စပွန်ဆာခြင်း ဒါဘီဖြစ်သွားတဲ့ ဘက်ခမ်းတို့သားအဖ

ဘောလုံးလောကရဲ့ Icon ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ Adidas နဲ့

တစ်သက်တာစပွန်ဆာ စာချုပ်ကိုချုပ်ဆိုထားပေမယ့်

သားဖြစ်သူ ရိုမီယိုဘက်ခမ်းကတော့ Puma နဲ့စပွန်ဆာရယူလိုက်တာကြောင့်

သားအဖချင်းကြားမှာ စပွန်ဆာနဲ့ပတ်သက်ပြီးဒါဘီဖြစ်သွားပြီလို့ သိရပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ရိုမီယိုဘက်ခမ်းဟာ ဒေးဗစ်ဘက်ခမ်းရဲ့သားအလတ်ဖြစ်ပြီး

မကြာသေးခင် အင်တာမိုင်ယာမီအသင်းရဲ့ အရန်အသင်းကနေ

စီနီယာအသင်းဆီကိုရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

အင်တာမိုင်ယာမီကို သူ့ဖခင်ဘက်ခမ်းကပူးတွဲပိုင်ဆိုင်တာဖြစ်ပြီး

အမေရိကန်က လိဂ် ၁ မှာကစားနေတဲ့အသင်းဖြစ်ပါတယ်။

ရိုမီယိုဟာသူ့ခြေစွမ်းကို လောက်လောက်လားလားသက်သေပြနိုင်ခြင်းမရှိသေးပေမယ့်

Puma ကအနာဂတ်အတွက်အလားအလာရှိတဲ့မျိုးဆက်သစ်ကစားသမား

‘Future Z’ အဖြစ်သတ်မှတ်ကာ စပွန်ဆာ စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒီစာချုပ်ဟာ ရိုမီယိုအတွက်ငွေကြေးပိုင်းအရ အကျိုးအမြတ်များစွာရှိမှာ

မဟုတ်ပေမယ့် အနာဂတ်အတွက်တော့ကောင်းမွန်တဲ့ စာချုပ်ဖြစ်ခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ Puma ဟာ Future Z 1.2 ဘောလုံးကန်ဖိနပ်ကို

ရိုမီယိုအတွက်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။

Adidas နဲ့ Puma တို့ဟာကမ္ဘာ့ထိပ်တန်းအားကစားအသုံးအဆောင်တွေ

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်ကြပါတယ်။

ဘက်ခမ်းဟာ ၂၀၀၃ တုန်းက Adidas နဲ့တစ်သက်တာစာချုပ်

လက်မှတ်ရေးထိုးခဲ့ပြီးအဲဒီအချိန်ကပေါင် ၁၁၅ သန်းအထိရရှိခဲ့ပါတယ်။

Adidas နဲ့ Puma တို့ဟာလက်ရှိဈေးကွက်ထဲမှာအပြိုင်ဖြစ်နေကြတဲ့အပြင်

သူတို့ရဲ့သမိုင်းကလည်းထူးခြားပြီး ဂျာမန်လူမျိုးညီ အစ်ကို ၂ ဦးဖြစ်တဲ့

ရူဒေါ့ဖ်ဒက်စလာနဲ့ အဒေါ့ဖ်ဒက်စလာ တို့အကြားအငြင်းပွားမှုဖြစ်ခဲ့ရာကနေ

ကုမ္ပဏီကွဲကြပြီး အခုလိုအမည်မတူဘဲ အပြိုင်ဖြစ်ဖို့ အစပျိုးခဲ့ရတာပါ။

ရိုမီယိုတစ်ယောက်အခုလို Puma နဲ့လက်တွဲပြီးနောက် ဒီကုမ္ပဏီရဲ့နာမည်ကျော်

စပွန်ဆာပေးထားသူဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကလည်း

ဂုဏ်ယူတဲ့မက်ဆေ့ချ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ရိုမီယိုဟာ လက်ရှိဘောလုံးသမားတွေထဲမှာနေမာကို အားကျသူဖြစ်ပြီး

အရင်ကစားသမားတွေထဲမှာတော့ သူ့ဖခင်ဘက်ခမ်းနဲ့

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီ တို့ကိုအားကျခဲ့တာဖြစ်ပါတယ်။

zawgyi

စပြန္ဆာျခင္း ဒါဘီျဖစ္သြားတဲ့ ဘက္ခမ္းတို႔သားအဖ

ေဘာလုံးေလာကရဲ႕ Icon ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ Adidas နဲ႔

