
ဘောလုံးပရိသတ်တွေဟာ ၁၉၇၀ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက





ကွင်းလယ်ဒိုင်ကိုစော်ကားပြီး ပြစ်ဒဏ်ကျူးလွန်တဲ့ ကစားသမားတွေကို
အဝါကတ်၊ အနီကတ်တွေပြသခြင်းနဲ့အတူကျင့်သားရလာခဲ့တာပါ။





အခုအခါမှာတော့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့လက်နက်တိုက်ထဲမှာ
နောက်ထပ်အသစ်တစ်ခုအဖြစ် ‘အဖြူကတ်’ ရှိနေပါပြီ။
ဒီအဖြူရောင်ကတ်ကို ဇန်နဝါရီ ၂၁ ရက်နေ့ စပို့တင်းနဲ့





ဘင်ဖီကာအမျိုးသမီးပွဲစဉ်မှာ ပရော်ဖက်ရှင်နယ်သမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ်ထုတ်သုံးသွားခဲ့တာဖြစ်တယ်။





ဘင်ဖီကာအသင်းဟာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ကို
၃-၀ ဂိုးနဲ့အနိုင်ရခဲ့သလို နှစ်ဖက်စလုံးကဆေးဘက်ဆိုင်ရာ
ဝန်ထမ်းတွေဟာ ကစားသမားတစ်ယောက်ကိုကူညီဖို့အတွက်





ကွင်းထဲပြေးအလာမှာ အဖြူကတ်ကိုစတင်မိတ်ဆက်ပေးလိုက်တာပါ။
ကစားသမားဟာ ပွဲမတိုင်ခင်ကတည်းက နေမကောင်း





ဖြစ်နေခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ
သူမကိုကူညီဖို့အတွက်စည်းလုံးခဲ့ကြတာဖြစ်တယ်။
ကွင်းလယ်ဒိုင်ကတော့ သူတို့နဲ့ပက်သတ်တဲ့ အားကစား





စိတ်ဓာတ်ကိုအသိအမှတ်ပြုတဲ့အနေနဲ့ ဝန်ထမ်းနှစ်ဦးစလုံးကို
အရင်ကတစ်ခါမှမမြင်ဖူးတဲ့ အဖြူရောက်ကတ်ပြသလိုက်ပါတယ်။





Estadio da Luz အားကစားကွင်းထဲက ပရိသတ်တွေကတော့
ဒီလုပ်ရပ်နဲ့ပက်သတ်လို့ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
JOE ရဲ့အစီရင်ခံစာမှာတော့ ‘အားကစားတွင် ကျင့်ဝတ်





တန်ဖိုးမြှင့်တင်ရန်’ အတွက်ကြိုးပမ်းမှုမှာ တရားမျှတစွာ
ကစားခြင်းအတွက် သက်ဆိုင်ရာကလပ်တွေကိုအသိအမှတ်





ပြုပေးဖို့ အဖြူကတ်ကိုဒီဇိုင်းထုတ်ထားတာဖြစ်တယ်။
နောက်ပိုင်းမှာတော့ ဖီဖာရဲ့ပဏာမအစီအစဉ်တွေနဲ့အတူ
ပေါ်တူဂီနိုင်ငံမှာ အဖြူရောက်ကတ်ကို မိတ်ဆက်ခဲ့ပါတယ်။





ဖီဖာဟာ ဂိမ်းထဲမှာဒဏ်ရာရခြင်းတွေအပါအဝင်
လူစားလဲမှုတွေအတွက် အချိန်ပိုသတ်မှတ်ချက်တွေကို





တိုးမြှင့်လာခဲ့တာကို ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတွေ့ခဲ့ရမှာပါ။
နောက်ဆုံးမှာတော့ အဖြူရောင်ကတ်ကိုပါ အသုံးပြုလာခဲ့ပြီဖြစ်လို့
အခြားကွင်းလယ်ဒိုင်တွေအနေနဲ့လည်း ဒီကတ်ကိုဂိမ်းထဲမှာ





အံဝင်ခွင်ကျဖြစ်အောင်အသုံးပြုနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။
zawgyi





စပို႔တင္းနဲ႔ ဘင္ဖီကာပြဲစဥ္မွာ ကြင္းလယ္ဒိုင္က ပထမဆုံး ‘အျဖဴကတ္’ ျပသျခင္းနဲ႔ သမိုင္းသစ္တစ္ခုဖန္တီးလိုက္
ေဘာလုံးပရိသတ္ေတြဟာ ၁၉၇၀ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲကတည္းက
ကြင္းလယ္ဒိုင္ကိုေစာ္ကားၿပီး ျပစ္ဒဏ္က်ဴးလြန္တဲ့ ကစားသမားေတြကို





