စပို့တင်းမှာပြန်ကစားဖို့ သတိပေးလိုက်တဲ့ စီရော်နယ်ဒိုရဲ့အမေ

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ခရစ္စမတ်အမှတ်တရအဖြစ်သူတို့

မိသားစုရိုက်ထားတဲ့ ဓါတ်ပုံကိုအင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

သူ့အင်စတာဂရမ်မှာ Followers ၃၈၁ သန်းရှိပြီး ဓါတ်ပုံထဲမှာ

သူနဲ့သူ့ချစ်သူ ဂျော်ဂျီနာ၊ ကလေး ၅ ယောက်တို့က အနီရောင်ညအိပ်ဝတ်စုံကို

ဆင်တူဝတ်ဆင်ထားပြီး သူ့မိခင်နဲ့ကျန်တဲ့မိသားစုတွေကတော့

ပုံမှန်အဝတ်တွေသာဝတ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

သူတို့ထိုင်နေကြတဲ့ဘေးနားမှာ ခရစ္စမတ်သစ်ပင်နဲ့အတူ

အခြားလက်ဆောင်တွေချထားတာကိုတွေ့ရပါတယ်။ ဒီလက်ဆောင်တွေထဲမှာ

ထူးခြားမှုတစ်ခုပါဝင်နေတာကိုလည်း အချို့ကအမှတ်ထားမိခဲ့ကြပါတယ်။

ဒီထူးခြားမှုကတော့ သူ့မိခင်ဒိုလာရက်စ်ကိုယ်တိုင်

စပို့တင်းလစ္စဘွန်းစတိုးဆိုင်ကဝယ်လာတဲ့ ခရစ္စမတ်သစ်ပင်အောက်မှာ

မထင်မရှားထားရှိတဲ့ အစိမ်းရောင်လက်ဆောင်အိတ်ကလေးပါဘဲ။

ဒီပုံကိုမြင်တွေ့ခဲ့ရတဲ့ စပို့တင်းလစ္စဘွန်းပရိသတ်တွေကတော့

ဒိုလာရက်စ်ကိုအများကြီးကျေးဇူးတင်နေကြမှာပါ။ ဘာကြောင့်လည်းဆိုတော့

အခုလိုစပို့တင်းစတိုးဆိုင်က လက်ဆောင်ဝယ်ပေးတာဟာ

စီရော်နယ်ဒိုကိုစပို့တင်းမှာပြန်ကစားဖို့ သတိပေးလိုက်တဲ့သဘောဖြစ်တယ်လို့

သူတို့ကယူဆနေကြလို့ပါ။ ဒါဟာတကယ်လည်းဖြစ်နိုင်ချေရှိပါတယ်။

လာမယ့် နှစ်သစ်ကူးနေ့မှာအသက် ၆၇ နှစ်ပြည့်မယ့် ဒိုလာရက်စ်ဟာ

စီရော်နယ်ဒိုရဲ့ဘဝမှာအရမ်းကိုအရေးပါသူဖြစ်ခဲ့ပြီး

သူ့သားအခုလိုအောင်မြင်တဲ့ ဘဝရောက်ခဲ့ရာမှာ

သူမရဲ့ထိန်းကျောင်းမှုတွေကအများကြီးအရေးပါခဲ့ပါတယ်။

ဒိုလာရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့အမာခံပရိသတ်ပီပီ

စီရော်နယ်ဒိုကလည်း စပို့တင်းကနေထွက်ပေါ်လာသူဖြစ်ပါတယ်။

မကြာသေးခင်က ဒိုလာရက်စ်က” သားရေ အမေမသေခင်တော့

မင်းကိုစပို့တင်းမှာပြန်ကစားတာကို မြင်ပါရစေ” လို့ပြောခဲ့သေးသူဖြစ်ပါတယ်။

စီရော်နယ်ဒိုတင်ခဲ့တဲ့ပုံကို သူ့မိသားစုဝင်တွေကလည်း

အင်စတာဂရမ်မှာပြန်တင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

ဒီလက်ဆောင်အိတ်ထဲမှာဘာပါသလဲဆိုတာ မသိရပေမယ့်

စပို့တင်းဘောလုံးအင်္ကျီဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။

ဒီလက်ဆောင်အတွက် ဒိုလာရက်စ်ရဲ့အင်စတာဂရမ်ပို့စ်အောက်မှာ

သူ့ကိုကျေးဇူးတင်ကြောင်းပြောကြားတဲ့ စပို့တင်းပရိသတ်တွေ

အများကြီးရှိခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi

စပို႔တင္းမွာျပန္ကစားဖို႔ သတိေပးလိုက္တဲ့ စီေရာ္နယ္ဒိုရဲ႕အေမ

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ခရစၥမတ္အမွတ္တရအျဖစ္သူတို႔

မိသားစု႐ိုက္ထားတဲ့ ဓါတ္ပုံကိုအင္စတာဂရမ္ေပၚတင္ခဲ့ပါတယ္။

သူ႔အင္စတာဂရမ္မွာ Followers ၃၈၁ သန္းရွိၿပီး ဓါတ္ပုံထဲမွာ

သူနဲ႔သူ႔ခ်စ္သူ ေဂ်ာ္ဂ်ီနာ၊ ကေလး ၅ ေယာက္တို႔က အနီေရာင္ညအိပ္ဝတ္စုံကို

ဆင္တူဝတ္ဆင္ထားၿပီး သူ႔မိခင္နဲ႔က်န္တဲ့မိသားစုေတြကေတာ့

ပုံမွန္အဝတ္ေတြသာဝတ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

သူတို႔ထိုင္ေနၾကတဲ့ေဘးနားမွာ ခရစၥမတ္သစ္ပင္နဲ႔အတူ

အျခားလက္ေဆာင္ေတြခ်ထားတာကိုေတြ႕ရပါတယ္။ ဒီလက္ေဆာင္ေတြထဲမွာ

ထူးျခားမႈတစ္ခုပါဝင္ေနတာကိုလည္း အခ်ိဳ႕ကအမွတ္ထားမိခဲ့ၾကပါတယ္။

ဒီထူးျခားမႈကေတာ့ သူ႔မိခင္ဒိုလာရက္စ္ကိုယ္တိုင္

စပို႔တင္းလစၥဘြန္းစတိုးဆိုင္ကဝယ္လာတဲ့ ခရစၥမတ္သစ္ပင္ေအာက္မွာ

မထင္မရွားထားရွိတဲ့ အစိမ္းေရာင္လက္ေဆာင္အိတ္ကေလးပါဘဲ။

ဒီပုံကိုျမင္ေတြ႕ခဲ့ရတဲ့ စပို႔တင္းလစၥဘြန္းပရိသတ္ေတြကေတာ့

ဒိုလာရက္စ္ကိုအမ်ားႀကီးေက်းဇူးတင္ေနၾကမွာပါ။ ဘာေၾကာင့္လည္းဆိုေတာ့

အခုလိုစပို႔တင္းစတိုးဆိုင္က လက္ေဆာင္ဝယ္ေပးတာဟာ

စီေရာ္နယ္ဒိုကိုစပို႔တင္းမွာျပန္ကစားဖို႔ သတိေပးလိုက္တဲ့သေဘာျဖစ္တယ္လို႔

သူတို႔ကယူဆေနၾကလို႔ပါ။ ဒါဟာတကယ္လည္းျဖစ္ႏိုင္ေခ်ရွိပါတယ္။

လာမယ့္ ႏွစ္သစ္ကူးေန႔မွာအသက္ ၆၇ ႏွစ္ျပည့္မယ့္ ဒိုလာရက္စ္ဟာ

စီေရာ္နယ္ဒိုရဲ႕ဘဝမွာအရမ္းကိုအေရးပါသူျဖစ္ခဲ့ၿပီး

သူ႔သားအခုလိုေအာင္ျမင္တဲ့ ဘဝေရာက္ခဲ့ရာမွာ

သူမရဲ႕ထိန္းေက်ာင္းမႈေတြကအမ်ားႀကီးအေရးပါခဲ့ပါတယ္။

ဒိုလာရက္စ္ဟာ စပို႔တင္းလစၥဘြန္းအသင္းရဲ႕အမာခံပရိသတ္ပီပီ

စီေရာ္နယ္ဒိုကလည္း စပို႔တင္းကေနထြက္ေပၚလာသူျဖစ္ပါတယ္။

မၾကာေသးခင္က ဒိုလာရက္စ္က” သားေရ အေမမေသခင္ေတာ့

မင္းကိုစပို႔တင္းမွာျပန္ကစားတာကို ျမင္ပါရေစ” လို႔ေျပာခဲ့ေသးသူျဖစ္ပါတယ္။

စီေရာ္နယ္ဒိုတင္ခဲ့တဲ့ပုံကို သူ႔မိသားစုဝင္ေတြကလည္း

အင္စတာဂရမ္မွာျပန္တင္ခဲ့ၾကတယ္လို႔လည္းသိရပါတယ္။

ဒီလက္ေဆာင္အိတ္ထဲမွာဘာပါသလဲဆိုတာ မသိရေပမယ့္

စပို႔တင္းေဘာလုံးအက်ႌျဖစ္မယ္လို႔ခန႔္မွန္းၾကပါတယ္။

ဒီလက္ေဆာင္အတြက္ ဒိုလာရက္စ္ရဲ႕အင္စတာဂရမ္ပို႔စ္ေအာက္မွာ

သူ႔ကိုေက်းဇူးတင္ေၾကာင္းေျပာၾကားတဲ့ စပို႔တင္းပရိသတ္ေတြ

အမ်ားႀကီးရွိခဲ့တယ္လို႔လည္း သိရပါတယ္။