စပိန်အသင်းနည်းပြ လူးဝစ်အင်းနရစ် နောင်တရစရာဖြစ်အောင် လက်စွမ်းပြခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ လက်စွမ်းပြကာကွယ်မှုတွေလုပ်ခဲ့ပြီး

စပိန်အသင်းနည်းပြလူးဝစ်အင်းနရစ် နောင်တရစရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား(၅၅)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး

ဂိုးသမားနေရာမှာ (၅)ဦးအထိရွေးချယ်ခဲ့ပေမယ့် ဒီဂီယာကို အံ့အားသင့်စရာ ချန်လှပ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီဂီယာဟာ အန်တိုနီယိုရဲ့ ပြင်းထန်အားပါတဲ့ ကန်ချက်ကို ပုတ်ထုတ်ခဲ့ပြီး

ဇူးမားရဲ့ အပိုင်ခေါင်းတိုက်ချက်တစ်ကြိမ်နဲ့ ပွဲပြီးခါနီးမှာ ဒီကလန်ရိုက်စ် ကန်သွင်းချက်ကိုလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက် ဒီဂီယာ ပွဲတိုင်းပါဝင်ကစားခဲ့ပြီး မိနစ်ပေါင်း(၁၅၃၀)ကစား၊ Clean Sheets (၈)ပွဲရယူခဲ့ပါတယ်။

ဒါ့အပြင် အခုရာသီအတွင်း ဒီဂီယာရဲ့ ဂိုးပေါက်ကာကွယ်နိုင်မှုက (၂၆)ကြိမ်အထိရှိခဲ့ပြီး ရာခိုင်နှုန်းနဲ့ပြောရင် (၆၄.၃%)ရှိခဲ့တာပါ။

ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကတောင် ဒီဂီယာရဲ့လက်စွမ်းပြမှုကို ချီးကျူခဲ့ရပြီး

သူ့ တွစ်တာ မှာ ‘မယုံနိုင်လောက်အောင်ကောင်းတဲ့ . ဒီဂီယာ’လို့ ရေးသားခဲ့ပါတယ်။

အခုအချိန်မှာတော့ ပရိသတ်တွေက ဒီဂီယာကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပဏာမလူစာရင်းမှာ ချန်လှပ်ခဲ့တဲ့ လူးဝစ်အင်းနရစ်အပေါ်

ဝေဖန်နေကြပြီး ဒီလောက်အထိ လက်စွမ်းပြနေတဲ့ ဒီဂီယာကို မရွေးချယ်ခဲ့တာက လေးစားမှုမရှိတဲ့လုပ်ရပ်လို့ ပြစ်တင်နေကြပါတယ်။

zawgyi

စပိန္အသင္းနည္းျပ လူးဝစ္အင္းနရစ္ ေနာင္တရစရာျဖစ္ေအာင္ လက္စြမ္းျပခဲ့တဲ့ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ပြဲမွာ လက္စြမ္းျပကာကြယ္မႈေတြလုပ္ခဲ့ၿပီး

စပိန္အသင္းနည္းျပလူးဝစ္အင္းနရစ္ ေနာင္တရစရာျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အင္းနရစ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ပဏာမကစားသမား(၅၅)ဦးစာရင္း ထုတ္ျပန္ခဲ့ၿပီး

ဂိုးသမားေနရာမွာ (၅)ဦးအထိေ႐ြးခ်ယ္ခဲ့ေပမယ့္ ဒီဂီယာကို အံ့အားသင့္စရာ ခ်န္လွပ္ခဲ့ပါတယ္။

ဝက္စ္ဟမ္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီဂီယာဟာ အန္တိုနီယိုရဲ႕ ျပင္းထန္အားပါတဲ့ ကန္ခ်က္ကို ပုတ္ထုတ္ခဲ့ၿပီး

ဇူးမားရဲ႕ အပိုင္ေခါင္းတိုက္ခ်က္တစ္ႀကိမ္နဲ႔ ပြဲၿပီးခါနီးမွာ ဒီကလန္႐ိုက္စ္ ကန္သြင္းခ်က္ကိုလည္း လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာ ယူႏိုက္တက္အတြက္ ဒီဂီယာ ပြဲတိုင္းပါဝင္ကစားခဲ့ၿပီး မိနစ္ေပါင္း(၁၅၃၀)ကစား၊ Clean Sheets (၈)ပြဲရယူခဲ့ပါတယ္။

ဒါ့အျပင္ အခုရာသီအတြင္း ဒီဂီယာရဲ႕ ဂိုးေပါက္ကာကြယ္ႏိုင္မႈက (၂၆)ႀကိမ္အထိရွိခဲ့ၿပီး ရာခိုင္ႏႈန္းနဲ႔ေျပာရင္ (၆၄.၃%)ရွိခဲ့တာပါ။

ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ ယူႏိုက္တက္ဂႏၴဝင္ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ကေတာင္ ဒီဂီယာရဲ႕လက္စြမ္းျပမႈကို ခ်ီးက်ဴခဲ့ရၿပီး

သူ႔ တြစ္တာ မွာ ‘မယုံႏိုင္ေလာက္ေအာင္ေကာင္းတဲ့ . ဒီဂီယာ’လို႔ ေရးသားခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ပရိသတ္ေတြက ဒီဂီယာကို ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ပဏာမလူစာရင္းမွာ ခ်န္လွပ္ခဲ့တဲ့ လူးဝစ္အင္းနရစ္အေပၚ

ေဝဖန္ေနၾကၿပီး ဒီေလာက္အထိ လက္စြမ္းျပေနတဲ့ ဒီဂီယာကို မေ႐ြးခ်ယ္ခဲ့တာက ေလးစားမႈမရွိတဲ့လုပ္ရပ္လို႔ ျပစ္တင္ေနၾကပါတယ္။