အဝါကတ္၊ အနီကတ္ေတြျပသျခင္းနဲ႔အတူက်င့္သားရလာခဲ့တာပါ။
အခုအခါမွာေတာ့ တာဝန္ရွိသူေတြဟာ သူတို႔ရဲ႕လက္နက္တိုက္ထဲမွာ





ေနာက္ထပ္အသစ္တစ္ခုအျဖစ္ ‘အျဖဴကတ္’ ရွိေနပါၿပီ။
ဒီအျဖဴေရာင္ကတ္ကို ဇန္နဝါရီ ၂၁ ရက္ေန႔ စပို႔တင္းနဲ႔
ဘင္ဖီကာအမ်ိဳးသမီးပြဲစဥ္မွာ ပေရာ္ဖက္ရွင္နယ္သမိုင္းတစ္ေလွ်ာက္





ပထမဆုံးအႀကိမ္ထုတ္သုံးသြားခဲ့တာျဖစ္တယ္။
ဘင္ဖီကာအသင္းဟာ သူတို႔ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ကို





၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့သလို ႏွစ္ဖက္စလုံးကေဆးဘက္ဆိုင္ရာ
ဝန္ထမ္းေတြဟာ ကစားသမားတစ္ေယာက္ကိုကူညီဖို႔အတြက္
ကြင္းထဲေျပးအလာမွာ အျဖဴကတ္ကိုစတင္မိတ္ဆက္ေပးလိုက္တာပါ။





ကစားသမားဟာ ပြဲမတိုင္ခင္ကတည္းက ေနမေကာင္း
ျဖစ္ေနခဲ့တာေၾကာင့္ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြဟာ





သူမကိုကူညီဖို႔အတြက္စည္းလုံးခဲ့ၾကတာျဖစ္တယ္။
ကြင္းလယ္ဒိုင္ကေတာ့ သူတို႔နဲ႔ပက္သတ္တဲ့ အားကစား
စိတ္ဓာတ္ကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ ဝန္ထမ္းႏွစ္ဦးစလုံးကို





အရင္ကတစ္ခါမွမျမင္ဖူးတဲ့ အျဖဴေရာက္ကတ္ျပသလိုက္ပါတယ္။
Estadio da Luz အားကစားကြင္းထဲက ပရိသတ္ေတြကေတာ့





ဒီလုပ္ရပ္နဲ႔ပက္သတ္လို႔ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။
JOE ရဲ႕အစီရင္ခံစာမွာေတာ့ ‘အားကစားတြင္ က်င့္ဝတ္
တန္ဖိုးျမႇင့္တင္ရန္’ အတြက္ႀကိဳးပမ္းမႈမွာ တရားမွ်တစြာ





ကစားျခင္းအတြက္ သက္ဆိုင္ရာကလပ္ေတြကိုအသိအမွတ္
ျပဳေပးဖို႔ အျဖဴကတ္ကိုဒီဇိုင္းထုတ္ထားတာျဖစ္တယ္။





ေနာက္ပိုင္းမွာေတာ့ ဖီဖာရဲ႕ပဏာမအစီအစဥ္ေတြနဲ႔အတူ
ေပၚတူဂီႏိုင္ငံမွာ အျဖဴေရာက္ကတ္ကို မိတ္ဆက္ခဲ့ပါတယ္။
ဖီဖာဟာ ဂိမ္းထဲမွာဒဏ္ရာရျခင္းေတြအပါအဝင္





လူစားလဲမႈေတြအတြက္ အခ်ိန္ပိုသတ္မွတ္ခ်က္ေတြကို
တိုးျမႇင့္လာခဲ့တာကို ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာေတြ႕ခဲ့ရမွာပါ။





ေနာက္ဆုံးမွာေတာ့ အျဖဴေရာင္ကတ္ကိုပါ အသုံးျပဳလာခဲ့ၿပီျဖစ္လို႔
အျခားကြင္းလယ္ဒိုင္ေတြအေနနဲ႔လည္း ဒီကတ္ကိုဂိမ္းထဲမွာ
အံဝင္ခြင္က်ျဖစ္ေအာင္အသုံးျပဳႏိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။