တစ္သက္တာစပြန္ဆာ စာခ်ဳပ္ကိုခ်ဳပ္ဆိုထားေပမယ့္

သားျဖစ္သူ ႐ိုမီယိုဘက္ခမ္းကေတာ့ Puma နဲ႔စပြန္ဆာရယူလိုက္တာေၾကာင့္

သားအဖခ်င္းၾကားမွာ စပြန္ဆာနဲ႔ပတ္သက္ၿပီးဒါဘီျဖစ္သြားၿပီလို႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ႐ိုမီယိုဘက္ခမ္းဟာ ေဒးဗစ္ဘက္ခမ္းရဲ႕သားအလတ္ျဖစ္ၿပီး

မၾကာေသးခင္ အင္တာမိုင္ယာမီအသင္းရဲ႕ အရန္အသင္းကေန

စီနီယာအသင္းဆီကိုေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။

အင္တာမိုင္ယာမီကို သူ႔ဖခင္ဘက္ခမ္းကပူးတြဲပိုင္ဆိုင္တာျဖစ္ၿပီး

အေမရိကန္က လိဂ္ ၁ မွာကစားေနတဲ့အသင္းျဖစ္ပါတယ္။

႐ိုမီယိုဟာသူ႔ေျခစြမ္းကို ေလာက္ေလာက္လားလားသက္ေသျပႏိုင္ျခင္းမရွိေသးေပမယ့္

Puma ကအနာဂတ္အတြက္အလားအလာရွိတဲ့မ်ိဳးဆက္သစ္ကစားသမား

‘Future Z’ အျဖစ္သတ္မွတ္ကာ စပြန္ဆာ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။

ဒီစာခ်ဳပ္ဟာ ႐ိုမီယိုအတြက္ေငြေၾကးပိုင္းအရ အက်ိဳးအျမတ္မ်ားစြာရွိမွာ

မဟုတ္ေပမယ့္ အနာဂတ္အတြက္ေတာ့ေကာင္းမြန္တဲ့ စာခ်ဳပ္ျဖစ္ခဲ့ပါတယ္။

ဒီသေဘာတူညီခ်က္အရ Puma ဟာ Future Z 1.2 ေဘာလုံးကန္ဖိနပ္ကို

႐ိုမီယိုအတြက္ေထာက္ပံ့ေပးရမွာျဖစ္ပါတယ္။

Adidas နဲ႔ Puma တို႔ဟာကမာၻ႔ထိပ္တန္းအားကစားအသုံးအေဆာင္ေတြ

ထုတ္လုပ္တဲ့ ကုမၸဏီေတြျဖစ္ၾကပါတယ္။

ဘက္ခမ္းဟာ ၂၀၀၃ တုန္းက Adidas နဲ႔တစ္သက္တာစာခ်ဳပ္

လက္မွတ္ေရးထိုးခဲ့ၿပီးအဲဒီအခ်ိန္ကေပါင္ ၁၁၅ သန္းအထိရရွိခဲ့ပါတယ္။

Adidas နဲ႔ Puma တို႔ဟာလက္ရွိေဈးကြက္ထဲမွာအၿပိဳင္ျဖစ္ေနၾကတဲ့အျပင္

သူတို႔ရဲ႕သမိုင္းကလည္းထူးျခားၿပီး ဂ်ာမန္လူမ်ိဳးညီ အစ္ကို ၂ ဦးျဖစ္တဲ့

႐ူေဒါ့ဖ္ဒက္စလာနဲ႔ အေဒါ့ဖ္ဒက္စလာ တို႔အၾကားအျငင္းပြားမႈျဖစ္ခဲ့ရာကေန

ကုမၸဏီကြဲၾကၿပီး အခုလိုအမည္မတူဘဲ အၿပိဳင္ျဖစ္ဖို႔ အစပ်ိဳးခဲ့ရတာပါ။

႐ိုမီယိုတစ္ေယာက္အခုလို Puma နဲ႔လက္တြဲၿပီးေနာက္ ဒီကုမၸဏီရဲ႕နာမည္ေက်ာ္

စပြန္ဆာေပးထားသူျဖစ္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာကလည္း

ဂုဏ္ယူတဲ့မက္ေဆ့ခ်္ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

႐ိုမီယိုဟာ လက္ရွိေဘာလုံးသမားေတြထဲမွာေနမာကို အားက်သူျဖစ္ၿပီး

အရင္ကစားသမားေတြထဲမွာေတာ့ သူ႔ဖခင္ဘက္ခမ္းနဲ႔

အာဆင္နယ္တိုက္စစ္မႉးေဟာင္း ဟင္နရီ တို႔ကိုအားက်ခဲ့တာျဖစ္ပါတယ္။