
လီဗာပူးအသင်းဟာ ဘာစီလိုနာအသင်းရဲ့လူငယ်ခြေတက်တစ်ဦးဖြစ်တဲ့ ဂါဗီ ကို
သူ့စာချုပ်ပါတန်ကြေးဖြစ်တဲ့ပေါင် ၄၃ သန်းအ ထိပေးပြီးဝယ်ယူဖို့
အဆင်သင့်ရှိနေပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂါဗီ ဟာ
ဘာစီလိုနာအသင်းကဖော်တွေဖြစ်တဲ့ ဖာတီ၊ ပီဒရီ တို့နည်းတူ
ဥရောပရဲ့ခြေစွမ်းအကောင်းဆုံး လူငယ်တွေထဲမှာအပါအဝင်ဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့ဩဂုတ်လကမှ ဘာစီ လိုနာအတွက် ပွဲထွက်ကစားခဲ့ပေမယ့်
အသင်းရဲ့အရေးပါသူဖြစ်လာပြီး ၁၇ ပွဲအထိကစားခဲ့ရပါတယ်။
သူဟာပြီးခဲ့တဲ့အောက်တို ဘာ လတုန်းကနေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာ
အီတလီနဲ့တွေ့တဲ့ စပိန်လက်ရွေးစင်အသင်းမှာပါဝင်ခဲ့ပြီးနောက်
စပိန်အသင်းသမိုင်း တစ်လျှောက်အသက်အငယ်ဆုံး
ပွဲထွက်ကစားတဲ့သူအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။
ဘောလုံးကိုကောင်းစွာထိန်းသိမ်းနိုင် ပြီး
အရည်အသွေးလည်းပြည့်ဝသူဖြစ်လို့ ကလပ်ရဲ့ဂန္ထဝင်ဖြစ်တဲ့
လက်ရှိနည်းပြ ဇာဗီအပြင် အင်နီယေစတာနဲ့ပါနှိုင်းယှဥ်ခံထား ရတဲ့ ဂါဗီကို
ဥရောပထိပ်တန်းကလပ်အများအပြားက စောင့်ကြည့်နေကြရာမှာ
ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ပိုမို အားထုတ်နေကြပေမယ့်
လက်ရှိမှာကစားသမားကိုခေါ်ဖို့ စိတ်အားအထက်သန်ဆုံးက လီဗာပူးဖြစ်နေပြီး
စာချုပ်တန်ကြေးအ တိုင်းပေးဖို့လည်း အဆင်သင့်ရှိနေတာပါ။
လီဗာပူးနည်းပြ ကလော့ပ်ဟာသူ့ရဲ့ကွင်းလယ်ဗဟိုကိုတိုးတက်စေဖို့အတွက်
ကြိုးပမ်းနေရာမှာ ဂါဗီ ကသူရွေးချယ်ထားပြီးသား သူဖြစ်နေလို့
စာချုပ်တန်ကြေးအတိုင်းပေးဖို့အဆင်သင့်ပြင်ထားတာပါ။
ဒါကြောင့်ဒီတန်ကြေးအတိုင်းပေးပြီးကမ်းလှမ်းမယ်ဆိုရင် ဘာစီလိုနာဟာ
ကစားသမားရဲ့ဆန္ဒကိုဦးစားပေးရတော့မှာဖြစ်ပြီး သူသာလီဗာပူးကို
ပြောင်းလိုတယ်ဆိုရင် ခွင့်ပြုပေးရတော့ မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာက ဂါဗီကိုလွယ်လွယ်နဲ့ လက်မလွှတ်ရဖို့လည်းကြိုးစားနေပြီး
လက်ရှိစာချုပ်ကိုပြင် ဆင်ကာ စာချုပ်တန်ကြေးကိုပေါင် ၈၀၄ သန်း
(ယူရိုတစ်ဘီလီယံနီးပါး) သတ်မှတ်လိုနေပါတယ်။ ဘာစီလိုနာဟာမကြာသေးခင် ကလည်း
သူတို့ရဲ့ခြေစွမ်းထက်လူငယ်တွေဖြစ်တဲ့ ဖာတီနဲ့ ပီဒရီ တို့ကိုစာချုပ်တန်ကြေး
ပေါင် ၈၀၄ သန်းစီသတ်မှတ်နိုင်ခဲ့ပြီးဖြစ် ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ
ဒီရာသီမှာရုန်းကန်နေရပြီး ၁၇ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်
ယူရိုပါလိဂ်ကိုဆင်း ကစားခဲ့ရသလို လာလီဂါမှာလည်း ၁၅ ပွဲကစားပြီးချိန်မှာ
အဆင့် ၇ ကိုရောက်နေပြီးထိပ်ဆုံးကဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ် နဲ့
၁၆ မှတ်ကွာဟနေလို့ ဂါဗီက စိတ်ပျက်ကာအသင်းပြောင်းနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
zawgyi
