္႐ိုရဲ႕ idol ယူႏိုက္တက္ရဲ႕ အေက်ာ္အေမာ္

အာဆင္နယ္အသင္း ရဲ႕ လူငယ္ ၾကယ္ပြင့္ စမစ္႐ို က ယူႏိုက္တက္နဲ႔

အဂၤလန္အသင္း ကစားသမားေဟာင္း ေဒးဗစ္ဘက္ခမ္းကို ေလးစားအားက်

အတုယူပါတယ္။ ယေန႔ နံနက္မွာ ကစားခဲ့တဲ့ အယ္ေဘးနီးယား ကို ၅ ဂိုးျပတ္

အႏိုင္ရတဲ့ ပြဲမွာ စမစ္႐ို ဟာ စတာလင္ ေနရာမွာ လူစားဝင္ ကစားခဲ့ၿပီး

အဂၤလန္လက္ေ႐ြးစင္ အသင္းႀကီး အတြက္ ပထမဆုံးအႀကိမ္ ကစားခြင့္ ရခဲ့ပါတယ္ ။

စမစ္႐ိုက ”ကြၽန္ေတာ္ေလးစားစံထားရတဲ့ အဂၤလန္ကစားသမားကေတာ့

ေဒးဗစ္ဘက္ခမ္းပါပဲ။ သူ႔ရဲ႕တည္ကန္ေဘာေတြ ဖရီးကစ္ေတြနဲ႔ အျခားအရာေတြ

အားလုံးကို သေဘာက် ခဲ့တာပါ ။ ဒါေၾကာင့္ ကြၽန္ေတာ့္ ဟီး႐ိုးက သူလို႔ပဲ

ေျဖခ်င္ ပါတယ္  ” လို႔ ဆိုပါတယ္။

အဂၤလန္ လူငယ္ ၾကယ္ပြင့္ စမစ္႐ို ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ဝက္ဖိုဒ့္နဲ႔ပြဲမွာ

အာဆင္နယ္ အတြက္ သြင္းဂိုး တစ္ဂိုး ထပ္မံ သြင္းယူ ႏိုင္ခဲ့ၿပီးေနာက္ ဒီရာသီ

ပရီးမီးယားလိဂ္ သြင္းဂိုး ေလးဂိုး အထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္ ။

စမစ္႐ို ဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၃ ပြဲဆက္ ဂိုးသြင္းယူ ႏိုင္ခဲ့တာျဖစ္ၿပီး

ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ၄ ဂိုး ( ၿပိဳင္ပြဲစုံမွာဆို ၅ ဂိုး) ၊ ဂိုးဖန္တီးမႈ

၂ ႀကိမ္ အထိ ရွိလာခဲ့ပါၿပီ ။ ဒါ့အျပင္ စမစ္႐ို ဟာ အနယ္ကာ ၊ ေရယက္စ္ ၊

ဖာဘရီဂက္စ္ တို႔ ေနာက္ပိုင္း ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ဂိုးသြင္းနိင္တဲ့

အသက္ ၂၁ ႏွစ္ေအာက္ အာဆင္နယ္ကစားသမား ျဖစ္လာခဲ့ပါတယ္။