စပိန်ရဲ့ Miss Universeလေးကိုလည်းရ၊ အရင်လို လက်စွမ်းတွေပါ ပြန်ရနေတဲ့ ကီပါ

ချဲလ်ဆီးနဲ့ ပလိုင်းမောက်တို့ပွဲမှာချဲလ်ဆီးတို့ တော်တော်လေး ဒုက္ခရောက်ခဲ့ပြီး

ပွဲက အချိန်ပိုအထိကို ရောက်ရှိခဲ့တာပါ။

ချဲလ်ဆီးကလည်း ဒီပွဲမှာ ဂိုးသမား ကီပါ၊ အက်ဇ်ပီလီကွီတာ၊

ခရစ္စတန်ဆန်၊ ရူဒီဂါ၊ မီလန်ဆား၊ မေဆင်မောင့်၊ ဂျော်ဂျင်ဟို၊

ကိုဗာဆစ်၊ ဇီယက်ချ်၊ အိုဒွိုင်း၊ လူကာကူတို့နဲ့အတူ

ပထမအသင်းလူစာရင်း အပြည့်ကို ပွဲထုတ်ခဲ့တာပါ။

လိဂ်ဝမ်းက အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ ချဲလ်ဆီးကတော့

ပွဲကို အပြည့်အဝလွှမ်းမိုးနိုင်ခဲ့ပြီး တစ်ဖက်သတ်ဖိကစားခဲ့ပါတယ်။

ဒါပေမယ့် မထင်မှတ်ဘဲ ပွဲကစားချိန် (၈) မိနစ်မှာ ချဲလ်ဆီးတို့ ဂိုးပေးလိုက်ရပြီး

ပလိုင်းမောက်အတွက် ဟောက်တန်က ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

ချဲလ်ဆီးတို့ ချေပဂိုးရဖို့ ဆက်တိုက်ဖိကစားခဲ့ပေမယ့် မိနစ် (၄၀) ကျမှသာ

ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

မေဆင်မောင့် ဂိုးဧရိယာထဲ ဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို

အက်ဇ်ပီလီကွီတာက လှလှပပပဲ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးဘက်က အလွန်ဆို၊ ဟာဗက်ဇ်၊

ဗာနာတို့ လူစားဝင်ကစားခဲ့ပါတယ်။

ချဲလ်ဆီးတို့ ပွဲပြီးခါနီး ၁၀၅ မိနစ်မှာ ဂိုးထပ်ရခဲ့ပါတယ်။

ဒီထက်ကံကောင်းတာကတော့ ပလိုင်းမောက်အသင်းက ပွဲပြီးခါနီးမှာ

ပင်နယ်တီရခဲ့ပေမယ့် ပင်နယ်တီဆရာကြီး ကီပါက ကာကွယ်နိုင်ခဲ့တာကြောင့်

ပင်နယ်တီအဆုံးအဖြတ်မကန်ရဘဲ နောက်တစ်ဆင့်တက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်၊ စူပါဖလား၊ကွာရာဘောင်ဖလား၊ အက်ဖ်အေဖလားတို့ ရဲ့