စပိန္အသင္းသမိုင္း တစ္ေလွ်ာက္အသက္အငယ္ဆုံးသူကို အပိုင္ႀကံေနတဲ့ လီဗာပူး
လီဗာပူးအသင္းဟာ ဘာစီလိုနာအသင္းရဲ႕လူငယ္ေျခတက္တစ္ဦးျဖစ္တဲ့ ဂါဗီ ကို
သူ႔စာခ်ဳပ္ပါတန္ေၾကးျဖစ္တဲ့ေပါင္ ၄၃ သန္းအ ထိေပးၿပီးဝယ္ယူဖို႔
အဆင္သင့္ရွိေနပါတယ္။ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဂါဗီ ဟာ
ဘာစီလိုနာအသင္းကေဖာ္ေတြျဖစ္တဲ့ ဖာတီ၊ ပီဒရီ တို႔နည္းတူ
ဥေရာပရဲ႕ေျခစြမ္းအေကာင္းဆုံး လူငယ္ေတြထဲမွာအပါအဝင္ျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့ဩဂုတ္လကမွ ဘာစီ လိုနာအတြက္ ပြဲထြက္ကစားခဲ့ေပမယ့္
အသင္းရဲ႕အေရးပါသူျဖစ္လာၿပီး ၁၇ ပြဲအထိကစားခဲ့ရပါတယ္။
သူဟာၿပီးခဲ့တဲ့ေအာက္တို ဘာ လတုန္းကေနးရွင္းလိဂ္ဆီမီးဖိုင္နယ္မွာ
အီတလီနဲ႔ေတြ႕တဲ့ စပိန္လက္ေ႐ြးစင္အသင္းမွာပါဝင္ခဲ့ၿပီးေနာက္
စပိန္အသင္းသမိုင္း တစ္ေလွ်ာက္အသက္အငယ္ဆုံး ပြဲထြက္ကစားတဲ့သူအျဖစ္လည္း
မွတ္တမ္းဝင္ခဲ့ပါတယ္။ ေဘာလုံးကိုေကာင္းစြာထိန္းသိမ္းႏိုင္ ၿပီး
အရည္အေသြးလည္းျပည့္ဝသူျဖစ္လို႔ ကလပ္ရဲ႕ဂႏၴဝင္ျဖစ္တဲ့
လက္ရွိနည္းျပ ဇာဗီအျပင္ အင္နီေယစတာနဲ႔ပါႏႈိင္းယွဥ္ခံထား ရတဲ့ ဂါဗီကို
ဥေရာပထိပ္တန္းကလပ္အမ်ားအျပားက ေစာင့္ၾကည့္ေနၾကရာမွာ
ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က ေခၚယူဖို႔ပိုမို အားထုတ္ေနၾကေပမယ့္
လက္ရွိမွာကစားသမားကိုေခၚဖို႔ စိတ္အားအထက္သန္ဆုံးက လီဗာပူးျဖစ္ေနၿပီး
စာခ်ဳပ္တန္ေၾကးအ တိုင္းေပးဖို႔လည္း အဆင္သင့္ရွိေနတာပါ။
လီဗာပူးနည္းျပ ကေလာ့ပ္ဟာသူ႔ရဲ႕ကြင္းလယ္ဗဟိုကိုတိုးတက္ေစဖို႔အတြက္
ႀကိဳးပမ္းေနရာမွာ ဂါဗီ ကသူေ႐ြးခ်ယ္ထားၿပီးသား သူျဖစ္ေနလို႔
စာခ်ဳပ္တန္ေၾကးအတိုင္းေပးဖို႔အဆင္သင့္ျပင္ထားတာပါ။
ဒါေၾကာင့္ဒီတန္ေၾကးအတိုင္းေပးၿပီးကမ္းလွမ္းမယ္ဆိုရင္ ဘာစီလိုနာဟာ
ကစားသမားရဲ႕ဆႏၵကိုဦးစားေပးရေတာ့မွာျဖစ္ၿပီး သူသာလီဗာပူးကို
ေျပာင္းလိုတယ္ဆိုရင္ ခြင့္ျပဳေပးရေတာ့ မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း
ဘာစီလိုနာက ဂါဗီကိုလြယ္လြယ္နဲ႔ လက္မလႊတ္ရဖို႔လည္းႀကိဳးစားေနၿပီး
လက္ရွိစာခ်ဳပ္ကိုျပင္ ဆင္ကာ စာခ်ဳပ္တန္ေၾကးကိုေပါင္ ၈၀၄ သန္
း(ယူ႐ိုတစ္ဘီလီယံနီးပါး) သတ္မွတ္လိုေနပါတယ္။ ဘာစီလိုနာဟာမၾကာေသးခင္ ကလည္း
သူတို႔ရဲ႕ေျခစြမ္းထက္လူငယ္ေတြျဖစ္တဲ့ ဖာတီနဲ႔ ပီဒရီ တို႔ကိုစာခ်ဳပ္တန္ေၾကး
ေပါင္ ၈၀၄ သန္းစီသတ္မွတ္ႏိုင္ခဲ့ၿပီးျဖစ္ ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာဟာ
ဒီရာသီမွာ႐ုန္းကန္ေနရၿပီး ၁၇ ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္
ယူ႐ိုပါလိဂ္ကိုဆင္း ကစားခဲ့ရသလို လာလီဂါမွာလည္း ၁၅ ပြဲကစားၿပီးခ်ိန္မွာ
အဆင့္ ၇ ကိုေရာက္ေနၿပီးထိပ္ဆုံးကဦးေဆာင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ နဲ႔
၁၆ မွတ္ကြာဟေနလို႔ ဂါဗီက စိတ္ပ်က္ကာအသင္းေျပာင္းႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။