စပိန်မှာ လွတ်လပ်ပြီးခြေစွမ်းပြန်ပြနေပြီး ဂိုးပါသွင်းလိုက်ပြီဖြစ်တဲ့ မာရှယ်

အန်သိုနီမာရှယ်ဟာ ဆီဗီလာက ဒိုင်နမိုဇာဂရက်ဘ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့

အိမ်ကွင်းယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် ဆီဗီလာအတွက်

ပထမဆုံးဂိုးကိုရရှိသွားသလို ၄ လကျော်ကြာဂိုးပေါက်ပျောက်နေမှုကိုလည်း

အဆုံးသတ်လိုက်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်တုန်းက မန်ယူကနေအငှားနဲ့ရောက်လာတဲ့

မာရှယ်ဟာ ဆီဗီလာအတွက် ၃ ပွဲသာ ကစားရသေးပေမယ့်

ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ တစ်ဂိုးသွင်းထားသူဖြစ်လို့ စပိန်မှာသူဟာ

လွတ်လပ်ပြီးခြေစွမ်းပြန်ပြနေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

သူဟာ အဲလ်ချီနဲ့ပွဲတုန်းကလည်းအသင်းအတွက်

ခြေစွမ်းပြပြီး ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

၁၆ သင်းအဆင့်အတွက် play-off ပထမအကျော့ပွဲအဖြစ်ကစားခဲ့ကြရာမှာ

ဆီဗီလာ ဟာပထမပိုင်းကတည်းက ၃ ဂိုးစလုံးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး

မာရှယ်က တတိယဂိုးကိုရယူပေးခဲ့တာပါ။

ဒီဂိုးဟာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့်ရရှိသွားတာဖြစ်ပြီး

ပါပူဂိုမက်ဇ် ရဲ့ဖန်တီးပေးမှုကနေ မာရှယ်က တည်ငြိမ်စွာနဲ့

အဆုံးသတ်ပေးနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း မာရှယ်ဟာအောက်တိုဘာ ၂ ရက်နေ့နောက်ပိုင်းကတည်းက

ဂိုးပေါက်ပျောက်နေမှုကိုလည်းအဆုံးသတ်နိုင်ခဲ့ပါတယ်။

သူ့သွင်းဂိုးကြောင့် ဆီဗီလာပရိသတ်တွေထက်စာရင်

မန်ယူပရိသတ်တွေကပိုကျေနပ်နေပြီး နွေရာသီမှာအသင်းကိုပြန်လာဖို့

မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

ထုံးစံအတိုင်း တွစ်တာပေါ်မှာသူ့ကိုချီးကျူးမှုတွေလည်း

အများကြီးထွက်ပေါ်လာနေပါတယ်။

တစ်ဦးက” မာရှယ်နဲ့ ဗန်ဒီဘိခ် တို့ကတော့ သူတို့ရဲ့လက်ရှိသက်ဆိုင်ရာ

ကလပ်တွေမှာ ခြေစွမ်းပြနေကြလို့

ကောင်းမွန်တဲ့ဘဝတွေကိုရရှိနေပြီ” လို့ရေးခဲ့ပါတယ်။

နောက်တစ်ယောက်က” ဆီဗီလာအတွက် မာရှယ်ဂိုးသွင်းလိုက်ပြီကွ။

နွေရာသီမှာသူအသင်းကိုပြန်လာဖို့အရေး မစောင့်နိုင်တော့ဘူး” ဆိုပြီးပို့စ်တင်ပါတယ်။

နောက်တစ်ယောက်ကလည်း” စီရော်နယ်ဒိုနဲ့ ကာဗာနီ တို့ကစားရဖို့

မာရှယ်ကိုအငှားချခဲ့တဲ့ မန်ယူ” လို့ဆိုပြန်ပါတယ်။

ဒါပေမယ့်လည်း မန်ယူပရိသတ်အချို့ကတော့ မာရှယ်ကို မကျေနပ်ကြဘဲ

အသင်းမှာကြိုးစားဖို့ဆန္ဒမရှိဘဲ အငှားထွက်ခွင့်တောင်းခဲ့တာကို

ဒေါသတကြီးနဲ့တုံ့ပြန်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

zawgyi

စပိန္မွာ လြတ္လပ္ၿပီးေျခစြမ္းျပန္ျပေနၿပီး ဂိုးပါသြင္းလိုက္ၿပီျဖစ္တဲ့ မာရွယ္

အန္သိုနီမာရွယ္ဟာ ဆီဗီလာက ဒိုင္နမိုဇာဂရက္ဘ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့