ပင်နယ်တီ ဟီးရိုးဖြစ်သူ၊ချဲလ်ဆီးအသင်း သမိုင်းတစ်လျှောက်မှာ

ပင်နယ်တီကာကွယ်မှု အများဆုံးဆိုတဲ့ မှတ်တမ်းကို စိုက်ထူထားတဲ့သူ၊

ပင်နယ်တီ Specialist ဖြစ်ဖို့ မွေးဖွားလာတဲ့ ကီပါက

ရိုးရာမပျက် သွေးအေးအေးနဲ့ ဘောလုံးကို မိအောင်ဖမ်းပြပြီး

အသင်းကို နောက်တစ်ဆင့်ကို ပို့လိုက်ပြန်ပါပြီ။

စပိန်ရဲ့ Miss Universeလေးကိုလည်းရ၊

အရင်လို လက်စွမ်းတွေပါ ပြန်ရနေတဲ့

ကီပါအတွက် ကျယ်လောင်တဲ့ လက်ခုပ်သံ တွေက ထိုက်တန်ပါတယ်။

zawgyi

စပိန္ရဲ႕ Miss Universeေလးကိုလည္းရ၊ အရင္လို လက္စြမ္းေတြပါ ျပန္ရေနတဲ့ ကီပါ

ခ်ဲလ္ဆီးနဲ႔ ပလိုင္းေမာက္တို႔ပြဲမွာခ်ဲလ္ဆီးတို႔ ေတာ္ေတာ္ေလး ဒုကၡေရာက္ခဲ့ၿပီး

ပြဲက အခ်ိန္ပိုအထိကို ေရာက္ရွိခဲ့တာပါ။

ခ်ဲလ္ဆီးကလည္း ဒီပြဲမွာ ဂိုးသမား ကီပါ၊ အက္ဇ္ပီလီကြီတာ၊

ခရစၥတန္ဆန္၊ ႐ူဒီဂါ၊ မီလန္ဆား၊ ေမဆင္ေမာင့္၊ ေဂ်ာ္ဂ်င္ဟို၊

ကိုဗာဆစ္၊ ဇီယက္ခ်္၊ အိုဒြိဳင္း၊ လူကာကူတို႔နဲ႔အတူ

ပထမအသင္းလူစာရင္း အျပည့္ကို ပြဲထုတ္ခဲ့တာပါ။

လိဂ္ဝမ္းက အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရတဲ့ ခ်ဲလ္ဆီးကေတာ့

ပြဲကို အျပည့္အဝလႊမ္းမိုးႏိုင္ခဲ့ၿပီး တစ္ဖက္သတ္ဖိကစားခဲ့ပါတယ္။

ဒါေပမယ့္ မထင္မွတ္ဘဲ ပြဲကစားခ်ိန္ (၈) မိနစ္မွာ ခ်ဲလ္ဆီးတို႔ ဂိုးေပးလိုက္ရၿပီး

ပလိုင္းေမာက္အတြက္ ေဟာက္တန္က ေခါင္းတိုက္သြင္းယူသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးရဖို႔ ဆက္တိုက္ဖိကစားခဲ့ေပမယ့္ မိနစ္ (၄၀) က်မွသာ

ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ေမဆင္ေမာင့္ ဂိုးဧရိယာထဲ ျဖတ္ပို႔ေပးလိုက္တဲ့ ေဘာလုံးကို

အက္ဇ္ပီလီကြီတာက လွလွပပပဲ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးဘက္က အလြန္ဆို၊ ဟာဗက္ဇ္၊

ဗာနာတို႔ လူစားဝင္ကစားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ပြဲၿပီးခါနီး ၁၀၅ မိနစ္မွာ ဂိုးထပ္ရခဲ့ပါတယ္။

ဒီထက္ကံေကာင္းတာကေတာ့ ပလိုင္းေမာက္အသင္းက ပြဲၿပီးခါနီးမွာ

ပင္နယ္တီရခဲ့ေပမယ့္ ပင္နယ္တီဆရာႀကီး ကီပါက ကာကြယ္ႏိုင္ခဲ့တာေၾကာင့္

ပင္နယ္တီအဆုံးအျဖတ္မကန္ရဘဲ ေနာက္တစ္ဆင့္တက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္၊ စူပါဖလား၊ကြာရာေဘာင္ဖလား၊ အက္ဖ္ေအဖလားတို႔ ရဲ႕

ပင္နယ္တီ ဟီး႐ိုးျဖစ္သူ၊ခ်ဲလ္ဆီးအသင္း သမိုင္းတစ္ေလွ်ာက္မွာ

ပင္နယ္တီကာကြယ္မႈ အမ်ားဆုံးဆိုတဲ့ မွတ္တမ္းကို စိုက္ထူထားတဲ့သူ၊

ပင္နယ္တီ Specialist ျဖစ္ဖို႔ ေမြးဖြားလာတဲ့ ကီပါက

႐ိုးရာမပ်က္ ေသြးေအးေအးနဲ႔ ေဘာလုံးကို မိေအာင္ဖမ္းျပၿပီး

အသင္းကို ေနာက္တစ္ဆင့္ကို ပို႔လိုက္ျပန္ပါၿပီ။

စပိန္ရဲ႕ Miss Universeေလးကိုလည္းရ၊

အရင္လို လက္စြမ္းေတြပါ ျပန္ရေနတဲ့

ကီပါအတြက္ က်ယ္ေလာင္တဲ့ လက္ခုပ္သံ ေတြက ထိုက္တန္ပါတယ္။