စပိန်သားတွေအားလုံးကိုအရန်ခုံထားပြီး ၁၂၁ နှစ်ကြာအစဉ်အလာကို ရီးရဲလ် ချိုးဖျက်

ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာတော့ ရီးရဲလ်အသင်းဟာအံ့အားသင့်စရာ

ကောင်းစွာနဲ့ အစဉ်အလာတစ်ခုကိုချိုးဖျက်ခဲ့တာတွေ့ရပါတယ်။

တော်ဝင်ကလပ်မှာ ၁၂၁ နှစ်ကြာထိန်းသိမ်းလာခဲ့တဲ့

အစဉ်အလာတစ်ခုကို နည်းပြအန်ဆလော့တီက မသိမသာလေး

ချိုးဖျက်လိုက်တာဖြစ်တယ်။ အန်ဆလော့တီရဲ့ပွဲထွက်လူစာရင်းမှာ

စပိန်သားတစ်ယောက်တောင်မပါခဲ့တာက အံ့အားသင့်စရာ

ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းမှာ နာချို၊ အဆန်စီယို၊ ဗယ်လီဂျို၊

ဗက်ဇ်ကွက်ဇ်၊ ဆီဘယ်လော့စ်တို့ရှိပေမဲ့ အန်ဆလော့တီဟာ

စပိန်ကစားသမားအားလုံးကိုအရန်ခုံထားခဲ့တဲ့ ပထမဆုံး

နည်းပြဖြစ်လာခဲ့ပါတယ်။ တော်ဝင်ကလပ်ဟာ သူတို့ကစားခဲ့တဲ့

၄၄၃၆ ပွဲမှာ စပိန်သားတစ်ယောက်ကိုအမြဲတမ်းပွဲထုတ်

ကစားခဲ့တာဖြစ်တယ်။ အန်ဆလော့တီကတော့ ၄-၃-၃

ကစားကွက်ကိုသုံးခဲ့ပြီး ၁၂၁ နှစ်ကြာထိန်းသိမ်းလာတဲ့

အစဉ်အလာတစ်ခုကိုအံ့အားသင့်ဖွယ်ချိုးဖျက်လိုက်တာဖြစ်တယ်။

ဂိုးသမားနေရာမှာ ကော်တိုရစ်၊ နောက်ခံလူတွေအဖြစ်

မီလီတာအို၊ ရူဒီဂါ၊ အလာဘာ၊ မန်ဒီ တို့ပါဝင်ခဲ့ပြီး ကွင်းလယ်မှာ

တိုနီခရူးစ်၊ မိုဒရစ်နဲ့ ချိုအာမန်နီတို့ပါဝင်ခဲ့သလို တိုက်စစ်မှူးတွေ

အဖြစ်တော့ ဘန်ဇီမာ၊ ဗင်နီစီယက်စ်နဲ့ ဗယ်လ်ဗာဒီ တို့

ပွဲထွက်ခွင့်ရခဲ့တာဖြစ်တယ်။ တိုက်ဆိုင်စွာနဲ့ ဗီလာရီးရဲလ်ကို

အရေးနိမ့်ခဲ့တဲ့အတွက် ဇယားထိပ်ဆုံးက ဘာစီလိုနာထက်

တစ်ပွဲပိုကစား ရမှတ်တူနဲ့ အဆင့် ၂ နေရာ ရပ်တည်ထားပါတယ်။

zawgyi

စပိန္သားေတြအားလုံးကိုအရန္ခုံထားၿပီး ၁၂၁ ႏွစ္ၾကာအစဥ္အလာကို ရီးရဲလ္ ခ်ိဳးဖ်က္

ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာေတာ့ ရီးရဲလ္အသင္းဟာအံ့အားသင့္စရာ

ေကာင္းစြာနဲ႔ အစဥ္အလာတစ္ခုကိုခ်ိဳးဖ်က္ခဲ့တာေတြ႕ရပါတယ္။

ေတာ္ဝင္ကလပ္မွာ ၁၂၁ ႏွစ္ၾကာထိန္းသိမ္းလာခဲ့တဲ့

အစဥ္အလာတစ္ခုကို နည္းျပအန္ဆေလာ့တီက မသိမသာေလး

ခ်ိဳးဖ်က္လိုက္တာျဖစ္တယ္။ အန္ဆေလာ့တီရဲ႕ပြဲထြက္လူစာရင္းမွာ

စပိန္သားတစ္ေယာက္ေတာင္မပါခဲ့တာက အံ့အားသင့္စရာ

ျဖစ္ခဲ့ပါတယ္။ ရီးရဲလ္အသင္းမွာ နာခ်ိဳ၊ အဆန္စီယို၊ ဗယ္လီဂ်ိဳ၊

ဗက္ဇ္ကြက္ဇ္၊ ဆီဘယ္ေလာ့စ္တို႔ရွိေပမဲ့ အန္ဆေလာ့တီဟာ

စပိန္ကစားသမားအားလုံးကိုအရန္ခုံထားခဲ့တဲ့ ပထမဆုံး

နည္းျပျဖစ္လာခဲ့ပါတယ္။ ေတာ္ဝင္ကလပ္ဟာ သူတို႔ကစားခဲ့တဲ့

၄၄၃၆ ပြဲမွာ စပိန္သားတစ္ေယာက္ကိုအၿမဲတမ္းပြဲထုတ္

ကစားခဲ့တာျဖစ္တယ္။ အန္ဆေလာ့တီကေတာ့ ၄-၃-၃

ကစားကြက္ကိုသုံးခဲ့ၿပီး ၁၂၁ ႏွစ္ၾကာထိန္းသိမ္းလာတဲ့

အစဥ္အလာတစ္ခုကိုအံ့အားသင့္ဖြယ္ခ်ိဳးဖ်က္လိုက္တာျဖစ္တယ္။

ဂိုးသမားေနရာမွာ ေကာ္တိုရစ္၊ ေနာက္ခံလူေတြအျဖစ္

မီလီတာအို၊ ႐ူဒီဂါ၊ အလာဘာ၊ မန္ဒီ တို႔ပါဝင္ခဲ့ၿပီး ကြင္းလယ္မွာ

တိုနီခ႐ူးစ္၊ မိုဒရစ္နဲ႔ ခ်ိဳအာမန္နီတို႔ပါဝင္ခဲ့သလို တိုက္စစ္မႉးေတြ

အျဖစ္ေတာ့ ဘန္ဇီမာ၊ ဗင္နီစီယက္စ္နဲ႔ ဗယ္လ္ဗာဒီ တို႔

ပြဲထြက္ခြင့္ရခဲ့တာျဖစ္တယ္။ တိုက္ဆိုင္စြာနဲ႔ ဗီလာရီးရဲလ္ကို

အေရးနိမ့္ခဲ့တဲ့အတြက္ ဇယားထိပ္ဆုံးက ဘာစီလိုနာထက္

တစ္ပြဲပိုကစား ရမွတ္တူနဲ႔ အဆင့္ ၂ ေနရာ ရပ္တည္ထားပါတယ္။