အိမ္ကြင္းယူ႐ိုပါလိဂ္ပြဲစဥ္မွာ ဂိုးသြင္းၿပီးေနာက္ ဆီဗီလာအတြက္

ပထမဆုံးဂိုးကိုရရွိသြားသလို ၄ လေက်ာ္ၾကာဂိုးေပါက္ေပ်ာက္ေနမႈကိုလည္း

အဆုံးသတ္လိုက္ႏိုင္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္တုန္းက မန္ယူကေနအငွားနဲ႔ေရာက္လာတဲ့

မာရွယ္ဟာ ဆီဗီလာအတြက္ ၃ ပြဲသာ ကစားရေသးေပမယ့္

ဂိုးဖန္တီးမႈ ၂ ႀကိမ္နဲ႔ တစ္ဂိုးသြင္းထားသူျဖစ္လို႔ စပိန္မွာသူဟာ

လြတ္လပ္ၿပီးေျခစြမ္းျပန္ျပေနတယ္လို႔ ယူဆရမွာျဖစ္ပါတယ္။

သူဟာ အဲလ္ခ်ီနဲ႔ပြဲတုန္းကလည္းအသင္းအတြက္

ေျခစြမ္းျပၿပီး ၂ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။

၁၆ သင္းအဆင့္အတြက္ play-off ပထမအေက်ာ့ပြဲအျဖစ္ကစားခဲ့ၾကရာမွာ

ဆီဗီလာ ဟာပထမပိုင္းကတည္းက ၃ ဂိုးစလုံးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး

မာရွယ္က တတိယဂိုးကိုရယူေပးခဲ့တာပါ။

ဒီဂိုးဟာ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ရရွိသြားတာျဖစ္ၿပီး

ပါပူဂိုမက္ဇ္ ရဲ႕ဖန္တီးေပးမႈကေန မာရွယ္က တည္ၿငိမ္စြာနဲ႔

အဆုံးသတ္ေပးႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း မာရွယ္ဟာေအာက္တိုဘာ ၂ ရက္ေန႔ေနာက္ပိုင္းကတည္းက

ဂိုးေပါက္ေပ်ာက္ေနမႈကိုလည္းအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

သူ႔သြင္းဂိုးေၾကာင့္ ဆီဗီလာပရိသတ္ေတြထက္စာရင္

မန္ယူပရိသတ္ေတြကပိုေက်နပ္ေနၿပီး ေႏြရာသီမွာအသင္းကိုျပန္လာဖို႔

ေမွ်ာ္လင့္ေနၾကတယ္လို႔လည္း သိရပါတယ္။

ထုံးစံအတိုင္း တြစ္တာေပၚမွာသူ႔ကိုခ်ီးက်ဴးမႈေတြလည္း

အမ်ားႀကီးထြက္ေပၚလာေနပါတယ္။

တစ္ဦးက” မာရွယ္နဲ႔ ဗန္ဒီဘိခ္ တို႔ကေတာ့ သူတို႔ရဲ႕လက္ရွိသက္ဆိုင္ရာ

ကလပ္ေတြမွာ ေျခစြမ္းျပေနၾကလို႔

ေကာင္းမြန္တဲ့ဘဝေတြကိုရရွိေနၿပီ” လို႔ေရးခဲ့ပါတယ္။

ေနာက္တစ္ေယာက္က” ဆီဗီလာအတြက္ မာရွယ္ဂိုးသြင္းလိုက္ၿပီကြ။

ေႏြရာသီမွာသူအသင္းကိုျပန္လာဖို႔အေရး မေစာင့္ႏိုင္ေတာ့ဘူး” ဆိုၿပီးပို႔စ္တင္ပါတယ္။

ေနာက္တစ္ေယာက္ကလည္း” စီေရာ္နယ္ဒိုနဲ႔ ကာဗာနီ တို႔ကစားရဖို႔

မာရွယ္ကိုအငွားခ်ခဲ့တဲ့ မန္ယူ” လို႔ဆိုျပန္ပါတယ္။

ဒါေပမယ့္လည္း မန္ယူပရိသတ္အခ်ိဳ႕ကေတာ့ မာရွယ္ကို မေက်နပ္ၾကဘဲ

အသင္းမွာႀကိဳးစားဖို႔ဆႏၵမရွိဘဲ အငွားထြက္ခြင့္ေတာင္းခဲ့တာကို

ေဒါသတႀကီးနဲ႔တုံ႔ျပန္ေနၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။