





စပိန်ကြယ်ပွင့်ဂါဗီကတော့ ဆယ်ကျော်သက်အမျိုးသမီးငယ်လေးတွေကြားမှာ ရေပန်းစားတဲ့ကိုကို ဖြစ်နေပါတယ်။ ဘလွန်းဒီအော်ဆုပေးပွဲမှာ Kopa Trophy ရရှိထားတဲ့ ဂါဗီဟာ
လွန်ခဲ့တဲ့တစ်နှစ်လောက်က ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုပွဲမှာ သူ့ဆီကို ခပ်ဖြောင့်ဖြောင့် ကောင်မလေးတစ်ယောက်ရောက်လာပြီး စက္ကူလေးတစ်ရွက်ပေးကာ ဖုန်းနံပါတ်တောင်းဆိုနေတဲ့





ဗီဒီယိုကလူမှုကွန်ယက်မှာ ဗိုင်းရပ်စ်လိုပျံ့နှံ့ခဲ့ဖူးပါတယ်။ ခက်တာကတော့ ဂါဗီဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာတဲ့အချိန်အထိ
သူ့ဘောလုံးကန်ဖိနပ်ကိုကြိုးမထိုးတတ်သေးတာပါပဲ။ ကွင်းထဲမှာကစားနေရင်း သူ့ဖိနပ်တွေကြိုးပြေလာချိန်မှာ စပိန်လူငယ်လေးကကြိုးပြန်မချည်ပဲနဲ့ တန်းလန်းထားပြီးလိုက်ကစားခဲ့တာတွေကို
ထူးထူးဆန်းဆန်းမြင်ခဲ့ရတာဖြစ်တယ်။ ပရိသတ်တွေကတော့ ထူးဆန်းတဲ့အမှားရှိနေလိမ့်မယ်လို့ ယူဆခဲ့ကြသလို နောက်ဆုံးမှာတော့ ရိုးရှင်းလွန်းတဲ့အဖြေထွက်လာပါတယ်။





ဂါဗီဟာ ဘောလုံးကန်ဖိနပ်ကြိုးမချည်တတ်တာပါ။ လာမာစီယာကျောင်းထွက်တစ်ယောက်ဖြစ်တဲ့ နီကိုဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ ဂါဗီဖိနပ်ကြိုးချည်ပေးနေရပုံကိုမျှဝေခဲ့ပါသေးတယ်။





“ငယ်ဘဝကတည်းက သူဒီလိုပဲကစားနေတတ်ပါတယ်။ ကြိုးဘယ်လိုထိုးရမလဲမသိလို့ပါ။ ဒါနဲ့ပတ်သတ်လို့ လျစ်လျူရှုပြီး ဒီအတိုင်းပဲဆက်ကစားနေတာပါ” လို့ စပိန်ဂျာနယ်လစ်မာဘာပရက်က
လူမှုကွန်ယက်မှာ ဂါဗီနဲ့ပတ်သတ်တဲ့ အလေ့အထကိုဖွင့်ချလိုက်ပါတယ်။ ကမ္ဘာ့ဖဘာလုံးလောကဇာတ်ခုံပေါ်မှာ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်ဖြစ်လာတဲ့ ဂါဗီအနေနဲ့
ဒီအလေ့အထဆိုးကိုတော့ ပြုပြင်ဖို့လိုအ်ပါနေပါပြီ။





(Zawgyi)





စပိန္အလွပေဂးေတြရဲ႕ အသည္းေက်ာ္ဂါဗီက ေဘာလုံးကန္ဖိနပ္ေတာင္ႀကိဳးမခ်ည္တတ္ေသးဘူး
စပိန္ၾကယ္ပြင့္ဂါဗီကေတာ့ ဆယ္ေက်ာ္သက္အမ်ိဳးသမီးငယ္ေလးေတြၾကားမွာ ေရပန္းစားတဲ့ကိုကို ျဖစ္ေနပါတယ္။ ဘလြန္းဒီေအာ္ဆုေပးပြဲမွာ Kopa Trophy ရရွိထားတဲ့ ဂါဗီဟာ
လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္က ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုပြဲမွာ သူ႔ဆီကို ခပ္ေျဖာင့္ေျဖာင့္ေကာင္မေလးတစ္ေယာက္ေရာက္လာၿပီး စကၠဴေလးတစ္႐ြက္ေပးကာ ဖုန္းနံပါတ္ေတာင္းဆိုေနတဲ့





ဗီဒီယိုကလူမႈကြန္ယက္မွာ ဗိုင္းရပ္စ္လိုပ်ံ႕ႏွံ႔ခဲ့ဖူးပါတယ္။ ခက္တာကေတာ့ ဂါဗီဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ျဖစ္လာတဲ့အခ်ိန္အထိ သူ႔ေဘာလုံးကန္ဖိနပ္ကိုႀကိဳးမထိုးတတ္ေသးတာပါပဲ။
ကြင္းထဲမွာကစားေနရင္း သူ႔ဖိနပ္ေတြႀကိဳးေျပလာခ်ိန္မွာ စပိန္လူငယ္ေလးကႀကိဳးျပန္မခ်ည္ပဲနဲ႔ တန္းလန္းထားၿပီးလိုက္ကစားခဲ့တာေတြကို ထူးထူးဆန္းဆန္းျမင္ခဲ့ရတာျဖစ္တယ္။





ပရိသတ္ေတြကေတာ့ ထူးဆန္းတဲ့အမွားရွိေနလိမ့္မယ္လို႔ ယူဆခဲ့ၾကသလို ေနာက္ဆုံးမွာေတာ့ ႐ိုးရွင္းလြန္းတဲ့အေျဖထြက္လာပါတယ္။ ဂါဗီဟာ ေဘာလုံးကန္ဖိနပ္ႀကိဳးမခ်ည္တတ္တာပါ။
လာမာစီယာေက်ာင္းထြက္တစ္ေယာက္ျဖစ္တဲ့ နီကိုဂြန္ဇာလက္ဇ္ဟာ သူ႔ရဲ႕အင္စတာဂရမ္စာမ်က္ႏွာမွာ ဂါဗီဖိနပ္ႀကိဳးခ်ည္ေပးေနရပုံကိုမွ်ေဝခဲ့ပါေသးတယ္။ “ငယ္ဘဝကတည္းက သူဒီလိုပဲကစားေနတတ္ပါတယ္။
ႀကိဳးဘယ္လိုထိုးရမလဲမသိလို႔ပါ။ ဒါနဲ႔ပတ္သတ္လို႔ လ်စ္လ်ဴရႈၿပီး ဒီအတိုင္းပဲဆက္ကစားေနတာပါ” လို႔ စပိန္ဂ်ာနယ္လစ္မာဘာပရက္က လူမႈကြန္ယက္မွာ ဂါဗီနဲ႔ပတ္သတ္တဲ့ အေလ့အထကိုဖြင့္ခ်လိုက္ပါတယ္။





ကမာၻ႔ဖဘာလုံးေလာကဇာတ္ခုံေပၚမွာ အထြန္းေတာက္ဆုံး လူငယ္ၾကယ္ပြင့္ျဖစ္လာတဲ့ ဂါဗီအေနနဲ႔ ဒီအေလ့အထဆိုးကိုေတာ့ ျပဳျပင္ဖို႔လိုအ္ပါေနပါၿပီ။